Nach Genre filtern

ညိုကီ FM

ညိုကီ FM

BurmaPodcastNetwork

Sammy , Franky , Bradley ဆိုတဲ့ ညိုကီသုံးဖော်ရဲ့ ရန်ကုန်မြို့ဘီယာဆိုင်ည စကားဝိုင်းတွေကို တမ်းတရင်း ဖန်တီးဖြစ်သော Podcast ပဲဖြစ်ပါတယ်။ Official Disclaimer : ယခု Podcast သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း၊ ပညာပေး ဝါဒဖြန့်လိုခြင်း မရှိပါ။ ဘီယာဝိုင်းမှ စကားများသာဖြစ်သည့်အတွက် ပါဝင်သောအကြောင်းရာများကို နားထောင်သူ မိတ်ဆွေတို့ စိစစ်သုံးသပ်ပြီးမှသာ ယုံကြည်ကြရန် အလွန်အရေးကြီးပါသည်။ ယခု Podcast ပါ ညိုကီ သုံးဖော်သည် (ယခုဘဝ) ၌ အပူဇော်ခံလိုခြင်း အလျှင်း မရှိပါကြောင်း​။

14 - Special_EP: Youth of Myanmar - A Conversation with the EU Head of Myanmar
0:00 / 0:00
1x
  • 14 - Special_EP: Youth of Myanmar - A Conversation with the EU Head of Myanmar

    မြန်မာနိုင်ငံဆိုင်ရာ EU အကြီးအကဲနှင့် လူငယ့်အရေး စကားဝိုင်း


    မြန်မာပြည်လူငယ်တွေဟာ စစ်မှုထမ်းလည်းကြောက်ရ၊ ယုံကြည်ရာအတွက် ရှေ့တန်းကတုတ်ကျင်းတွေမှာ ပေးဆပ်ရ၊ နိုင်ငံတကာမှာလည်း မြန်မာလူငယ်ဆို ဗီဇာသက်တန်းတိုးရင်း ဘဝအချိန်တွေ ကုန်နေကြရတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ ဘာအကူညီတွေပေးနိုင်ပါသလဲလို့ မေးဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအကြီးအကဲ မစ္စတာ Marc Fiedrich ရဲ့ အဖြေကိုတော့ မိတ်ဆွေတို့ပဲ Podcast မှာ နားထောင်ကြည့်ပြီး Comment မှာ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။


    Myanmar youth are facing serious pressures today. Fear of conscription, sacrifices on the frontlines, and long years spent abroad struggling with uncertain visa status.We asked what support the European Union can provide in response.To hear the answer from Mr. Marc Fiedrich, Head of the EU Delegation to Myanmar, listen to the podcast and join the discussion in the comments.

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    Sat, 11 Apr 2026 - 41min
  • 13 - EP 012: ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ

    Oldies Classic လူငယ် ဂီတသမား - ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း

    တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။​ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အသစ်တစ်ခုကို ညိုကီ FM နားဆင်သူတွေဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူငယ်ဂီတသမားတစ်ဦးရဲ့ ရုန်းကန်မှုတွေနဲ့အတူ Blues, Rock & Roll နဲ့ Jazz သီချင်းအသစ်တွေကို ခံစားနားဆင်ရမှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဂီတညချမ်းအဖြစ် ခံစားနိုင်ကြပါစေ။


    Chapters:

    (0:00:00) Highlight

    (0:01:24) ညိုကီနဲ့ မိတ်ဆက်

    (0:03:38) ဘယ်ကနေစ

    (0:07:23) လွှမ်းမိုးမှုရှိခဲ့တဲ့ ဂီတအမျိုးအစားနဲ့ Artists

    (0:24:23) Folk song အကြောင်း နားလည်သလောက်

    (0:25:41) Album အသစ်အကြောင်း

    (0:31:43) “Motorcycle” သီချင်းအကြောင်း

    (0:36:10) “ရေလှိုင်းပုံပြင်” သီချင်းအကြောင်း

    (0:38:33)“မုသားချို” သီချင်းအကြောင်း

    (0:44:23) “ရည်းစားလေး” သီချင်းအကြောင်း

    (0:47:35) “Chiang Mai” သီချင်းအကြောင်း

    (0:49:09) ရလဒ်တွေက စိတ်ခံစားမှုပေါ်သက်ရောက်မှုရှိလား

    (0:51:21) Music ဖန်တီးပြီး ဘဝကို ရပ်တည်လို့ရနေလား

    (0:52:38) “စန်း” ဆိုတာကို ယုံလား

    (0:53:56) Album Title “သုခချမ်းသာ” သီချင်းအကြောင်း

    (1:03:46) Bonus Track

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    Sat, 01 Nov 2025 - 1h 05min
  • 12 - EP 011: ညိုကီဆက်လျှောက်

    “ညိုကီ x ဆက်လျှောက်” လာပါပြီ။

    "ကျွန်တော့်ခြေထောက်က ညာဘက်ပြတ်တာ "ဆက်လျှောက်" Logo က ဘယ်ခြေတုပုံ...ကျွန်တော့် တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ အခြား ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေအားလုံးကိုကိုယ်စားပြုတယ်။"

    လေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ဆက်လျှောက်နေတဲ့ ညိုကီ ကျီးကန်း အကြောင်းကို Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။

    Disclaimer: ယခုအပိုင်းတွင် Suicide နှင့်ပတ်သက်သည့်ကိစ္စရပ်များပါဝင်ပါသည်။

    #burmapodcastnetwork #myanmarpodcast #NyoKiFM

    Sat, 26 Jul 2025 - 1h 08min
  • 11 - Special_EP: From Bangkok to Mae Tao Clinic

    ရွှေ့ပြောင်းမြန်မာများအတွက် ကီလို ၅၀၀ လမ်းလျှောက်ခဲ့သူ စင်္ကာပူလူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း

    Jeshua ဆိုတဲ့ စင်္ကာပူနိုင်ငံသား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့ကနေ တက်ခ်ခရိုင် မဲဆောက်မြို့ကို ခရီးထွက်လာပါတယ်။ ထူးဆန်းတာက ခြေလျင်ခရီးဖြစ်ပါတယ်။ ရာသီဥတုက March လကြီး ဖြစ်တဲ့အလျောက် အပူချိန်အတော်မြင့်သလို ခရီးစဥ်ဟာ စုစုပေါင်း 500 Kilometer ဖြစ်ပြီး ၁၂ ရက် နဲ့ နေ့တစ်ပိုင်း အချိန်ကြာ လျှောက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က မယ်တော်ဆေးခန်းလို့ လူသိများကြတဲ့ (Mae Tao Clinic) အတွက် စင်္ကာပူဒေါ်လာ ၁ သိန်းခွဲ မတည်လှူဒါန်းနိုင်ဖို့ Fund Raise လုပ်ခဲ့တဲ့ခရီးစဥ်ဖြစ်ပါတယ်။ Burma Podcast Network အနေနဲ့ Jeshua နဲ့ စကားစမြည် ပြောခဲ့တဲ့ ထဲက အချို့ကို Special Episode တစ်ခုအနေနဲ့ ထုတ်နုတ်တင်ဆက်လိုက်ရပါတယ်။ ယခု Podcast ကို English ဘာသာဖြင့် တင်ဆက်ထားပါသည်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    Sat, 14 Jun 2025 - 23min
  • 10 - EP 005: ဂြိုလ်သား၊ ဝိပသနာ နှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း

    စံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တော့အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။

    ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုလ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။

    BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊ မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားတက်ဖွယ် တင်ဆက်နေပါတယ်။

    YouTube, Facebook, Spotify, Apple Podcasts စတဲ့ Platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။

    နှစ်ခြိုက်သည်ရှိသော် Like, Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံ့ပိုးနိုင်ပါသည်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    Wed, 12 Jun 2024 - 1h 17min
Weitere Folgen anzeigen