Podcasts by Category

ညပိုင်း ၉း၀၀-၁၀း၀၀ - ဗွီအိုအေ

ညပိုင်း ၉း၀၀-၁၀း၀၀ - ဗွီအိုအေ

ဗွီအိုအေ

အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၁၄၃၀ ၊ မြန်မာစံတော်ချိန် ည ၉ နာရီကနေ ၁၀ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။

3131 - ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၄၊ ၂၀၂၄) - ဧပြီ ၂၄, ၂၀၂၄
0:00 / 0:00
1x
  • 3131 - ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၄၊ ၂၀၂၄) - ဧပြီ ၂၄, ၂၀၂၄

    မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးဖို့ ထိုင်းအစိုးရအဆိုပြု၊ ယူကရိန်းနဲ့ ပြည်ပအကူအညီပေးရေး ဥပဒေကြမ်း ကန်အထက်လွှတ်တော်အတည်ပြု စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။

    Wed, 24 Apr 2024 - 59min
  • 3130 - ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၃ ရက်၊​၂၀၂၃)​ - ဧပြီ ၂၃, ၂၀၂၄

    မြဝတီတိုက်ပွဲကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ထိုင်းမှာ ဆေးကုသမှုခံယူ၊ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ဖို့ အနောက်တိုင်းသံတမန်တွေ တောင်းဆို စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

    Tue, 23 Apr 2024 - 59min
  • 3129 - ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၂၊ ၂၀၂၄) - ဧပြီ ၂၂, ၂၀၂၄

    အီရန်သမ္မတရဲ့ ပါကစ္စတန်ခရီးစဥ်၊ ဗန်းမော်နားရောက်လာတဲ့ KIAနဲ့ ပူးပေါင်းတပ်တွေကို စစ်ကောင်စီ ခုခံနေတာ၊ မြ၀တီတိုက်ပွဲအရှိန်ကျလာတဲ့အတွက် မြန်မာစစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန် စတဲ့သတင်းတွေအပြင် PNFC ဥက္ကဌ ခွန်မြင့်ထွန်းနဲ့ တွေ့ဆုံမေးမြန်းခန်း နဲ့ အပတ်စဥ်တွေကို တင်ဆက်ထားပါတယ်။

    Mon, 22 Apr 2024 - 59min
  • 3128 - ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၁၊ ၊ ၂၀၂၄) - ဧပြီ ၂၁, ၂၀၂၄

    မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက် ထွက်ပြေးလာသူ ၃၀၀၀ ခန့်ရှိ၊ ကန်အောက်လွှတ်တော် ပြည်ပအကူအညီပေးရေး ဥပဒေကြမ်း ယူကရိန်းကြိုဆို စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။

    Sun, 21 Apr 2024 - 1h 00min
  • 3127 - ဗွီအိုအေ မြန်မာညချမ်း၊ ဧပြီ ၂၀၊ ၂၀၂၄ - ဧပြီ ၂၀, ၂၀၂၄

    မြဝတီတိုက်ပွဲ ကျည်တချို့ ထိုင်းဘက်ကျ၊ မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ပြေးသူ ထောင်ကျော်ရှိ၊ ဧရာမလို့ဆိုတဲ့ ပဲ့ထိန်းဒုံး မြောက်ကိုရီးယားစမ်းသပ်၊ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။

    Sat, 20 Apr 2024 - 59min
Show More Episodes