Filtrer par genre

Z-Lann

Z-Lann

Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

662 - ကွမ်တုံပြည်နယ် မှစတင်ပေါ်ပေါက်ဆင်းသက်လာတဲ့ “ဒင်းဆမ်း” ယဉ်ကျေးမှု
0:00 / 0:00
1x
  • 662 - ကွမ်တုံပြည်နယ် မှစတင်ပေါ်ပေါက်ဆင်းသက်လာတဲ့ “ဒင်းဆမ်း” ယဉ်ကျေးမှု

    "နှလုံးသားရဲ့ အထိအတွေ့" လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့ "ဒင်းဆမ်း" ဆိုတဲ့အစားအစာလေးဟာ တစ်ကမ္ဘာလုံးရှိ လူအတော်များများ နှစ်သက်မြတ်နိုးစွာ သုံးဆောင်ကြတဲ့ အစားအစာလေးတစ်မျိုးဖြစ်ပါတယ်။ "ဒင်းဆမ်း" စားသုံးတဲ့ ယဉ်ကျေးမှုဟာ တစ်ကမ္ဘာပျံ့နှံ့ပေါက်ရောက်ခဲ့ပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာလည်း စားသောက်ဆိုင်အတော်များများမှာ ခပ်စိပ်စိပ်တွေ့လာရပြီး လူတွေအစားများတဲ့ အစားအစာတစ်မျိုးအဖြစ် ရှိလို့နေပါတယ်။ အခု Z-Lann ဇာတ်လမ်းက တင်ဆက်မဲ့ "အတူကွဲပြား ဒေသအစားအစာများ" အစီအစဉ်မှာတော့ လူတွေအလွန်ကြိုက်နှစ်သက်ကြတဲ့ "ဒင်းဆမ်း" ရဲ့ အကြောင်းလေးကို စုံစုံလင်လင်တင်ဆက်ပေးသွားမှာဖြစ်လို့ "ဒင်းဆမ်း"နဲ့ အစားအစာလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တို့ ကြည့်ရှုနားဆင်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ =========================================== ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨ YouTube ❤: https://www.youtube.com/@zlann_podcast Podcast ❤: https://podcasters.spotify.com/pod/show/z-lann Facebook Group ❤ :https://www.facebook.com/groups/zlann/

    #ZLann #ZLann_Podcast #မတူကွဲပြားဒေသအစားအစာများ #Dim-Sum #ဒင်းဆမ်း #ကွမ်တုံ

    Tue, 14 May 2024 - 03min
  • 661 - နဂါးလှေလှော်ပွဲဖြစ်ပေါ်လာပုံနဲ့ ဆက်စပ်နေတဲ့ တရုတ်ရိုးရာကောက်ညှင်းထုပ်

    မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ ကောက်ညှင်းထုပ်ဟာ တရုတ်နိုင်ငံကစတင်ပေါ်ပေါက်လာခဲ့တယ်ဆိုတာ လူတိုင်းအသိပဲဖြစ်ပါတယ်။ ကောက်ညှင်းထုပ်ဟာ အဆာပြေစားဖို့အတွက် အလွန်သင့်တော်ပြီး ဗိုက်လည်းပြည့်စေတဲ့အစားအစာတစ်မျိုးဖြစ်ပြီးတော့ တစ်ချို့သော မြန်မာမုန့်များနှင့်လည်း ဆင်တူနေတာကိုတွေ့ရမှာပါ။ဒီကောက်ညှင်းထုပ်လေး ပေါ်ပေါက်လာခဲ့တာက အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့နောက်ခံသမိုင်းကြောင်းတစ်ခုရှိနေပြီး တရုတ်လူမျိုးတို့နှစ်စဉ်ကျင်းပလေ့ရှိကြတဲ့ နဂါးလှေလှော်ပြိုင်ပွဲဖြစ်ပေါ်လာပုံနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။ ဒါကြောင့်မို့ Z-Lann ဇာတ်လမ်းကနေ ယနေ့တင်ဆက်ပေးမဲ့ "မတူကွဲပြားဒေသ အစားအစာများ" အစီအစဉ်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောက်ညှင်းထုပ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့ ‌ပြုလုပ်ပုံအဆင့်ဆင့်‌တင်ဆက်ပေးမှာဖြစ်တာကြောင့် အစားအစာတွေကို နှစ်သက်ချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

    ===============================================

    ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

    YouTube : https://www.youtube.com/@zlann_podcast

    Podcast : https://podcasters.spotify.com/pod/show/z-lann

    Facebook Group : https://www.facebook.com/groups/zlann/

    #ZLann #ZLann_Podcast #မတူကွဲပြားဒေသအစားအစာများ

    #ကောက်ညှင်းထုပ် #တရုတ်ရိုးရာ #အစားအစာ

    Mon, 13 May 2024 - 05min
  • 660 - ‘‘ပါရီနဲ့ ထူးဆန်းထွေလာ ပြတိုက်ကမ္ဘာ’’

    ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဟာ ခမ်းနားကြီးကျယ်မှုများနှင့်အတူ ယဉ်ကျေးမှုအနုသုခုမများ ပေါကြွယ်ဝတဲ့နိုင်ငံများထဲကတစ်ခုဖြစ်ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ ယဉ်ကျေးမှုအနုသုခုမလက်ရာ ပေါကြွယ်ဝမှုများသာမက ကမ္ဘာ့ထိပ်တန်းလွှာ ဇိမ်ခံကုန်ပစ္စည်းများ ထွက်ရှိရာနိုင်ငံကြီးတစ်ခုလည်းဖြစ်ပါတယ်။ပြင်သစ်ဆိုတဲ့ အမည်နာမရဲ့နောက်မှာ အလွန်တန်ဖိုးကြီးလှတဲ့ ဇိမ်ခံပစ္စည်းတွေ၊ နာမည်ကြီး ဝိုင်တွေ၊ ရေမွှေးတွေနဲ့ ပြင်သစ်ရဲ့ နာမည်ကျော် ဟာသမျက်လှည့်ပညာတို့ကို တစ်ပါတည်း တွဲမြင်ကြမှာပါ။ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ အစီအစဉ်မှာတော့ ပြင်သစ်နိုင်ငံက ကမ္ဘာကျော်ဟာသမျက်လှည့်၊ ဝိုင်၊ ရေမွှေးတွေအကြောင်း ကြည့်ရှုလေ့လာနိုင်မဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ထူးဆန်းတဲ့ပြတိုက်တွေအကြောင်းကို ပြောပြတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီပြတိုက်တွေထဲမှာ ဘယ်လိုစိတ်ဝင်စားဖွယ်အရာတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေမလဲဆိုတာကို Z-Lann ဇာတ်လမ်း မှ တင်ဆက်ထားတဲ့ ‘‘နိုင်ငံ့ရတနာတို့ ခိုလှုံရာ’’ အစီအစဉ်နဲ့အတူ ပရိသတ်လိုက်ပါလေ့လာနိုင်ဖို့ ခေါ်ဆောင်သွားပါရစေ။ ။

    ==========================================

    ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

    YouTube : https://www.youtube.com/@zlann_podcast

    Podcast https://podcasters.spotify.com/pod/show/z-lann

    Facebook Group https://www.facebook.com/groups/zlann/

    #ZLann #ZLann_Podcast #နိုင်ငံ့ရတနာတို့ခိုလှုံရာ

    #ပြင်သစ် #ပါရီ #ပြတိုက် #ရေမွှေး #ဝိုင်

    Sat, 11 May 2024 - 07min
  • 659 - စစ်ကိုင်းကားလမ်းမကြီးပေါ်က ခိုတောင်ရွာကလေးရဲ့ အမှတ်သညာ "ခိုတောင်မုန့်တီ"

    မြန်မာလူမျိုးတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ မြန်မာ့ရိုးရာအစားအစာတွေက စတင်ပေါ်ထွန်းရာ ဇာတိချက်ကြွေမွေးရပ်မြေ အမည်နာမများကိုအစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ထို့အတူ "ခိုတောင်မုန့်တီ" ဆိုတာဟာလည်း မန္တလေးမြို့၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ကိုင်းမင်းကွန်း ကားလမ်းပေါ် မှာရှိတဲ့ ခိုတောင်ဆိုတဲ့ရွာကလေးကို အစွဲပြုပြီးခေါ်ဝေါ်ကြတဲ့ အရသာထူးကဲလွန်းလှတဲ့ မုန့်တီသုပ်တစ်မျိုးဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီတစ်ခေါက် တင်ဆက်ပေးသွားမဲ့ "မတူကွဲပြားဒေသအစားအစာများ" အစီအစဉ်မှာတော့ "ခိုတောင်မုန့်တီ" ရဲ့ ဖြစ်ပေါ်လာပုံ မူလအစသမိုင်းကြောင်းနဲ့အတူ "ခိုတောင်မုန့်တီ" ပြုလုပ်နည်းကိုပါတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် လိုက်ပါကြည့်ရှုလိုက်ပါဦးနော် ပရိသတ်ကြီးတို့ရေ။===============================================

    ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

    YouTube : https://www.youtube.com/@zlann_podcast

    Podcast https://podcasters.spotify.com/pod/show/z-lann

    Facebook Group https://www.facebook.com/groups/zlann/

    #ZLann #ZLann_Podcast #မတူကွဲပြားဒေသအစားအစာများ

    #ခိုတောင်ရွာ #ခိုတောင်မုန့်တီ #စစ်ကိုင်း #မြန်မာ့ရိုးရာစားစရာ

    Tue, 07 May 2024 - 05min
  • 658 - ‘‘ဒေလီမှ ပြတိုက်’’

    နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့တဲ့ ယဉ်ကျေးမှုသမိုင်းလက်ကျန်အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ပြတိုက်များတည်ရှိမှုက အဓိကအက္ခရာဖြစ်ပါတယ်။ အမွေအနှစ်ပစ္စည်းများ နောင်နှစ်ပေါင်းများစွာတိုင်အောင် မပျောက်မပျက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် ပြတိုက်များကိုလည်း တည်မြဲအောင်ထိန်းသိမ်းနိုင်ဖို့လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်လို့ဆိုရာမှာ ယဉ်ကျေးမှုအစဉ်အလာ လွန်စွာကြီးမားခဲ့ ၊ ကြီးမားမြဲဖြစ်သည့် အိန္ဒိယနိုင်ငံကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ဒီတစ်ခေါက်တင်ဆက်ပေးသွားမည့် "နိုင်ငံရတနာတို့ခိုလှုံရာ" အစီအစဉ်မှာတော့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာရှိတဲ့ ပြတိုက်တစ်ချို့ရဲ့အကြောင်း ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီပြတိုက်များဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်ရာနေရာတွေထဲက တစ်မျိုးအပါအဝင်လည်းဖြစ်ပါတယ်။ အဲဒီလို ဆွဲဆောင်မှုရှိတဲ့ ပြတိုက်တွေကတစ်ဆင့် အိန္ဒိယနိုင်ငံသမိုင်းကြောင်းကို သိရှိနားလည်နိုင်မှာဖြစ်တာကြောင့် ပရိသတ်တွေကို ဒီအစီအစဉ်ကနေ တစ်ဆင့်ခေါ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။==========================================

    ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

    YouTube : https://www.youtube.com/@zlann_podcast

    Podcast : https://podcasters.spotify.com/pod/show/z-lann

    Facebook Group : https://www.facebook.com/groups/zlann/

    #ZLann #ZLann_Podcast #နိုင်ငံ့ရတနာတို့ခိုလှုံရာ #အိန္ဒိယ #ယဉ်ကျေးမှုအမွေအနှစ် #ပြတိုက်

    Mon, 06 May 2024 - 07min
Afficher plus d'ĂŠpisodes