Filtra per genere
- 96 - လင်းနီညို - မိုးSat, 22 Jun 2024 - 22min
- 95 - ဆူးနွယ် - ဒီတပုဒ်က ဖတ်ပြဖို့Sat, 22 Jun 2024 - 02min
- 94 - ဆပ်ရိပ် - Conversation ETue, 01 Mar 2022 - 07min
- 93 - မိုးရဲ - ကိုယ်တို့မှာ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်မပေးနိုင်တော့လောက်အောင် အဆိုးမြင်စိတ်တွေများနေခဲ့
ကဗျာဆရာ မိုးရဲ၏ "ကိုယ်တို့မှာ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်မပေးနိုင်တော့လောက်အောင် အဆိုးမြင်စိတ်တွေ များနေခဲ့မယ်ဆိုရင်" ကဗျာ
Mon, 28 Feb 2022 - 03min - 92 - ဟံလင်း - ပက်လက်ကုလားထိုင်Fri, 11 Feb 2022 - 03min
- 91 - မိုးဝေး - ဆံနွယ်တခု၏အလျားFri, 11 Feb 2022 - 06min
- 90 - ကိုအောင် - သိဖို့မလိုတဲ့ကိစ္စFri, 04 Feb 2022 - 02min
- 89 - မိုးဝေး - ဘဝထဲ ဆောင်းရောက်လာပုံညများ ပြောပါတယ်Fri, 28 Jan 2022 - 01min
- 88 - သူရိန်လူလေး - ကျောက်တော်ကြီးက မောင်သိပ်ချစ်တဲ့မမMon, 10 Jan 2022 - 04min
- 87 - ဟံလင်း - လက်သည်းလေးများMon, 10 Jan 2022 - 08min
- 86 - ဆူးနွယ် - Anti Gravity မှ ငှက်လူတို့၏ လွှမ်းမိုးမှုများThu, 30 Dec 2021 - 03min
- 85 - နေမျိုးဆက်လူ - ငါပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်Thu, 30 Dec 2021 - 02min
- 84 - ကိုအောင် - ငါ့အတွင်းက သူရဲကောင်းမိန်းမအတွက် ဆင်ခြေ
ငါ့အတွင်းမှာ မိန်းမတစ်ယောက်ရှိတယ်။ အဲ့ဒီမိန်းမ ခိုင်းစေတာမှန်သမျှ ငါအကုန်လုပ်တယ်။ စစ်အတွင်းကခရီးသည်စာအုပ်ကို ငါမရေးခဲ့ပေမဲ့ ထိုင်းကျောင်းသားတွေဘက်က နေခဲ့တယ်။ စစ်ပွဲကို ငါတစ်ယောက်တည်းနဲ့ နိုင်အောင်မတိုက်နိုင်ပေမဲ့ မြဝတီသတင်းကိုတော့ ရီမုတ်လိုက်ရှာပြီး ပိတ်ပစ်လိုက်နိုင်တယ်။ ဘယ်သူလက်ဆော့ထားမှန်းမသိတဲ့ ရီမုတ်ဓါတ်ခဲတွေကို ငါပြန်ထည့်ရချိန်တိုင်း စိတ်ပျက်ပေမဲ့လည်းပေါ့။ သစ်ပင်ထိပ်ဖျားကို ငါတက်ကြည့်တဲ့အခါ စစ်သားခေါင်းတွေ အနာဂတ်မြင်ကွင်းရှေ့ ပိတ်ကွယ်နေခဲ့။ ဒါပေမဲ့ လူအုပ်ကြီးနောက်လိုက်တဲ့အခါ ကျင်ငယ်စွန့်ချင်တဲ့ ငါ့ဝေဒနာကို အဓိကထားမိတာ။ မင်းအတွက်တော့ ဘာအရေးလဲ၊ ဆန္ဒပြပွဲတွေနောက်ခံထားပြီး မင်းငါ့ကိုချွတ်နေခဲ့တာ။ အဲ့ဒီလို စိမ်းစိမ်းကြီး မကြည့်နဲ့ကွာလို့ ငါတားပေမဲ့ မင်းမရတော့ဘူး။ အိမ်တံခါးကို အင်တာနက်ဖြတ်ထားတဲ့ ညအချိန်မတော် လာလာဆောင့်ကန်နေတဲ့ စစ်ခြေထောက်တွေလို ကုတင်ပေါ် မင်းအားကုန်ကြုံး၊ ငါ့မှာ ကြောက်စိတ်နဲ့ အိမ်ထဲမှာလူမရှိသလို ပုန်းနေခဲ့။ နောက်မှ သတိရပြီး ငါရှက်ရ။ မင်းနှုတ်ခမ်းက စူးစူးဝါးဝါးအော်ဟစ်ပုံ။ တိုက်အောက်ကစစ်သားတွေ ကြားသွားမလား ငါအလန့်တကြား ပါးစပ်ပြေးပိတ်ထား၊ အော်ဂစ်ဆန်ရပြီးတာနဲ့ မင်းထွက်သွားတယ်။ ငါထပြေးပေမဲ့ စစ်ကားတွေ ငါတို့နှစ်ယောက်ကြား ရာစုနှစ်များစွာခြားနား။ ငါရုတ်တရက် လမ်းပေါ်က လူအုပ်ကြီးနောက်ပဲ ထလိုက်သွားရမလား၊ ငါတို့ချစ်တင်းနှောတာကအစ ချောင်းကြည့်နေမဲ့ ခေတ်တစ်ခေတ်စီ ပြန်လိုက်သွားရမလား။ မင်းဟာ ငါ့အမေဆိုတာ တကယ်ပဲလား။ စစ်အာဏာသိမ်းမှုတွေ ကိုယ့်ဘဝတစ်ခုထဲ မလွဲမသွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာ။ ငါတို့မပြောဘဲ သိနေခဲ့ကြတာက ငါ့အဖေက ဟေရာကလိုက်တပ်စ်ရဲ့ မြစ်မဟုတ်ခဲ့တာ။ မင်းပြောသလို နယူတန်ရဲ့ပန်းသီး မဟုတ်ခဲ့တာ။ ငါ့အမေ့ရဲ့ဆင်ဝင်အောက်က ဧည့်လာဂမုန်းက သူမဟုတ်ခဲ့တာ။ အမေဟာ ဝါးဆစ်ဘူးကို အပေါက်ဖောက်ပြီး ကြေးနန်းဆက်သွယ်ချက်တွေ ပေးပေမဲ့ သူမကြားခဲ့တာ၊ အခုမင်းနဲ့ငါ့လို၊ ဆာဘီနာ့ဦးထုပ်ရဲ့အဓိပ္ပါယ်လို။ အမေချက်တဲ့ ငါးဟင်းကို သူမကြိုက်ခဲ့တာ။ အဲ့ဒီအစား သူက ဒါဝင်ရဲ့မျောက်တစ်ကောင်ဖြစ်ခဲ့တာ။ ပြီးတော့ သူက မဆလခေတ်ကြီးမှာ ရေဆင်းငုပ်ရင်း ကြယ်နှစ်ပွင့်အဆင့် ငါးမန်းကြီးနဲ့ တိုးခဲ့တာ။ အယူအဆအရ အကြေးခွံချင်း လဲလှယ်ခံခဲ့ရတာ။ ဒီလိုပုံပြင်တွေကနေ ငါတို့အားလုံးကို ဖယောင်းရုပ်လုံးသွင်းပစ်ခဲ့တာ။ အဲ့ဒီတော့ အမေဟာ လူကြားသူကြား ဖိနပ်ကို အခါခါမှား၊ ငါအခါခါ ဘယ်တော့မှမပြောခဲ့တာ။ ငါတို့ပြောခဲ့တာက ငါတို့တိုင်းပြည် နောက်ထပ်တစ်ကြိမ် စစ်အာဏာသိမ်းခံလိုက်ရတယ်၊ လူတိုင်းအတူတူပဲဆိုတဲ့ အဲ့ဒါတွေ။ အမေဟာ စစ်ကားတွေကို အကြာကြီးငေးမောခဲ့တာတွေ။ ငါတို့ရင်ထဲမှာ အဖေ့ရဲ့စစ်အုပ်ချုပ်ရေးအကြောင်း ကိုယ်စီတွေးမိကြတာတွေ။ ငါတို့ဆက်ဆံရေးမှာ အီးဒီးပတ်စ်ကို ငါသတိရလာတာတွေ။ ဒါပေမဲ့ ငါအတွင်းက မိန်းမက အသက်ကြီးလာခဲ့ပါပြီ။ သူမဟာ မင်းလည်းဖြစ်နိုင်သလို အခြားမိန်းမတစ်ယောက်လည်း ဖြစ်နိုင်သေး။ ငါက ကားမောင်းရင်း ဘီယာလား၊ ဝီစကီလား။ အယ်ကိုဟော၅%လောက်ပဲပါတဲ့ ဘီယာရွေးလိုက်မယ်လေလို့ ပြောတဲ့အခါ ကော်ဖီပဲလုပ်ပါလို့ ဗုဒ္ဓရဲ့အလယ်အလတ်လမ်းစဥ်ကို သူမရွေးခဲ့တာ။ အခုလူအုပ်ကြီးနောက် ငါလျှောက်လိုက်တော့ ကျင်ငယ်စွန့်ချင်တဲ့အခါ ဘယ်လိုလုပ်ရပါ့လို့ ငါတွေးမိနေခဲ့။ ဒီတော့ စစ်သားတွေရှေ့မှာ နို့လှန်ပြနေတာ ဘယ်သူလဲပေါ့။ ငါဟာ ကြောင်စုန်းလို အဓိပ္ပါယ်မဲ့စိတ်ကူးအတွက် တိုင်းပြည်ကို အမှောင်ထဲဆွဲခေါ်ပစ်ချင်ခဲ့တာလားပေါ့။ တကယ်လည်း ဘုရားအသစ်ပွင့်သလို မီးကိုစားပြီး နတ်ဆိုးတွေနိုးခဲ့။ တစ်ကြိမ်တစ်ခါတော့ လူအုပ်ထဲ သေနတ်ကျည်တွေ ပစ်သွင်းနေတဲ့ စစ်သားတွေရှေ့တည့်တည့် ငါရင်ကော့ပြေးဝင်လိုက်ချင်ရဲ့။ ငါ့အတွင်းကမိန်းမသာ သိခဲ့မယ်ဆိုရင်ပေါ့။ Koaung 12.2.2021
Mon, 20 Dec 2021 - 04min - 83 - စစ်မင်းခ - ကမ္ဘာပျက်အခြေအနေအရ စာမတတ်ပေမတတ် အဇာတသတ်မြေကြွက်Sun, 12 Dec 2021 - 02min
- 82 - ဆူးနွယ် - ထွက်ခွာခြင်း / ရေခဲမုန့်စားခြင်း / ဖေဖေ့ကို အိပ်မက်မက်တယ် (special episode)Mon, 29 Nov 2021 - 06min
- 81 - ဝေးခေါင် - မြစ်Thu, 25 Nov 2021 - 05min
- 80 - သက်ငြိမ်သစ် - ရိုးရိုးက အေးအေးကိုThu, 25 Nov 2021 - 01min
- 79 - ဟံလင်း - ခေါင်းမပါဘူးလား ခေါင်းသုံးFri, 19 Nov 2021 - 02min
- 78 - ကေဇဝင်း - သင်တို့ဘုရား ငါမဖူးMon, 18 Oct 2021 - 02min
- 77 - မိုးရဲ - ရက်စက်မှုအပေါင်းတွေ ကိုယ်သတိရနေMon, 18 Oct 2021 - 03min
- 76 - ကိုအောင် - ရက်စက်မှုအပေါင်းတွေ ကိုယ်မေ့နေFri, 01 Oct 2021 - 02min
- 75 - ညီပု - မင်းမကျေနပ်ဘူးဆိုရင်ငါ့နှုတ်ခမ်းတွေကိုဖိကိုက်ပစ်လိုက်လို့ရပါတယ်Thu, 30 Sep 2021 - 01min
- 74 - အောင်ခင်မြင့် - အချစ် ကိုယ် မင်းဆီလာနေပြီMon, 27 Sep 2021 - 03min
- 73 - ထက်လင်းထွန်း - သောကြာနေ့၏ ဖြစ်နိုင်ချေများMon, 27 Sep 2021 - 04min
- 72 - မောင်ယုပိုင် - မိုးရွာသောနေ့တနေ့
ကိုယုပိုင်ကို ဒီရက်ပိုင်းတွေမှာ ပိုသတိရမိလို့ မှတ်မှတ်ရရဖြစ်ရတဲ့ သူ့ရဲ့အက်ဆေးကို ရွတ်ထားပါတယ် ကိုယုပိုင်လည်း အမြန်ဆုံးလွတ်မြောက်ပါစေ အခုတော့ ကျနော်ရွတ်ထားတဲ့ သူ့ရဲ့အက်ဆေးကို နားဆင်ကြည့်ကြပါဦး မိတ်ဆွေများ ခင်ဗျား ...
Sat, 25 Sep 2021 - 11min - 71 - ဒီဝသုန်ခက် - ဝေးခဲ့ပြီ မခင်သစ်ပင်Mon, 20 Sep 2021 - 08min
- 70 - ဆပ်ရိပ် - Conversation DSun, 12 Sep 2021 - 06min
- 69 - ဆပ်ရိပ် - Conversation CSun, 12 Sep 2021 - 07min
- 68 - ဆပ်ရိပ် - Conversation BSun, 12 Sep 2021 - 04min
- 67 - ဆပ်ရိပ် - Conversation AMon, 06 Sep 2021 - 05min
- 66 - လှသန်း - ငါ့ဆီကနေငါထွက်ပြေးတာ ပေါ့သေးသေးကိစ္စမဟုတ်ဘူးSat, 04 Sep 2021 - 01min
- 65 - မောင်ချောနွယ် - ဂျုံးနီ
ဂျုံးနီ ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊ လူတွေဟာ သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊ လူတွေဟာ သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊ အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။ ဂျုံးနီ ငါ စိတ်အခန့်မသင့်ရင်လေ မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေ ရောက်နေကျ၊ ငါ့ဒေါသက ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေ ရောက်နေကျ၊ နာလွန်းလို့ မင်းအော်လိုက်ရင်တောင် မင်း ငါ့ခြေထောက်တွေကို အားနာနေကျ။ ဂျုံးနီ မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေး၀င်လာ အမြဲတမ်း ငါ့ကိုကြိုတာ တာ၀န်အရလို့ မင်းစိတ်မှာ မထားရှိတာ ငါမြင်ရ ငါရခဲ့တယ်။ ဂျုံးနီ ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး တစ်ခါတစ်ရံတော့ ငါ့စိတ်ကောင်း၀င်နေမှုဟာ ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။ ဂျုံးနီ ငါမှတ်မိတယ် မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့ ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။ ဂျုံးနီ လေတဟူးဟူး ထန်နေတုန်းက မင့်နှုတ်သီးကို ရှေ့ပစ်ပြီး တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ ငါတုတ်နဲ့ လိုက်ရိုက်တော့ မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ ဂျုံးနီ မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့ ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင် မင်းလိုက်လိုက် ဟီဟီနေကျ၊ ငါက မာန်မဲလိုက်တဲ့အခါ မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ် ငါက လိုလားတဲ့အခါ မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။ ဂျုံးနီ ငါ အခုခါ အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။ ဂျုံးနီ မင်းမျက်လုံးမှာ ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင် ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။ ဂျုံးနီ မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။ ဂျုံံးနီ ငါ ဘယ်လောက်ရက်စက်သလဲကွာ မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင် မုန့်ကလေး မင်းကို မြှောက်ပြ ပြီး … ဖုန်ထဲပစ်ချလိုက်တာ ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို မင်း စိတ်မာနမထားဘဲ မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ (တကယ်တော့ မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့ ငါ မသိလိုက်ခဲ့ဘူးကွယ်)။ ဂျုံးနီ မင်း နေကောင်းရဲ့လားကွယ်။ ဂျုံးနီ အိပ်ရာပေါ်မှာ ဘာမှမလှုပ်နိုင်တဲ့ မင်းသခင် နောက်ဆုံးထွက်သက်နဲ့ပေါ့ မင်းကို နှုတ်ဆက်ချင်ရဲ့ ငါ့နောက်ဆုံးထွက်သက်နဲ့ပါ ဂျုံးနီရယ် ။ ။ - မောင်ချောနွယ်
Thu, 02 Sep 2021 - 03min - 64 - ရင်ခွင်ရှိန်း - တစ်ယောက်ကို တစ်ယောက်က
တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ဝေးသွားတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် စိတ်ထဲကနေ အပြန်အလှန်သတ်ပစ်လိုက်ကြခြင်းပဲ တစ်ယောက်ပေးဖူးတဲ့ လက်ဆောင်ပစ္စည်းတွေကို တစ်ယောက်က ပြန်ပေးရုံနဲ့ ပေးခဲ့ပြီးသောဘ၀ရဲ့ အစိတ်အပိုင်းများကို ပြန်ရရှိကြမှာမဟုတ်တော့ဘူး တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်သတိရတယ်ဆိုတဲ့အခိုက်အတန့်မှာ တစ်ယောက် မရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေတုန်း မိုးသားတွေက လှလိုက်တာနော်လို့ တူနှစ်ကိုယ်ပြောခဲ့ဖူးတဲ့ မြင်ကွင်းထဲ တစ်ကောင်ထဲ လွင့်ပျံလာတဲ့ ငှက်ကလေးကအစ အရာရာဟာ တိုက်ဆိုင်စွာ ကျကွဲရတာပေါ့ တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ ဘယ်သူက ပန်းပွင့်ဖြစ်ပြီး ဘယ်သူက လိပ်ပြာဖြစ်တယ် ဆိုတာမျိုးမဟုတ်ဘူးကွဲ့ ဒဏ်ရာက အရမ်းနာနေလား လို့ သူကမေးတဲ့အချိန်မှာ ကိုယ့်ဘက်က အဲ့ဒါ ပန်းချီကား ပါလို့ ပြောရတာမျိုးပေါ့ တစ်ယောက်ကို တစ်ယောက် အနစ်နာခံတယ်ဆိုတာ တစ်ယောက်မသိအောင် တစ်ယောက်က အနာတရတွေအကုန်လုံးကို တစ်ယောက်တည်း သိုဝှက်ထားခြင်းဖြစ်ပြီး ထိုသို့ သိုဝှက်မှုကိုလည်း ကိုယ့်ကိုကိုယ် အသိမပေးခြင်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စေချင်တယ်ဆိုရင် တစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောမှုကြောင့်သာ ကိုယ့်ဖြစ်တည်မှုတစ်ခုလုံးဟာ အဓိပ္ပာယ်ရှိလာတယ်လို့ ခံစားကြည့်ရမှာဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က လိုအပ်တယ်ဆိုတာကို နှစ်ယောက်လုံးက သိရှိထားကြရမှာလည်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က သစ္စာရှိတယ်ဆိုတာ အချိန်ကာလ နေရာဒေသအပိုင်းအခြားတွေမရှိသလို ကိုယ့်ကိုကိုယ် ထပ်ဆင့်ပြီးတည်ဆောက်ယူရတဲ့ တန်ဖိုးတစ်ခုလည်းဖြစ်သေးတယ် တစ်ယောက်ကို တစ်ယောက်က ထွေးဖက်ထားတဲ့အခါ နှစ်ယောက်လုံးက နွေးထွေးတာမျိုးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြရတဲ့အခါမှာတော့ နှစ်ယောက်လုံးက ချမ်းအေးနေတယ်လို့ ခံစားရမှာဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က မျှော်လင့်စောင့်စားရတယ်ဆိုတာ ကမ္ဘာ့အခက်ခဲဆုံး ဆန်းသပ်မှု တစ်ခုကို ဖြေဆိုရသလိုမျိုးဖြစ်ပြီး အများဆုံး ပြင်ဆင်ထားရတဲ့ အရာတစ်ခုလည်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က ချစ်ပြီး တစ်ယောက်ကို တစ်ယောက်က မချစ်တဲ့အခါ ချစ်တဲ့သူဘက်က ကိုယ့်ကိုမချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်ပြီး မချစ်တဲ့သူဘက်က ကိုယ့်ကို ချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က ယုံကြည်ခြင်းဆိုတာ နှစ်ယောက်လုံးအတွက် စွမ်းအင်တစ်မျိုးဖြစ်ပြီး တစ်ယောက်ရဲ့ ယုံကြည်မှုကို တစ်ယောက်က ဖောက်ဖျက်တယ်ဆိုတာ ထိုစွမ်းအင်ကို အလွဲသုံးစား ပြုလုပ်ခြင်းပဲဖြစ်တယ် တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်လျက်နဲ့ ဝေးသွားရတဲ့အခါ အလင်းဟာ နာကျင်စရာအဖြစ် ကမ္ဘာဆီလာလိမ့်မယ် စိတ်အတွင်းသားတွေ အကြိမ်ကြိမ်သေဆုံးကြလိမ့်မယ် ပြီးတော့ ... ပန်းပွင့်တွေ လေပြေလေညှင်းတွေ ကမ္ဘာပေါ်က အချစ်သီချင်းလေးတွေ က အစ ကြေကွဲစွာ ငိုနေလိမ့်မယ် ။ - ရင်ခွင်ရှိန်း
Thu, 02 Sep 2021 - 02min - 63 - စိုင်းဝင်းမြင့် - ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်"
အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ်
Mon, 30 Aug 2021 - 03min - 62 - စိုင်းဝင်းမြင့် - အရိုးစုဟာ သူ့အကြောင်းကိုပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ
အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ်
Mon, 30 Aug 2021 - 04min - 61 - မောင်ဒေး - ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ်
ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ် သူဟာ အဖြူရောင် မြင်းပါ၊ ဂြိုဟ်ငယ် တစ်ခုပါ၊ အဝတ်ဗီရိုကြီးကို ငုံထားတဲ့ နွယ်ပင်ပါ မှိတ်ထားတဲ့ သူ့မျက်လုံးတွေဟာ ငါရဲ့ မျက်လုံးတွေပေါ့ ထတော့ နွယ် တို့တစ်တွေ တောင်တွေကို ရွှေ့ရမယ် ယုန်သေတွေ လိုက်ကောက် ရမယ် ပြတင်းပေါက်တွေဟာ ဖြာကျနေတဲ့ နေခြည်ဆီ ပိတ်နေပါတယ် ဒီနေ့တော့ အလုပ်များမယ် အင်းလျားကန်ထဲ ရေဖြည့်ရမယ် ငန်းတွေကိုလည်း ကန်ပေါင်ပေါ်မှာ ချက်ချင်းမွေးပြီး ကန်ထဲထည့်ပေးရမယ် လုံခြုံရေးတွေရဲ့ အလစ်မှာ ထိုင်ခုံရဲ့ အင်္ဂတေကို လွှတ်ခနဲနေအောင် တစ်ချက် နမ်းရမယ် နွယ်ဟာ သူ့ကိုယ်သူ စိုးပိုင်တဲ့ မိန်းကလေးပဲ ဒီအမှားကို သူ မလုပ်ခင်မှာ ဒီအမှားကို သူ ကြိုတင်လုပ်ခဲ့ပြီးသားပဲ ဘယ်သူ့ဆီကိုမှ သူ သတင်းပို့စရာ မလိုဘူး ပန်းတွေဟာ လှပခြင်းအတွက် အခွန်ပေးဆောင်ရတယ် မျှတခြင်းမရှိတဲ့ သီးနှံတွေဟာ လက်လက်ထနေတဲ့ မြေမှာ သီးပွင့်နေကြတယ် နွယ်ဟာ ကလေးဘဝမှာကတည်းက နောင် ကြုံလာရမယ့် လူ့အဖွဲ့အစည်းကို တစ်ရှူးစတွေနဲ့ မံနေခဲ့တာဖြစ်တယ် အဲဒီလူ့အဖွဲ့ အစည်းဟာ တိုက်နေတဲ့ လေကို ဟိုက်ဒရိုဂျင် အပြည့်အဝနဲ့ [ ဆန်တက်နေခဲ့တာပေါ့ ] နွယ် အိပ်ပျော်နေတုန်း သူ့ရဲ့ ခရမ်းရောင်ပါးပြင်ကို ငါ နမ်းတယ် ဝါစိမ်းနီပြာ၊ နွယ့်ရဲ့ အရေပြားဟာ အကွက်အပြောက်တွေနဲ့ လှနေတယ် နီပြာဝါစိမ်း၊ နွယ့်ရဲ့ မျက်လုံး သို့မဟုတ် ငါရဲ့ မျက်လုံးတွေဟာ လူ့အဖွဲ့အစည်း အတွက်ပဲ ဖြစ်တယ် နွယ့်ကို ငါ နှိုးတယ် -- ထတော့နွယ် ပြတင်းပေါက်တွေကို ငါတို့တွေ တစ်ရှူးစတွေနဲ့ သုတ်ရမယ် -- ယုန်သေတွေ လိုက်ကောက်ရမယ် - မောင်ဒေး
Sun, 29 Aug 2021 - 01min - 60 - ဟံလင်း - သို့ / Dr. ဖြိုးဝေလင်းSun, 29 Aug 2021 - 03min
- 59 - မောနွေ - ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်
ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ် တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့်မျိုးမှာ အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရရန်ကုန်နဲ့မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့ ခုတ်မောင်းဆန့်ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား စေ့စော်မှု စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း တံတားပေါ်က ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး သတင်းစာနေ့စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့လား ကောင်းကောင်းနေပါရဲ့လား အကိုတို့ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို ညီမလေး မှာ အစာအိမ်ရောဂါ ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့ သတိရရင် အဲဒီသတိက အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့လွယ်အိတ်ထဲက ကဗျာစာအုပ်လေးဖြစ်တယ် C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း ဖြစ်တယ် ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့တိုးဝှေ့နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်၀င်ချင်နေတဲ့ ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ပါလား ဆေးလိပ်ကို လမ်းမပေါ် ပစ်ထည့်လိုက်တာ အဲဒီနေ့က အဲဒီနေ့က ညီမလေးကို လွမ်းလို့ပေါ့ကွာ ယနေ့ကျွန်တော်တို့ကမ္ဘာဟာ ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာ၀တီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့လည်း အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့်ခင်းထားတဲ့ သက်တန့်တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့ ကမ္ဘာကြီး မပြားဘဲ ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့်ကြီး ပြုတ်ကျတော့မယ် အိပ်စက်နေတဲ့ ငါ့ညီမလေး လန့်နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း တစ်သိုက်သိုက် တစ်ရှိုက်ရှိုက် ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့ ကွင်းပြင်လို မနက်ခင်းမှာ အကို့ကို မလိုအပ်တော့လို့ ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး စုတ်ဖြဲလိုက်တော့မေ့လိုက်တော့ အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ ကမ္ဘာက ကြီးလွန်းပြီး မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ် ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း တစ်ကားလောက်ကြည့်လိုက် ပြီးမှ ချစ်သောမျက်စိနဲ့ မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ အမြဲတမ်းကိုရှိနေမယ် ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ် ။ #မောနွေ
Sat, 28 Aug 2021 - 03min - 58 - အောင်ခင်မြင့် - အချစ်အတွက် ကဗျာတပုဒ်
ဒီလိုမနက်ခင်းတွေမှာပေါ့ အချစ်ကို ရွှေနဲ့ဝယ်လို့မရမှန်း ငါသိလိုက်သလို အချစ်ကို ကမ်းခြေက သဲလက်တစ်ဆုပ်နဲ့ တကယ်ဝယ်လို့ရမှန်းလည်း ငါသိခဲ့တာပေါ့ ဆောရီးပါအချစ်ရေ မင်းကိုယ်က အိပ်မက်ရနံ့ရတဲ့ညမှာ ကိုယ်ဟာ အစောကြီး အိပ်ပျော်သွားခဲ့တယ် မင်းဆီက မင်းမဲ့စရိုက်ရဲ့ရေမွှေးနံ့ရတော့ တစ်ညလုံး ကိုယ့်စိတ်တွေ ထိန်းမရဖြစ်ပြန်ရော အားလုံးဟာ သမိုင်းချည်းပဲ ကိုယ်ဟာ အောင်ချိမ့်ရဲ့ကဗျာတွေ ဖတ်နေခဲ့ ကျောက်တုံးတွေက သိုးတွေလို နူးညံ့သွားခဲ့ ဥပဒေဦးထုပ်နဲ့ ရေဘဝဲတွေကို ကိုယ်တို့တွေ့ခဲ့ အဲဒီရေဘဝဲတွေကို ကိုယ်တို့ သုတ်စားပစ်ခဲ့ ကိုယ်မှားပါတယ် အချစ်ရေ မှန်ဟာ မီးလောင်နေတဲ့တောအုပ် လို့ မင်းပြောတုန်းက ကိုယ်မယုံကြည်ခဲ့ဘူး မှန်ထဲကနေ တိရစ္ဆာန်အားလုံး ခုန်ထွက်လာမှ ကိုယ်ဟာ မှန်ကိုရေတွေနဲ့ အမြန်ပက်ရတယ် အဲဒီလူကို မင်းဆုံဖူးလား အဲဒီလူရဲ့နှလုံးသားကို ဆေးအပြာသုတ်ထားတယ် နှလုံးသားကို မြင်မှမမြင်နိုင်ပဲ ဟုတ်လား အိုး သိပ်မြင်နိုင်တာပေါ့ လမ်းတွေရဲ့ထောင့်မှာ သူဟာ သူ့နှလုံးသားကို လက်ပေါ်မှာတင်လို့ လမ်းသွားလမ်းလာတိုင်းကို ရောင်းချနေတာ နားထောင်ပါ အချစ်ရေ ကိုယ်ဟာ မြည်းကို ဘားအပြင်မှာထားခဲ့မိတယ် အဲဒီအတွက် ကိုယ်တကယ်တောင်းပန်တယ် တချိန်က ရွှေကို ဆားနဲ့လဲခဲ့ရတဲ့အဖြစ်တွေရှိခဲ့ ကိုယ်တို့ဟာ နိုင်ငံရေးကြောင့် ပျက်စီးခဲ့တယ် အချစ်ရေ မင်း တစ်ကိုယ်လုံး ပြာကျသွားမှာစိုးလို့ ကိုယ့်အနမ်းကိုယ်မျိုချခဲ့ရတဲ့နှစ်တွေ ရှိခဲ့တာပေါ့ - အောင်ခင်မြင့်
Sun, 22 Aug 2021 - 01min - 57 - မောင်ဒေး - ဒီပရက်ရှင်
စံပယ်တွေဟာ သိပ်ကို စိတ်လှုပ်ရှားလွယ်ကြတယ် ဒါတောင် အင်္ဂတေနံရံကြီးကို ကွယ်ပြီး သူတို့ ပွင့်နေကြတာ ငါဟာ သင်ယူတဲ့ တိတ်ဆိတ်မှုပဲ၊ ငါ့ရဲ့ လက်တွေက ငါ့ရဲ့ ခုတင်ကို တိုးတိုးကလေး လိမ်ညာနေခဲ့တယ်၊ ငါဟာ ဘယ်သူမှမဟုတ်တဲ့ လူအားလုံးပဲ ပေါက်ကွဲမှုတွေနဲ့ ငါ့ရဲ့ ကြားမှာ ပတ်သက်မှုတစ်စုံတစ်ရာ မရှိပါဘူး ငါ့ရဲ့ နာမည်ကို အင်္ကျီတွေဆီ ပေးခဲ့ပြီး ငါ့ရဲ့ သမိုင်းကို လမ်းဘေးမှာ ပုံထားခဲ့မယ် တကယ်ဆို ငါဟာ မေ့ဆေးဆရာဝန်ပဲ၊ ငါ့ရဲ့ မျက်ခွံတွေက ပွင့်ဖတ်နှစ်ခုလို ခပ်ဟဟကလေး ဖြစ်နေဆဲဆိုရင်တော့ ငါဟာ နာကျင်ရတော့မှာ အသေအချာပဲ ဈေးလာဝယ်တဲ့ လူတွေက ငါရှေ့ကနေ ဖြတ်လျှောက်သွားကြတယ် သူတို့အတွက်တော့ ငါဟာ စွန်တစ်ကောင်ပဲ၊ လေထဲမှာ ကြိုးကြီးတန်းလန်းနဲ့ပေါ့ ခေါင်းအုံးအမည်းကြီးကို ငါ ဝယ်လာပြီး အိပ်မက်အမည်းတွေ မက်ပစ်လိုက်တယ် စံပယ်တွေဟာ လေထုကို သိပ်နာကျင်စေတာပဲ၊ ငါ့ အရေပြားပေါ်က သွေးဆို့နေတဲ့ သံချိတ်ကလေးတွေဟာ သူတို့ရဲ့ ရနံ့တွေပေါ့ ပြတင်းတံခါးတွေဟာ ငါ့ဆီကနေ ထွက်သွားကြမယ် ထင်ပါတယ် ငါ့ကိုငါ ရယ်စရာ အရုပ်တစ်ခုအဖြစ် အသွင်ယူပြီး လောင်မီးတိုက်လိုက်ချင်ရဲ့ ဆေလ်ဗီယာပလာ့သ်က စံပယ်တွေကို အောက်စီဂျင်ဆိုပြီး စားပြတယ် သူ့ခေါင်းမှာလည်း စံပယ်တွေ ဝေလို့ပေါ့လေ၊ ဆူဆိုက် ညနေခင်းဟာ အရောင်တွေ အလွန်အမင်း လှပနေတာပေါ့ နံရံတွေဟာ သူတို့ကိုယ်သူတို့ ဘယ်လို နွေးအောင် ထားရမယ်ဆိုတာ မသိဘူး စံပယ်တွေဟာ ငါတို့ရဲ့ စိတ်ကူးထဲက သတ္တဝါဆိုးကြီးရဲ့ အစွယ်တွေပါပဲ ငါဟာ ငါ့နှလုံးသားကို ပြန်မသိတော့ဘူး၊ ငါ့ရဲ့ နှလုံးသား ဆိုတာကလည်း အာဠာဝကရဲ့ ပါးစပ်ကြီးလို ဖွင့်လိုက်ပိတ်လိုက်ပါပဲ ငါ့ရဲ့ ပါးစပ်ထဲက ရေဟာ တမာလိုပဲ ခါးတယ်၊ စေးကပ်တယ် ပြီးတော့ အော်သံတစ်ခုလို ငါနဲ့အနီးဆုံး အရပ်ဒေသတစ်ခုကနေ လာပါတယ် - မောင်ဒေး
Sat, 21 Aug 2021 - 02min - 56 - ထက်ဦးမောင် - အားလုံးအဆင်ပြေတဲ့ ဆံပင်ပုံစံSun, 08 Aug 2021 - 09min
- 55 - ဆူးနွယ် - ဆယ်လ်မွန်မယောနိစ်ဆလပ်*
ကျွန်မညီမလေး အဖေ့ခေါင်းထဲက ဖောက်ထွက်လာတော့ ဟက်တက်ကွဲနေတဲ့ခေါင်းကို ကျွန်မပဲ ချုပ်ပေး၊ ပတ်တီးစည်းပေးခဲ့တာ။ အဖေ့မျက်လုံးတွေဟာ ပိုးစုန်းကြူးတွေပဲ။ ပြီးတော့ မီးခိုးရောင်၊ စကားပြောတတ်တဲ့ အရောင်တစ်မျိုးပဲလေ။ ထူးဆန်းတယ်လို့ စဉ်းစားမိပေမယ့် နောက်တော့ ကျွန်မ မီးခိုးရောင်ကို တွယ်တာလာမိပါတယ်။ ညီမလေးဟာ ဆယ်လ်မွန်ရေဆေးငါးကြီးမဖြစ်သေးခင်မှာပဲ အဖေ့အတွက် ကြောင်စာပေါ့။ အဖေဟာ ဓာတ်ပုံထဲမှာတော့ တိုက်ပုံအင်္ကျီနဲ့ အခန့်သားလို့ တွေးမိနေတာ။ တိုက်ပုံအင်္ကျီနဲ့ မြေစာပုံဟာ တသားတည်းဖြစ်နေရမယ်ဆိုပဲ။ ဒီတော့ မိုးတွေဆက်တိုက်သည်းနေတဲ့ အဖေ့တိုက်ပုံပေါ်မှာ ကျွန်မ တစ်ဘဝလုံး ငုံခဲထားရတဲ့ အသားတစ်တွေ အန်ချပစ်ခဲ့တယ်။ အထွေအထူးမဟုတ်ပါဘူး၊ ဒါတွေက သူ့ကြောင်လေးကို အဖေနယ်ကျွေးနေကျ ဆယ်လ်မွန်အသားမျှင်တွေပဲလေ။ ကျွန်မ ဟင်းချက်နေပြီဆို ကွတ်ကင်းဝိုင်တစ်ပုလင်းနဲ့ အဖေရောက်လာပြီ။ ဆီဦးထောပတ်ကို သူ့မျိုးပွားအင်္ဂါတွေအတွက် ဖယ်ထားပြီးမှ ကျွန်မကို မယောနိစ်ဆလပ်တွေ ကျွေးတာပါပဲ။ နောက်တော့ အဖေက ကျွန်မကို စိတ်မဝင်စားတော့ဘူး၊ သူ့ကြောင်လေးအတွက် ညီမလေး ရာသီမှန်မှန်လာပေးရဲ့လားဆိုတာပဲ စိတ်ရောက်နေတော့တယ်။ ကျွန်မဟာ သားပေါက်မလာတော့မယ့် ငှက်တစ်ကောင်ရဲ့ ဥပဲ။ အဖေမသေခင်မှာပဲ အဖေ့ရဲ့ မီးခိုးရောင်မျက်လုံးတွေ အမွေဆက်ခံလိုက်ရတယ်။ ညီမလေးမှာ အပိုပါလာတဲ့ မျက်လုံးတစ်လုံးဟာ အဖေ့မျက်လုံးပါလို့ ဆိုတော့ အဖေက ဇွတ်ငြင်းတာပဲ။ ကျွန်မ ဘာပြန်ပြောရမလဲ မသိဘူး။ ကျွန်မသာ အဖေ့သမီးမဟုတ်ဘဲ အဖေ့ ဦးခေါင်းခွံထဲက ထွက်လာမယ့် မြက်တစ်ပင်ဆို ဘယ်လောက်ကောင်းမလဲ။ အခုတော့ အဖေဟာ အိမ်ပြန်မလာတော့ဘဲ မိန်းမတကာရဲ့ ခြံတံခါးဝမှာ သူ့ကြောင်လေးကို မွေးစားပေးဖို့ လိုက်ပြောနေပြီ။ ကျွန်မပေါင်မုန့်တွေဟာ အေးစက်စက်၊ မယောနိစ်ဆလပ်ဟာ နွမ်းဖတ်ဖတ်နဲ့ပေါ့။ ညညဆိုရင် ပိုသည်းလာတတ်တဲ့ မိုးရေတွေကြောင့် မြေစာပုံဟာ နဂိုထက် ပိုကျစ်လာတာမို့ ကျွန်မတော့ဖြင့် အဲ့ဒီမြေစာပုံပေါ်မှာ မြက်ပင်တစ်ပင် အမြန်ထွက်လာမယ့်အချိန်ပဲ စောင့်ဆိုင်းနေရတော့တယ်။ *salmon mayonnaise salad ဆူးနွယ်
Tue, 03 Aug 2021 - 02min - 54 - ဇော်ဇော်အောင် - ဟေမာနေဝင်း အချစ်ကဗျာWed, 21 Jul 2021 - 10min
- 53 - မောင်ယုပိုင် - ဒရာမာMon, 19 Jul 2021 - 15min
- 52 - သစ္စာနီ - ကျွန်တော့်မှာ ကောင်မလေးတစ်ယောက်ရှိတုန်းကWed, 07 Jul 2021 - 07min
- 51 - အောင်ခင်မြင့် - ရန်ကုန်မှာ မိုးတွေ ရွာနေတယ် အချစ်
အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။ သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက သွေးတစ်စက်စက်ကျလာသလို မိုးတွေ ရွာလာပေါ့။ ရန်ကုန်ဟာ အဲဒီသွေးတစ်စက်စက် အသားတစ်ကြီးမို့ ကိုယ်ဟာ သွေးစက်တွေကို မကြည့်ပဲ မြင်နေရတယ်။ သားသတ်သမားတစ်ယောက်ရဲ့ သွေးကို ချစ်ခြင်းမျိုးနဲ့ ကိုယ်ဟာ မင်းကိုစိုရွှဲစေမယ့် မိုးရေတွေကို ချစ်တယ်။ ကိုယ့်စိတ်ထဲက မကောင်းဆိုးဝါး ကိုတော့ မင်းမမြင်စေနဲ့။ အချစ်ရေ အပြင်မှာ မိုးတွေ စွေနေတယ်။ ရုပ်ထုတွေရဲ့ စုံလုံးကန်းနေတဲ့ မျက်လုံးတွေပေါ်ကို အပ်ချွန်တွေလို မိုးစက်တွေတပေါက်ပေါက်ကျနေတယ်။ အလင်းဟာ ကမ္ဘာနဲ့ မထိုက်တန်သလို ရုတ်သိမ်းခံရ အိန်ဂျယ်တွေရဲ့ တောင်ပံတွေမှာ ဖားဥတွေစွဲကုန်တယ်။ ပြည်သူလူထုရဲ့ ဟနေတဲ့ ပါးစပ်ပေါက်တွေထဲ နောက်ဖေးလမ်းကြားက ချီးရေတွေ တရဟောဝင်ခဲ့ပေါ့။ လူတွေရဲ့ဒွါရတွေထဲ လိင်မှုပြုဖို့ ရေဆိုးတွေ စီးဝင်လာခဲ့ပေါ့။ အချစ်ရေ အပြင်မှာ မိုးတွေသည်းနေတယ်။ ကိုယ်တို့အတွင်းက သံနဲ့လုပ်ထားတဲ့ အမုန်းတရားတွေ တဖြည်းဖြည်း အရည်ပျော်တဲ့အထိ မိုးတွေရွာနေတယ်။ ဆင်းရဲမှုဟာ တလိပ်လိပ်တက်လာတဲ့ တိမ်မည်းတွေ သေပွဲဝင်သူများလို ကလေးတွေ မိုးရေထဲ ပြေးထွက်လာခဲ့။ မိုးရေအောက်မှာ ဆောက်လက်စကွန်ဒိုတိုက်ကြီးတွေ မိုးကြိုးပစ်ခံရတဲ့ ဒိုင်နိုဆောတွေလို နာကျင်အော်ဟစ်လို့။ အချစ်ရေ မျက်စိတွေကိုမှိတ်ထားပါ မိုးသံကို ခံစားပါ စိုစွတ်တဲ့ ကိုယ့်အနမ်းတွေကို နုံးခွေသွားတဲ့အထိ ခံယူပါ။ ကိုယ်တို့မျက်ခွံပေါ် အမြုံကာလရဲ့သွေးတွေ ရွာကျနေခဲ့ပေါ့။ မာကွန်ဒိုမှာ ရွာတဲ့မိုးလို အုတ်ဂူထဲက မြည်နေတဲ့ဖုန်းလို ကျည်ဆန်တွေနဲ့ ရေးတဲ့ကျမ်းစာလို မြေအောက်ခန်းရဲ့တေးလို ဌက်သေရဲ့ အတောင်တဖျပ်ဖျပ်လို ဖာသည်မရဲ့ ညည်းသံလို သူတော်စင်တစ်ပါး ခေါင်းခါသလို အမှောင်စိတ်ရဲ့ကဗျာလို ရန်ကုန်မှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေပြီ အချစ်။ အောင်ခင်မြင့်
Mon, 05 Jul 2021 - 02min - 50 - မောင်ဒေး - အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ
**အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ** ရခိုင်ကမ်းရိုးတန်း အဖျားက ကျောက်ဂူတစ်လုံးရဲ့အထဲမှာ အမြဲလင်းနေတဲ့မီးဆိုင်းကြီးတစ်ခုရှိပါတယ် နံရံပေါ်မှာ ပြေးလွှားနေတဲ့ အလင်းဝါဝါ အကွက်ငယ်လေးတွေဟာ တို့နှစ်ယောက်ရဲ့ နှမ်းစေ့ငယ်တွေ ပုစွန်ဆိတ်ကလေးတွေနဲ့ ရေညှိတွေအကြောင်းကို ၎င်းတို့ရဲ့အထဲမှာ မှတ်တမ်းတင်ထားကြတယ် ကမ်းရိုးတန်းတစ်နေရာက ဟိုတယ်ကိုရောက်တော့ မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းရဲ့ တံကောက်ခွက်ထဲ ထည့်ကြည့်တယ် ငါက မင်းကိုကိန်းဂဏန်းတွေ ပေါင်းပြတယ် ကမ္ဘာပျက်မယ့် ရက်ကို တွက်ပြတယ် အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစား တည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ မင်းတွယ်တာချင်တွယ်တာ ဒါမှမဟုတ် မင်းရဲ့တံကောက်ခွက်ပိုင်ရှင်ကို ငါတွယ်တာရမှာပေါ့ ရွေးချယ်စရာ နည်းပါးလိုက်ပုံများ ငါ့ရဲ့ ခြေထောက်နှစ်ဖက်က မင်းရဲ့ခါးကို ညှပ်ပြီး သိုင်းထားတယ်ဆိုတာက အဲဒီခြေထောက်တွေအနေနဲ့ အဲဒီနေရာမှာ ရှိကိုရှိနေရမှာမို့ပါပဲ ရှုခင်းသာဆိုပြီး အမည်ပေး သတ်မှတ်ထားတဲ့ နေရာတွေက တစ်ကွေ့ ကွေ့လိုက်တိုင်း ပေါ်ထွက်လာကြတယ် ကားလမ်းရဲ့ အထက်တည့်တည့်မှာ ငါတို့ဝါးဖောင်စီးပြီး မျောကြတယ် အချိုမှုန့်တွေ အသားကုန် သုံးတဲ့ စားသောက်ဆိုင်တွေ ဘာအကြောင်းတွေးလဲ နယ်စပ်ကိုနေ့စဥ် ဖြတ်ကူးနေတဲ့ မော်တော်ကားတွေ ဘာအကြောင်းတွေးလဲ မင်းအကြောင်းပဲပေါ့ မင်းအကြောင်းကို တွေးဖို့ သူတို့တွေးတာပေါ့ ကြက်သွန်ဥကြီးတစ်လုံးနဲ့ တူတဲ့ခေတ်ကြီးရဲ့ အလွှာတွေထဲမှာ ငါ့ရဲ့တင်ပါးအထက်က ချိုင့်ခွက်ကလေးထဲမင်းကို ပေးဝင်မှာပေါ့ ကမ်းရိုးတန်းကြီးကို တို့ ဘယ်နားမှာထားခဲ့မလဲ -မောင်ဒေး-
Sun, 20 Jun 2021 - 01min - 49 - သကောင့်သား - ဒေါ်လီ ဆိုတဲ့ကဗျာ ဖတ်ပြီးပြီလား
ဒေါ်လီ ဆိုတဲ့ ကဗျာ ဖတ်ပြီးပြီလား ======================= အဲဒီ ကဗျာဖတ်ပြီးပြီလား တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ကဗျာပဲ ကလေးမလေး ၁ ယောက်နဲ့ သူ့အရုပ်မလေးအကြောင်းရေးထားတာလေ ကလေးမလေး မှာ ကင်ဆာရောဂါရှိသတဲ့ အဲဒါကို အရုပ်မက ပြောပြတာတဲ့ အရုပ်မ စကားမပြောတဲ့နေ့တွေဆို ကလေးမလေးက အရုပ်မ ရဲ့ မျက်လုံးကို အပ် နဲ့ထိုးတာတဲ့ ကလေးမလေး ရဲ့ အမေကလဲ ကင်ဆာနဲ့ပဲ ဆုံးတာတဲ့ မဆုံးခင်မှာလဲ ဆံပင်တွေ အရမ်း ကျွတ်တာပဲတဲ့ ကျွတ်တဲ့ဆံပင်တွေကို ကလေးမလေးက လုံးထွေးပြီး အရုပ်မရဲ့ ခေါင်းပေါ်မှာ ကပ်ပေးထားတာတဲ့ ကလေးမလေးက တခြားကလေးတွေလို အရုပ်နဲ့ ဖက် မအိပ်ဘူးတဲ့ သူ့အမေ မသေခင် ချိတ်ပေးသွားတဲ့ dream catcher ကတန်းလန်းကျနေတဲ့ ကြိုးနဲ့ အရုပ်မ ရဲ့ လည်ပင်းကို ချည်ပေးပြီးမှ တွဲလောင်းကျနေတဲ့ အရုပ်မကို ဘယ်ညာ လွှဲပြီးမှသိပ်တာတဲ့ ကလေးမလေး ရဲ့ အဖေကလဲ မရှိတော့ဘူးတဲ့ အမေလုပ်သူ ဆုံးပြီး သိပ်မကြာတဲ့ ည ၁ ညမှာပဲ မူးမူးနဲ့ ကလေးမလေး ရဲ့အရုပ်ကို သူ့အိပ်ခန်းထဲ ယူသွားတဲ့ အချိန်ကစပြီး ပျောက်သွားတော့တာလို့ပြောတယ် ပြန်ရောက်လာတဲ့အရုပ်မ ကတော့ တစ်ကိုယ်လုံး ဘာတွေမှန်းမသိ ပေလို့ ကျံလို့တဲ့ ပေကျံနေတဲ့ သူ့အရုပ်မကို မြင်တော့ ကလေးမလေး က အရုပ်မ တစ်ကိုယ်လုံးကို လျှာ နဲ့ လျက်ပြီး သန့်စင်ပေးသတဲ့ ကလေးမလေး မှာ စာအုပ် ၁ အုပ် ရှိပြီးသူ နဲ့ သူ့အရုပ်မ က တစ်ယောက် တစ်လှည့် ဆွဲကြ ရေးကြသတဲ့ ကလေးမလေး မွေးနေ့ဖယောင်းတိုင် မှုတ်ရင်း ဆံပင်မီးစွဲ သွားလို့ တစ်ကိုယ်လုံးမီးလောင်သွားတဲ့ပုံကို အရုပ်မကဆွဲသတဲ့ သစ်ပင်ကြီး တစ်ပင်မှာ အရုပ်မရဲ့ ခေါင်း ကိုယ်လုံး ခြေတွေ လက်တွေ တစဆီ သံနဲ့ ရိုက်ပြီး ကပ်ထားတဲ့ ပုံကို ကလေးမလေး ကဆွဲသတဲ့ ပျောက်သွားတဲ့အဖေရယ်/ဆံပင်တွေမရှိတော့တဲ့ သေသွားတဲ့ အမေရယ်/ကင်ဆာရောဂါသယ် ကလေးမလေးရယ်/ သေသွားတဲ့ အမေရဲ့ ဆံပင်တွေနဲ့ လှချင်တိုင်းလှနေတဲ့ အရုပ်မရယ် လက်တွေကို ပျော်ပျော်ပါးပါး တွဲလို့ ချောက်ထဲ ခုန်ချ သွားတဲ့ ပုံ ကိုတော့ ဘယ်သူ ဆွဲသွားမှန်းမသိရဘူး ပုံအောက်မှာရေးထားတာတော့ ဒေါ်လီဆိုတဲ့ကဗျာ ဖတ်အပြီးတွင် တဲ့ #သကောင့်သား [ ကဗျာရေးတဲ့ ခုနှစ်က ၂၀၁၄၊ ၁၅ ဝန်းကျင်လို့ ခန့်မှန်းရ။ အခုချိန်မှာ ကဗျာဆရာ သကောင့်သားနဲ့ နိုင်ငံတစ်ဝှမ်းက တခြား ကဗျာဆရာ၊ ဆရာမ အချို့ဟာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထားခြင်း ခံနေရဆဲ ဖြစ်ပါတယ်]
Wed, 16 Jun 2021 - 03min - 48 - အေးချမ်း၊ရင်ခွင်ရှိန်း - ကိုယ်ငြိမ်သက်နေတဲ့အခါ နာကျင်မှုဟာ၂ဆ ဖြစ်တယ်ဆိုတာ မင်းသိဖူးလား
အခုတလော ဒီလိုကာလကြီးထဲမှာ ကျနော်ရွေးပြီး အထပ်ထပ်ဖတ်ဖြစ်တဲ့ထဲက ကြိုက်မိတဲ့ ကဗျာတွေထဲက တပုဒ်ပါ ကျနော် ရောက်ရာအရပ်ကနေ အဆင်ပြေအောင် အတတ်နိုင်ဆုံး အသံသွင်းထားပါတယ် နောက်ထပ်ရွတ်ဖြစ်မယ့် ကဗျာတွေလည်း ရှိပါသေးတယ် အခုတော့ နားဆင်ကြည့်ကြပါဦး ..
Tue, 15 Jun 2021 - 08min - 47 - မောင်ဒေး - ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ်
ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ်သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ်တစ်ချို့မိန်းမတွေက ယောက်ျားတွေမရှိတဲ့ကမ္ဘာကြီးမှာ နေခွင့်မရလို့စိတ်မချမ်းမသာဖြစ်ကြရတယ်စိတ်ပြေလက်ပျောက်လုပ်စရာတွေရှိနေလို့ဘာအဓိပ္ပာယ်မှမရှိတဲ့ ဘဝကြီးအကြောင်းကို မစဉ်းစားဖြစ်တော့လို့ ဖြေသာရတယ် ညဘက်မှာ နေမထွက်လို့ဝမ်းသာရတယ် လိပ်တွေမှာအခွံတွေ ရှိနေသေး လို့ပျော်ရတယ် စူပါဝင်းရှေ့မှာ တောင်းစားနေတဲ့လူဟာ ကိုယ်မဟုတ်လို့ ဖြေသာရတယ် ကားလမ်းပေါ်မှာ ပြားနေတဲ့ငှက်ဟာ ငါ မဟုတ်ပါလားဆိုပြီး ကျေနပ်ရတယ် ဆီးရီးယား ဒုက္ခသည်တွေဟာ ကိုယ်မဟုတ်လို့ ပထဝီနိုင်ငံရေး ဘာညာသာရကာ ရွှီးရွှမ်းခွင့်ရတယ် ဝယ်ထားတဲ့ ဖူးကိုးစာအုပ်တွေကို [ဖဘ]ပေါ် ဓာတ်ပုံရိုက်တင်ပြီး ကြွားခွင့်ရတယ် ငါလေးဟာ ငါလေး ဖြစ်နေသေးလို့တော်ပါသေးရဲ့ဆိုပြီး ကြည်နူး ဝမ်းသာအားရ ပီတိသောမနဿ ဖြစ်ရတယ် – အစိမ်းရောင်ပြယ်လာတဲ့စာအုပ်- ၂.၆ (အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)
Sun, 23 May 2021 - 01min - 46 - မောင်ဒေး - ဒီယောကျာ်းဟာ ဒီစကားတွေကို အရဲစွန့်ပြီး ပြောခဲ့တာပါ
ဒီယောကျာ်းဟာ ဒီစကားတွေကို အရဲစွန့်ပြီး ပြောခဲ့တာပါလေ ဒီမောင်ဟာ ချစ်သူနှစ်ယောက် အိပ်စက်နေတဲ့ ခုတင်အောက်က ကြောင်လိမ်လှေကားအတိုင်း ဆင်းခဲ့ပြီး မင်းရဲ့ဝမ်းထဲမှာ ပြန်ဝင်စားခဲ့တာပါ အချစ်ဟာ အဲ့ဒီအရိုးပေါ့ ဒီမောင် တဒေါက်ဒေါက် ခေါက်နေတဲ့ ဦးခေါင်းခွံပေါ့ အချစ်နဲ့ပြည့်နေတဲ့ ဦးခေါင်းခွံတွေဟာ ဝေဟင်ထဲ သူ့ချည်းသက်သက် တွဲလောင်း ချိတ်နေခဲ့ကြတာပေါ့ I love you, ladybug ဒီမောင်ဟာ ဒီစကားကို ဖန်ချက်စက်ရုံကြီးကိုထမ်းပြီး ပြောခဲ့တာပါ ငှက်တိုင်း ခြင်္သေ့တိုင်း သားပိုက်ကောင်တိုင်း ပြန်လည်မွေးဖွားခဲ့ပါတယ် ဒီမောင်ဟာ ညကြီးမင်းကြီး အပြင်ထွက်ခဲ့ပြီး I love you, ladybug ဆိုတာကို တိုက်နံရံပေါ်မှာ တယ်လီနောကြော်ငြာကိုအုပ်ပြီး စပရေးနဲ့ရေးခဲ့တယ် နောက်ရက်မှာ အိတ်ကလေးလွယ်ပြီး စက်ဘီးစီး- ရုံးတက်ခဲ့တယ် ဒါပေမဲ့ နောက်တော့ မင်းလည်း အချစ်ကိုတွေ့လာမယ် မင်း သွားရာလမ်းမှာ သူရူးတွေ၊ ကားမှတ်တိုင်တွေ၊ စကားချိုချို ဆိုတတ်သူတွေနဲ့ ချစ်ကြိုက်မယ် ဒီမောင်ဟာ ကဗျာဆရာတွေ မပေါ်ပေါက်ခင်ကတည်းက ဖူးငုံပွင့်သစ်ကဏ္ဍမှာ ကလောင်ဝှက်နဲ့ အချစ်ကဗျာတွေရေးနေခဲ့တာပဲ စစ်မတိုင်ခင်က လူတွေ ချစ်နိုင်ခဲ့သလိုမျိုး ဒီမောင် ဆက်ချစ်မှာပဲ အရေပြားပေါ် ရွေ့လျားနေတဲ့ တီကောင်ဆီ မင်း မျက်လုံးကိုပိတ်ထားပါလေ ယားကျိကျိပွတ်သပ်မှုကိုသာလျှင် အာရုံစိုက်ပါ နာကျင် ဟုအော်ပြီး အန္တရာယ် ဟုမည်ပြီး ဒီမောင်ဟာ ဒီစကားလုံးတွေကို ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းတွေကို ရွတ်ပြနေတာပဲ ကနုတ်ပန်း အခွေအလိပ်တွေဟာ ဒီမောင်ရဲ့ နံရိုးအတွင်းဘက်မှာ ဝရုန်းသုန်းကားပေါ့ ဒီမောင်ဟာ ဒီစကားလုံးတွေအပေါ် ရှက်ရွံ့စိတ်နဲ့ ရုံးဆင်းရုံးတက်ဆိုပါတော့ ။ - မောင်ဒေး
Sun, 23 May 2021 - 01min - 45 - မင်းသော်စိုး (ဘာသာပြန်) - အချစ်ရောက်လာတဲ့အခါWed, 19 May 2021 - 06min
- 44 - မင်းသော်စိုး (ဘာသာပြန်) - ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး
ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး မင်းကို ငါ ချစ်နေတာကနေ မချစ်မိအောင် ငါကြိုးစားမယ် မင်းကို စောင့်နေမိတာကနေ မစောင့်ဖြစ်တော့တဲ့ထိပေါ့ အေးစက်စက် ငါ့နှလုံးသားလည်း မီးလိုပူပြင်းနေပြီ ငါ မင်းတစ်ယောက်တည်းကို ချစ်ရတာ ၊ ငါချစ်ခဲ့တဲ့ တစ်ယောက်တည်းသောသူဟာ မင်းပဲမို့ ငါ မင်းကို အရမ်းမုန်းတယ် ၊ ပြီးတော့ မုန်းတယ် မင်းဆီကို ယိမ်းနေတဲ့ ငါ့ရဲ့ပြောင်းလဲသွားတဲ့ မင်းကိုချစ်မိတဲ့အချစ်တွေကို တိုင်းတာနေမိတယ် အဲ့ဒါကြောင့်ပဲ မင်းကို ငါ မိုက်မိုက်ကန်းကန်း ချစ်ခဲ့တာနေမှာ ဇန်နဝါရီရဲ့အလင်းက ရက်စက်မှုတွေအပြည့်နဲ့ ငါ့နှလုံးသားကို ဝါးမျိုနေပြီ နောက်ပြီး အေးချမ်းမှုအစစ်ကိုရဖို့ ငါ့သော့ကို ခိုးထားတယ်လေ ဇာတ်လမ်းရဲ့ ဒီအပိုင်းမှာတော့ ကိုယ်ဟာ သေလူတစ်ယောက်မျှသာပဲ မင်းကို ချစ်မိလို့ပဲ အချစ်ကြောင့်ပဲ ငါသေရတော့မယ် အဲ့ဒါ ငါမင်းကို ချစ်မိလို့ပဲ အချစ် ၊ မီးနဲ့ သွေးသားထဲမှာ။ I Do Not Love You Except Because I Love You I do not love you except because I love you; I go from loving to not loving you, From waiting to not waiting for you My heart moves from cold to fire. I love you only because it's you the one I love; I hate you deeply, and hating you Bend to you, and the measure of my changing love for you Is that I do not see you but love you blindly. Maybe January light will consume My heart with its cruel Ray, stealing my key to true calm. In this part of the story I am the one who Dies, the only one, and I will die of love because I love you, Because I love you, Love, in fire and blood. by Pablo Neruda
Tue, 18 May 2021 - 01min - 43 - မောနွေ - ကျွန်တော်တို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့လွဲချော်သွားကြရင် ဘယ်လိုလုပ်ကြမလဲကွဲ့ ကျွန်တော်တို့ဟာ လွဲချော်သွားကြတော့မှာ ။ အဲဒီလိုဝမ်းနည်းစွာပါပဲ ငါလေ့လာခဲ့ရတယ် ကျွန်တော်တို့အားလုံး လွဲချော်သွားကြရင် မင်းရယ်၊ ငါရယ်၊ ကမ္ဘာကြီးရယ်၊ အရာအားလုံးရယ် လွဲချော်သွားကြရင် ငါတို့တစ်ခုခုကို မလုပ်ရသေးခင် တစ်ခုခုဖြစ်သွားရင် တစ်ယောက်မျက်နှာကို တစ်ယောက်က ငရဲမီးနဲ့ပက်မိသွားရင် ငါတို့ တစ်ယောက်ကိုယ်တစ်ယောက် အဓိပါယ်တွေပေါက်ပြဲကုန်ရင် ဘယ်လိုလုပ်မလဲ ခင်ဗျားက No Proxy ၊ ကျွန်တော်က 192.168.1.201 နဲ့ ခင်ဗျားဆီက ရိုက်ထည့်လိုက်တဲ့စာသားဟာ ကျွန်တော့်ဆီကိုရောက်ဖို့ ၃ စက္ကန့်လောက်ကြာတယ် ခင်ဗျားစာကိုမြင်ရင် ဦးနှောက်ထဲကို အချက်အလက်ရောက်ဖို့ ၀.၄ စက္ကန့်ကြာတယ် ကျွန်တော်တို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ အချစ် မင့်အင်္ဂါနဲ့ ငါ့အင်္ဂါထိတွေ့တဲ့အခါ ဘာအရသာထွက်မလဲဆိုတာ သိနေကြတာပဲ အခန်းလွတ်တစ်ခုထဲ တို့နှစ်ယောက်ဖြူစင်သန့်ရှင်းစွာ နေကြတာကိုတွေ့တဲ့အခါ လူတွေက ဘာလို့အထင်သေးကြတာလဲ ဇွန်လ ၁၆ ရက်နေ့ ငါ့မွေးနေ့ရှိတယ် မင်းက ဘယ်နေရာကိုရောက်နေမှာလဲ ငါတို့လွဲချော်သွားကြတော့မှာပဲ မင်းနည်းနည်းလေးမှ မတုန်လှုပ်ဘူးလား နည်းနည်းလေးမှ ငါ့ကိုဖက်တွယ်မထားချင်ဘူးလား မင်းနဲ့ငါချစ်ကြတာ ဘုရားသခင်အလိုတော်အတိုင်းဆိုတာ သေချာလို့လား ကိုယ့်သဘောနဲ့ ကိုယ်ချစ်ခဲ့ကြတာမဟုတ်ဘူးလား အချစ်ဆိုတာ ငါ့အတွက်တော့ မင်းရဲ့နားရွက်ကားကားလေးတွေကို ဖွဖွလေးကိုက်ချင်ရုံပါပဲဆိုတာ မင်းမသိခဲ့ရင် ငါဘယ်လိုလုပ်ရမလဲ မင်းရဲ့ လိုအင်ဆန္ဒပြီးမြောက်မှုကကော ဘာလဲ အချစ်_ စာချုပ်တစ်ခုပေါ်မှာ ဘဝကိုချည်နှောင်ထားသောစာသားများအောက်မှာ ငါမထိုးရဲသေးတဲ့ လက်မှတ်တစ်ခု အဲဒီလိုအဓိပါယ်ဖွင့်ဆိုမှုကြောင့် ငါတို့လွဲချော်သွားခဲ့ရင် မင်းဟာ ငါ့ထက်ပိုရုပ်ချော၊ ပိုချမ်းသာတဲ့ အဲဒီလူတစ်ယောက်နဲ့လက်ထပ်ဖြစ်ခဲ့ရင် မွေးလာတဲ့ ကလေးကို “သစ္စာတရား” လို့နာမည်ပေးပါ ငါတို့လွဲချော်ကြတော့မယ် အရာအားလုံးဟာ လွဲချော်မှုကြီး အရာအားလုံးဟာ Uncertainity Theory အထီးကျန်တယ်ဆိုတာ အထီးကျန်လို့ ငါချရေးလိုက်တဲ့ စာသားတစ်ကြောင်းပေါ့ မင်းကဘာလို့ ငါ့ထက်ပိုသိချင်နေရတာလဲ မင်းဓါတ်ပုံထဲက ပျော်ရွှင်နေတဲ့မျက်လုံးထဲမှာ သူစိမ်းတွေကို မကြောက်မရွံခင်တွယ်နေခြင်း ရနံ့ကိုငါရတယ် မင်းဟာ ဘာလို့ တစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်တတ်သွားရတာလဲ ငါဟာတဖြည်းဖြည်းနဲ့ မင်းဆီကနေ ကွာကျလာသလိုပဲ ငါမပြောဘူးလား ငါတို့ဟာ လွဲချော်သွားတော့မှာ ငါတို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ မင်းနည်းနည်းကလေးတောင် မတုန်လှုပ်ဘူးလား မင်းနည်းနည်းကလေးတောင် မကြောက်ရွံ့ဘူးလား *ငါလက်ကိုဆုပ်ကိုင်ပြီး ငါနဲ့အတူလိုက်ငိုပါ* ငါတို့လွဲချော်သွားကြရင်ဘယ်လိုလုပ်မလဲငါတို့လွဲချော်သွားကြရင် တစ်ခုခု… ဘာဆက်ရေးရင် ကောင်းမလဲ မောနွေ ။ ၂၀၁၀ ။ * --- * ကဗျာဆရာ ဇေယျာလင်းရေးခဲ့သော ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်ပါသည်။
Tue, 18 May 2021 - 03min - 42 - အောင်ခင်မြင့် - ငါမချစ်ခဲ့တဲ့ မိန်းမတစ်ယောက်အတွက် ဆွန်းနက်Mon, 17 May 2021 - 01min
- 41 - ဇေယျာလင်း (ဘာသာပြန်) - အမည်ပေးမထား ၁ / အမည်ပေးမထား ၂Sun, 16 May 2021 - 02min
- 40 - ဇေယျာလင်း (ဘာသာပြန်) - မိုးရေတွေထဲ မင်း ကိုယ့်ကို စောင့်နေတယ်
မိုးရေတွေထဲ မင်း ကိုယ့်ကို စောင့်နေတယ် | ဇေယျာလင်း (ဘာသာပြန်) You wait for me in the rain by Bei Dao
Sun, 16 May 2021 - 01min - 39 - သွေဟ - ဆယ့်နှစ်ပွဲဈေးသည်Sun, 16 May 2021 - 02min
- 38 - ရှိန်ဝါ - အေးဆေးပဲSun, 16 May 2021 - 00min
- 37 - စိုင်းဝင်းမြင့် - မိသားစုSun, 16 May 2021 - 01min
- 36 - မောင်ယုပိုင် - သစ်ခြောက်ပင်Sun, 16 May 2021 - 00min
- 35 - မောင်ယုပိုင် - ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဥ်မှာThu, 13 May 2021 - 05min
- 34 - လှသန်း - မင်းတစ်ယောက်တည်းမဟုတ်ဘူး
မင်းတစ်ယောက်တည်းမဟုတ်ဘူး လှသန်း _ လောကထောင့်ကျဉ်းထဲမှာ ခံတွင်းပျက်နေပြီလား - မင်းတစ်ယောက်တည်းမဟုတ်ဘူး လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။ တစ်ဘဝတည်းမှာပဲ နှစ်ဘဝစာလောက် ဒုက္ခခံခဲ့ရသမို့ - မင်းတစ်ယောက်တည်း မဟုတ်ဘူး အရှေ့တောင်အာရှက တရားမဝင်အလုပ်သမားတစ်ယောက်ကပြောတယ်။ နာကျည်းခံပြင်းမှုတွေကို အတိအလင်းဖော်ပြရရင် - မင်းတစ်ယောက်တည်း မဟုတ်ဘူး အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။ လူလိုမနေရတာ ကြာတော့ လူစိတ်ကလဲ ပျောက်လုလု - မင်းတစ်ယောက်တည်းမဟုတ်ဘူး အာဖရိကက စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။ ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ ခေတ်ကြီး တစ်ခုလုံးပါတယ် ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့ နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေ့ါ ကဲ.. ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင် ဂျာကာတာက ဖင်ရှင် ကဖေးမှာလား ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား တိုကျိုက ဆိုင်ဘာကဖေးမှာလား ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား ရေငုပ်သင်္ဘောလို နေလို့မဖြစ်တော့ဘူး… တဲ့ အာကာသယာဉ်လို နေမှဖြစ်တော့မယ်… တဲ့ ယဇ်ပလ္လင်ပေါ်ကို ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ် - မင်းတစ်ယောက်တည်း မဟုတ်ဘူး နေ့စဉ်နဲ့အမျှ ကားကြိတ်ခံနေရတဲ့ လမ်းမ က ထ အော်တယ် - မင်းတစ်ယောက်တည်း မဟုတ်ဘူး သွေးစသွေးနနဲ့တူတဲ့ စိန်ပန်းပွင့်တွေက ထ အော်တယ် - မင်းတစ်ယောက်တည်း မဟုတ်ဘူး မဝေးတော့တဲ့ နွေဦးအတွက် စုဘူးကို ဖောက်လိုက်ပါတော့ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ။ _ #လှသန်း
Mon, 02 Nov 2020 - 01min - 33 - သီဟသူ (ဘာသာပြန်) - ဘယ်လိုပြောရပါ့Mon, 02 Nov 2020 - 02min
- 32 - ဆူးနွယ် - ပန်းသီးပုံ ခေါင်းလောင်းနဲ့ ခေါင်းလောင်းပုံ မျက်နှာဟာ မမရေချယ်
ကျောက်ခေတ်က လက်နက်ကြမ်းတွေသုံးပြီး မမရေချယ်ကို တိမ်သားနဲ့ ထုဆစ် ရေဆူမှတ်အလွန် ၂၀၆ဒီဂရီခန့်မှာ အရည်ပျော်ကျလာမယ့် တိမ်ဟာ ဓာတ်ပေါင်းဖို အမှတ်၃မှာ တန့်နေ မမရေချယ်ဟာ စတုတ္ထမြောက် ထောင့်ကျဉ်းတြိဂံရဲ့ အနားသတ်မျဉ်းတွေပေါ် စင်္ကြံလျှောက်တတ် အံဆွဲ ဘယ်ဘက်ထောင့်နား ကပ်ထားတတ်တဲ့ ပူရှိန်း တရုတ်ပီကေတွေဟာ မမရေချယ်ရဲ့ သင်္ကေတပဲ သိပ္ပံခန်းထဲက ကုတ်အဖြူဝတ် ဒြပ်စင်နဲ့ ချိန်ခွင်လျှာ၊ ယူရေနီယံနဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ လက်နှိပ်စက်နဲ့ မိုးပြာရောင်ခေါက်ထီး၊ ကွီနိုင်နဲ့ အက်စ်ပရင်ဟာ အတွဲလိုက် နောက်ပြီး မမရေချယ်နဲ့ သဘာဝလွန်အိပ်မက်တွေလေ လူတွေသေရင် သူတို့ဝိညာဉ်တွေကို ကာလအပိုင်းအခြားတွေ အနံ့တွေနဲ့ မှတ်ထားသလိုမျိုးဆို တောင်ကြားလမ်းဆီက စက်တင်ဘာလေထုနဲ့ ပက်ပါးမင့်နံ့ဟာ မမရေချယ်ပေါ့ ပန်းသီးပေါင်မုန့်နဲ့ ဆိုဒါဟာ ရေချယ့်အတွက် နေ့စဉ်မနက်စာပဲလို့ ပြောတယ် ဂျယ်ရီကိုမြို့ဟောင်းမှာ နေထိုင်တဲ့ သမိုင်းဝင် ဆောင်ဓားရှည်တွေရဲ့ တစုတစည်းတည်း အိမ်ထဲက တကွဲတပြား ပေါင်မုန့်ဖိုတွေနဲ့ ဒလိမ့်တုံးပေါ်က ဓားခုတ်ရာကြီးကို သတိပြုဖို့တော့ လိုမယ် ညညဆို မမရေချယ်ရဲ့ ပိုးဂါဝန်ပျော့နဲ့ နွယ်ပင်တွေဟာ ရစ်နှောင်လေ့ရှိ ရေချယ်ရေ ဒီနေ့ စေတန်ဂြိုလ်မှာလည်း လဆန်း ၃ရက်ပဲ ပိုးတောင်မာရဲ့ ခြေချောင်းတွေမှာ ဂျုံမှုန့်တွေလူးနေတာ တွေ့တယ် ရေချယ့်မျက်နှာတခြမ်းက ရေထဲမှာ လဲနေ၊ ကျန်တဝက်က လင့်စင်ထက်မှာ နစ်နေ ဘယ်အချိန်မေးမေး ခလောက်မြည်သံသာလျှင် နာပျော်ဖွယ်အရှိဆုံး ထင်တာပဲ ပန်းသီးပုံ ခေါင်းလောင်းနဲ့ ခေါင်းလောင်းပုံ မျက်နှာဟာ မမရေချယ်သာ ဖြစ်တယ် ဆူးနွယ် 20.9.2020 (မမရေချယ်: တင်မောင်မြင့်ဘာသာပြန် ဝတ္ထုနှင့် ဇာတ်ကောင်အမည်)
Thu, 08 Oct 2020 - 02min - 31 - ဟံလင်း - သေခါနီးဖြစ်နေတဲ့ ရဲရဲ့မျက်နှာကို သေသေချာချာ ကြည့်ပြီးWed, 05 Aug 2020 - 03min
- 30 - မောင်ပြည့်မင်း - မောင်ချောနွယ် (၁၉၄၉ - ၂၀၀၂) အခက်ကြီးထဲ ခုန်ချMon, 03 Aug 2020 - 02min
- 29 - အောင်ခင်မြင့် - နှုတ်ခမ်းမွှေးရေစိုခါနီးကဗျာတစ်ပုဒ်Sun, 28 Jun 2020 - 01min
- 28 - မောင်ဒေး - ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကဗျာဖတ်ခြင်းSat, 27 Jun 2020 - 03min
- 27 - ဇာတိ - ငါ့ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ ၉Wed, 24 Jun 2020 - 01min
- 26 - မောင်ဒေး - ဒီနေ့ မိုးကုပ်စက်ဝိုင်းဆိုတဲ့ စကားလုံးအကြောင်း ငါ စဥ်းစားတယ်
မောင်ဒေး၏ ဒီနေ့ မိုးကုပ်စက်ဝိုင်းဆိုတဲ့ စကားလုံးအကြောင်း ငါ စဥ်းစားတယ် ကဗျာကို ရွတ်ဆိုခြင်း ဖြစ်ပါသည်။
Tue, 23 Jun 2020 - 09min - 25 - မောင်ဒေး - ကမ္ဘာကြီးဟာ လျှို့ဝှက်နက်နဲခြင်း လုံးဝ မရှိတော့ဘူးTue, 23 Jun 2020 - 01min
- 24 - ရှိန်ဝါ - တစုံတယောက်ဟာ တစ်နေရာမှာ အကြာကြီးပဲထိုင်နေ
တစုံတယောက်ဟာ တစ်နေရာရာမှာ အကြာကြီးပဲ ထိုင်နေတယ် တစုံတယောက်ဟာ ငိုင်ငိုင်ကြီးထိုင်နေပေမယ့် တခုခုကို ငေးနေတာလည်း မဟုတ်ဘူး တယောက်ယောက်ကို စောင့်နေတာလည်း မဟုတ်ဘူး တခုခုဖြစ်နေတာလည်း မဟုတ်ဘူး တစုံတယောက်ဟာ တစုံတခုမျှ လုပ်မနေတာသာဖြစ်တယ် ကြည့်မိသူ ငါ့အဖို့ကတော့ တစုံတယောက်ကို တခုခုတော့ လုပ်စေချင်မိတယ် ကြီးကြီးငယ်ငယ် ဘာပဲဖြစ်ဖြစ် တစုံတယောက်ကိုကြည့်ရင်း ငါ့မှာ တစုံတခုဖြစ်လာတယ် တစုံတယောက်ရဲ့ သေနေတဲ့မျက်လုံးကိုယူပြီး တခုခုကို အရသာခံကြည့်ပေးလိုက်ရမလား တစုံတယောက်ရဲ့ စေ့ထားတဲ့နှုတ်ခမ်းကိုယူပြီး လေလေးချွန်ပေးလိုက်ရမလား တစုံတယောက်ရဲ့ တွဲလောင်းကျနေတဲ့လက်ကိုယူပြီး လက်ဆစ်လေးတွေ ထိုင်ချိုးပေးလိုက်ရမလား တစုံတယောက်ရဲ့အရှေ့ မြစ်တစင်း သွားချပေးလိုက်ရမလား တစုံတယောက်ရဲ့ နံဘေး တောအုပ်တအုပ် သွားပုံပေးလိုက်ရမလား တစုံတယောက်ရဲ့ ပတ်ဝန်းကျင်ထဲ လေပြင်းလေးတွေ ထည့်ပေးလိုက်ရမလား တခုခုပါပဲ တကယ့်ကို တခုခုပါပဲ တစ်နေရာမှာ အကြာကြီး ထိုင်နေတဲ့ တစုံတယောက်ကို တခုခုလုပ်စေချင်တာလေး တခုပါပဲ တစုံတယောက်ဟာ တစ်နေရာမှာ အကြာကြီး ထိုင်နေတုန်း အဲဒိတစုံတယောက်ကို နောက်ထပ်တစုံတယောက်က အကြာကြီးပဲ ထိုင်ကြည့်နေတော့တယ်။ ၇၀ ၂၀၁၇ စက်တင်ဘာ ၄
Sun, 21 Jun 2020 - 01min - 23 - မောင်ဒေး - သွေးထဲကဆား
ငါ့ကိုကုမ်ရာသီရဲ့ ရေဖွေးဖွေးထဲမှာမွေးတယ်။ လားတွေဟာအပျိုစင်မဟုတ်ပေမယ့် လူသတ်သမားဟာ ငါ့သူငယ်ချင်း။ ဂျေရုဆလင်မှာငါမနေဘူး။ တရုတ်ပြည်လောက်ကြီးတဲ့ အံ့အားသင့်မှုဟာ ဝက်မျက်နှာနဲ့လာတယ်။ မိဘမဲ့တွေရဲ့ချက်ကြိုးနဲ့ ကြိုးတစ်ချောင်းကိုငါကျစ်တယ်။ ငါဟာအချက်အလက်။ မင်းမဟုတ်တဲ့အရာတိုင်းဟာ ငါ ဟုတ်လည်းဟုတ်တယ်၊ ငါ မဟုတ်လည်းမဟုတ်ဘူး။ ဘုရင့်နောင်ရဲ့လှော်တက်ကို ကျစ်နေအောင်ကိုင်ထားပေါ့။ ဂေါတမမြတ်ဗုဒ္ဓဟာ ပရိဘောဂမဟုတ်ဘူး။ သမ္မတကြီးရဲ့ဖင်ကို ကြုံရင်ကြုံသလိုဆိတ်ကြရမယ်။ ငါတို့မှာနည်းပညာရှိတယ်။ တောင်ပေါ်သူရဲ့ ပလိုင်းထဲမှာ ကင်ဆာတွေအပြည့်။ လူသေကောင်ပါးစပ်ကနေ ပိုးစုန်းကြူးထွက်လာတယ်။ နိုင်ငံတော်အလံမှာ စပါးနှံပုံကိုငါတို့မလိုတော့ဘူး။ တစ်ယောက်က ခွေးအကောင် ၁ဝဝကို တစ်ကြိမ်ပြန်ကိုက်ပြီး နောက်တစ်ယောက် က ခွေးတစ်ကောင်ကိုအကြိမ် ၁ဝဝ ပြန်ကိုက်တယ်။ ငါဟာအဲဒါကိုဘယ်လိုတပ်ဆင်ရမလဲဆိုတာရဲ့ငွေဝယ်ကျွန်။ ငါလာပြီး ငါသွားတယ်။ ချစ်တတ်ရင် အချိန်မဖြုန်းနဲ့။ ပါဝါဟာကဗျာဆရာကိုအစာခြေတယ်။ ငါမထည့်ရသေးခင် သူအော်တယ်။ မောင်ဒေး ၂၈ အောက်တိုဘာ ၂ဝ၁၂
Tue, 09 Jun 2020 - 01min - 22 - မောင်ဒေး - ဇွမ်ဘီ
ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။ လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။ ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန် နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့ အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။ လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့ အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့ နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။ အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။ မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း ကလည်းအောက်ထားပြီးသား။ အောက်သားတွေ မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ် ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့ နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။ ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။ ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ ဇွမ်ဘီပေါ့။ မောင်ဒေး ၂၂ ဒီဇင်ဘာ ၂ဝ၁၃
Tue, 09 Jun 2020 - 01min - 21 - မောင်ယုပိုင် - ရေခဲပြင်ကြီးတစ်ခုအောက်မှာMon, 08 Jun 2020 - 01min
- 20 - ရှိန်ဝါ - ဟင်းချက်နည်းလမ်းညွှန်
ဘတ်စ်ကားလက်ကိုင်ကွင်းကို လွတ်သွားတဲ့ ခဏမှာတင်ပဲ သူ့ကို ပြင်းပြင်းရှရှ သတိရမိတယ်။ ငါ ချော်လဲတော့ တကားလုံးက လူတွေ စိုးရိမ်တကြီးနဲ့ အရမ်းချစ်တယ်နော်လို့ လှမ်းအော်ကြတယ်။ ငါ့မှာ ငါးရာတန်ပဲရှိတော့ ဘတ်စ်ကားကနေ တဆင့် နိုင်ငံတော်ဆီမှာ အကြွေးသုံးရာ ရစရာရှိနေတယ်။ အဲ့ဒါ ငါ့ကောင်မလေးက ပြန်ဆပ်မှာပဲဆိုပြီး အေးအေးဆေးဆေး အိပ်နေလိုက်တော့တယ်။ မိုးရွာနေပုံက တကယ့်ကို အေးအေးဆေးဆေး၊ တချောင်းချင်းစီ ကျနေသလိုမျိုး။ မင်းဟာ အရသာသိပ်ရှိတဲ့ အီစိမ့်စိမ့် အုန်းနို့ခေါက်ဆွဲလေးဖြစ်ပြီး ငါက လတ်လတ်ဆတ်ဆတ် လှီးသင်ခံထားရတဲ့ ကြက်သွန်စိမ်းဖတ်လေးတွေပေါ့။ မိုးချောင်းတွေကို လှေကားလို နင်းတက်ပြီး ငါ ငိုတယ်။ အဲဒီမိုးရွာနေတဲ့အထက်မှာက မင်းမျက်နှာဝင်းဝင်းလေးလို နေသာနေတဲ့ ရာသီဥတု တခုရှိလိမ့်မယ်။ ဘတ်စ်ကားနံပါတ်ကို ငါမမှတ်ထားမိဘူး။ အဲဒီလို မှတ်မထားမိတဲ့ ကိစ္စတွေကို လမ်းထိပ်တရားပွဲက ဆရာတော်က ရှင်းပြရင် သိပ်ကောင်းမှာပဲ။ ငါ့မှာ ချွေးတွေ ရွှဲနစ်နေတော့ ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့။ ထီးကို ပိတ်လိုက်တော့ ထီးထဲမှာ ငါပျောက်သွားတယ်။ ငါတို့အတူသွားအိပ်နေကျ တည်းခိုခန်းရဲ့ ကုတင်ခေါင်းရင်းမှာ ဘယ်သူကပ်သွားမှန်းမသိတဲ့ ဝါးပြီးသား ပီကေကြီး ကပ်နေတယ်၊ အပြာရောင်ကြီး။ ကြက်ဥကြော်ကို နေလုံးလို့ သတ်မှတ်လိုက်တော့ ဒယ်အိုးထဲက ဆီပူထဲမှာ ကောင်းကင်ပြာကြီးကို ရှာနေမိတယ်။ မင်းက မီးဖိုခန်းထဲ အတင်းပြေးဝင်လာပြီး လက်ဆေးရေစင်မှာ စားထားသမျှတွေ အကုန်အန်တယ်။ နေလောင်ထားတဲ့ သူ့ကျောကုံးလေးကို တယုတယဖိပေးပြီး ဗမာပေါကားတွေထဲကလို ကိုယ်ဝန်ရှိနေတာလားလို့ ငါက နောက်လိုက်မိတယ်။ ကျွန်မ အစာမကြေတာက ရှင့်ကိုပဲလို့ သူက ဒေါသတကြီးနဲ့ ပြန်အော်တယ်။ သူ့သွားလေးတွေက လှလိုက်တာ။ ဒါကြောင့်လည်း ညဖက်အိပ်မပျော်တိုင်း သူ့သွားလေးတွေကို တချောင်းချင်းစီ ထိုင်ပြီးရေတွက်နေမိတာ။ ရှိန်ဝါ ၁၈/၆/၁၉ ၁၀:၄၃
Thu, 28 May 2020 - 02min - 19 - ဇေယျာလင်း (ဘာသာပြန်) - မင်းရဲ့လက်Sun, 10 May 2020 - 01min
- 18 - မောင်ဒေး (ဘာသာပြန်) - ကမ္ဘာကြီးကို မင်းရဲ့ပခုံးနဲ့ ထမ်းထားတယ်Sun, 10 May 2020 - 02min
- 17 - မောင်ဒေး (ဘာသာပြန်) - ဂါဝန်Sun, 10 May 2020 - 06min
- 16 - ဇေယျာလင်း - အမှတ်ရမှုတွေFri, 08 May 2020 - 02min
- 15 - မောင်ဒေး (ဘာသာပြန်) - စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ ပျော်ပျော်ပဲနေခဲ့ကြတယ်Thu, 07 May 2020 - 01min
- 14 - ဇော်ဇော်အောင် - ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေ၏Sun, 03 May 2020 - 13min
- 13 - ဝင်းမြင့် - အစပ်
ဟိုစပ်စပ် ဒီစပ်စပ် ဘာမှ ဟုတ်တိပတ်တိ ဖြစ်ထွန်းပေါက်မြောက်အောင် မလုပ်ဘူး အဖေ၊ ကျွန်တော် ကဗျာစပ်နေပါတယ်၊ ဆေးစပ်နေပါတယ်၊ အရောင်တွေ စပ်နေပါတယ်၊ သီချင်းတွေ စပ်နေပါတယ်၊ စပ်တာမှ ရှူးရှူးရှဲရှဲမြည်အောင် စပ်ချင်တာပါ၊ စပ်တာတော့ စပ်တာပေါ့၊ ဒါပေမဲ့ မင်းစပ်တဲ့အစပ်က သူများပါးစပ်ထဲ၊ လျှာထဲ စွဲသွားအောင်စပ်တဲ့ အစပ်မျိုးလား မင်းတစ်ယောက်တည်းစပ်နေရုံနဲ့ ပြီးမလား သူတို့ စပ်စပ် မစပ်စပ် အဓိကမဟုတ်ဘူးမဟုတ်လား၊ ကျွန်တော် စပ်နေမှ တစ်နေ့နေ့ သူတို့လည်း စပ်လာမှာပါ အခုဆို အဖေ ကျွန်တော့်ကို စပ်နေပြီ ကျွန်တော်ကလည်း အဖေ့ကို စပ်နေပြီ အဖေနဲ့ ကျွန်တော် စပ်နေတော့ နောက် ကျွန်တော်တို့မိသားစု အိမ်နီးနားဝန်းကျင်တွေ စပ်လာမှာပေါ့ တစ်မြို့နယ်လုံးစပ်ဖို့အတွက် ကျွန်တော် အရင်စပ်ပြမယ် ပြီးရင် အဖေ လိုက်စပ်မလား၊ ဒါဆို အဆင်ပြေမှာပါ၊ မင်းစပ်တာ ငါ ဘယ်လိုသိမှာလဲ စပ်တာကို ရေးပြစမ်း စပ်တာကို ဆွဲပြစမ်း စပ်တာကို တီးပြစမ်း စပ်တာကို မင်း ပုံဖော်နိုင်တဲ့တစ်နေ့ အဖေတစ်ယောက်အနေနဲ့ မင်းကို အထင်ကြီးမယ် မစပ်မချင်းတော့ မင်းတစ်ယောက်တည်း ဘယ်လောက်စပ်စပ် ငါ မစပ်ဘူး ငါမစပ်တော့ မင်းအမေလည်း မစပ်ဘူး မင်းအမေမစပ်တော့ မင်းရဲ့မောင်နှမတွေလည်း မစပ်ဘူး တစ်ကမ္ဘာလုံးစပ်ဖို့တော့ ဝေလာဝေး ဘယ်သူမှ အလုပ်မအားကြဘူး၊ မင်းလို မစပ်အားဘူး၊ ဒါဆိုလည်း မစပ်ကြနဲ့ အဖေရယ် ကျွန်တော်ဘာသာတစ်ယောက်တည်း ဟိုစပ်စပ် ဒီစပ်စပ် အတောမသတ်အောင် စပ်တော့မယ် စပ်ရင်းစပ်ရင်းနဲ့ တစ်နေ့နေ့ သူတို့စပ်လာကြမှာပါ စပ်လာကြပါစေ၊ မစပ်လည်း ပြဿနာမရှိပါဘူး စပ်တယ်လို့ပြောရင်း သူတို့စပ်တာကို သိကြတော့ စပ်မှာပါ။ ။ . ဝင်းမြင့်
Sun, 03 May 2020 - 01min - 12 - ဏေသစ် - ဇင်မောင်ကျော်ကိုကိုသန့်
ထီးတစ်လက်ကို ကောက်ကိုင်ပြီး မိုးထဲလေထဲ ပြေးဆင်းသွားတဲ့ ကောင်မလေးနောက်ကို ပြေးလိုက်တယ်။ ချက်ချင်းပဲ ဆောင်း ရောက်သွားတယ်။ နောက်တစ်ခါ မျက်စိဖွင့်ကြည့်တော့ သူချစ်တဲ့ ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ကိုယ် အားပေးတဲ့ အသင်း ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ လက်နှစ်ဖက်ကို နောက်ပစ်ထားခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန် အသိမပေးတာပဲဆိုတာကို ဇင်မောင်ကျော်ကိုကိုသန့် ကောင်းကောင်း သိတာပေါ့။ ဘဝနဲ့ ရင်းပြီး စီးခဲ့တဲ့ ဘတ်စ်ကားက အစ သူ့အပေါ် သစ္စာမရှိတော့တဲ့ နေ့ရက်တွေပါလေ။ ဟေး ... ဘယ်သူဘယ်ဝါ ..။ တောတောင်ရေမြေအထပ်ထပ်ကို ကျော်ဖြတ်ပြီး ချစ်ရသူရဲ့ နာရီဒိုင်ခွက်ထဲ အထိ အရောက်လာခဲ့မယ်။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နေ့စဉ်ဘဝကို ခပ်ညံ့ညံ့ ဇာတ်ဆောင်တစ်ယောက်လို ဖြတ်သန်းနေရသူပါ။ ပထမ တစ်ခါ မျက်စိဖွင့်ကြည့်တုန်းက သူချစ်တဲ့ ကောင်မလေးဟာ ရုတ်တရက် အသက်တွေ အရမ်းကြီးလာပြီး ငယ်သေးတဲ့ သူ့ကို ထားခဲ့တာလေ။ ခလုတ်တိုက်မိတဲ့ အိမ်ပြန်လမ်းမတွေကပဲ သူ့ကို အိမ်မပြန်ဖြစ်အောင် ချော့ခေါ် မျှားခေါ် ဖမ်းခေါ်သွားတာ။ "ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ " အဲဒီစာသားကို စက္ကူလေယာဉ်ပျံပေါ် ရေးနေတုန်း တစ်ဝက်မှာ ဆော့ပင် မှင်ကုန်သွားတာပေါ့။ ကံတွေဆိုးပြီဆို ကောက်ရတဲ့ ကလေးဂေါ်လီက အစ တခြမ်းပဲ့ နေတာမျိုးပေါ့။ နောင်နှစ်ပေါင်းများစွာ အကြာ ကားအကောင်းစားကြီးပေါ် ထိုင်ပါသွားတဲ့ သူငယ်ချင်းက အခု ကားမှတ်တိုင်မှာ မတ်တပ်ရပ်နေတဲ့ သူ့ကို မမြင်ချင်ယောင်ဆောင်မှန်း သိသာအောင် မမြင်ချင်ယောင် ဆောင်သွားတယ်။ ဇင်မောင်ကျော်ကိုကိုသန့်လည်း နာကျင်မှန်းသိသာအောင် နာကျင်ရတာပါပဲ။ ဘဝသရုပ်ဖော် ရုပ်ရှင်ဝတ္ထုများ လိုပေါ့။ ကံကောင်းတာ တစ်ခုက သူဟာ လောလောဆယ် အသည်းကွဲနေပြီး အဲဒီ အသည်းကွဲခြင်းအမှုကို ဘာကမှ အနှောင့်အယှက် မပြုနိုင်ဘူး ဆိုတာပဲ။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နောက်တစ်ကြိမ် မျက်စိ ထပ်ဖွင့်လိုက်တယ်။ ။ ဏေသစ်
Sun, 03 May 2020 - 01min - 11 - နေမျိုးဆက်လူ - မိန်းကလေး
ကျွန်မ မောင်လေးလေ၊ မနက်က ကျောင်းသွားမယ်ဆိုပြီး ထွက်သွားတာ၊ ခုညနေ ပြန်လာတော့ တစ်စစီ၊ လွယ်အိတ်တောင် မပါဘူး ဒါတောင် တခြားသူက ပြန်လာပို့ပေးလို့ ဘယ်လောက်တောင် တစ်စစီလည်း ဆိုရင် ခေါင်းနဲ့ ကလီစာတွေကို တစ်ထုပ်၊ ကျန်တာတွေကို တစ်ထုပ် ကျနော်တို့ မြို့မှာ အမှိုက်ပစ်တဲ့ အိတ်အမည်းတွေနဲ့ ထုပ်ပြီး ပြန်လာတာ၊ စစ်ကြည့်တော့ ခြေထောက်တစ်ဖက်နဲ့ လက်ချောင်းနှစ်ချောင်းလိုနေတယ်၊ ဘယ်ဘက် လက်ခလယ်မှာတော့ လက်စွပ်အရာကြီးနဲ့၊ လက်စွပ်တော့ မရှိတော့ဘူး ကျွန်မလည်း အတော်စိတ်ပျက်သွားတယ် မောင်လေး သေလို့ ဒီလောက် စိတ်မပျက်ဘူး ကျွန်မ အမေက ငိုလို့ မပြီးတော့ဘူး၊ သူ့ငိုတာကို စိတ်ပျက်တာ အဖေအလှည့်တုန်းကလည်း သူငိုပြီးပြီ၊ အဲတုန်းကလည်း ကျွန်မ စိတ်ပျက်တာပဲ၊ ဒါက ကျွန်မတို့ အရပ်ဒေသမှာ ဖြစ်နေကျ အထွေအထူး ခံစားနေလို့လည်း အပိုပဲ၊ အဲဒီအကြောင်းကို ကျွန်မက ရှင်းပြတော့ ကျွန်မက သေရင် ငရဲရောက်မှာတဲ့ ရောက်ပါစေပေါ့၊ ခုဒီမှာက ငရဲထက်တောင် ဆိုးသေးတယ် စဉ်းစားကြည့်လေ၊ ကျွန်မသွေးကို ခဏခဏ စုပ်တဲ့လူနဲ့ တူတူနေနေရတာ၊ နှစ်ပေါက်နေပြီ ဒဏ်ရာ နာကျင်မှုတွေ အကြောင်းလာမေးရင် ကျွန်မ ချွေးနံ့ကို ရှူခိုင်းရမှာပဲ၊ ဒါမှမဟုတ်လည်း ကျွန်မ သွေးကို နည်းနည်း မြည်းခိုင်းရမယ်၊ ကျွန်မ ခန္ဓာကိုယ်ထဲမှာက ရေတွေ၊ သွေးတွေ အစား သုတ်တွေ ပြည့်နေတာ တစ်ခါတစ်လေ ကျွန်မ အမေက လာသေးတယ် သူ့ယောက်ျားက သူ့ကို မချစ်တော့ပဲ ကျွန်မကိုပဲ ချစ်တော့တယ်တဲ့ ဟုတ်တော့လည်း ဟုတ်တယ်၊ သူ့ယောက်ျားက ကျွန်မ ဘယ်တော့ ရာသီလာတာ ပြီးမလဲပဲ စောင့်နေတာ ခုလည်း ကျွန်မမှာ ကလေးနှစ်ယောက်၊ တစ်ယောက်က ဗိုက်ထဲမှာ ပြောသေးတယ် အမေက၊ ညည်း အနေအထိုင် မဆင်ခြင်လို့ အဲလိုတွေ ဖြစ်နေတာ တဲ့ ကျွန်မ ဘာပြန်ပြောရမှာလဲ၊ အိပ်ရာဝင်တိုင်း ငရဲလား လူ့ပြည်လား ခဏခဏ ပြန်ပြန်မေးရတယ် သူ့ယောက်ျားဝင်လာပြီဆို သေချာတယ် ဒါငရဲပဲ အဲဒါကို အမေက လက်ပိုက်ကြည့်နေခဲ့တာလေ အဲတော့ သူ့သားသေလို့ ငိုလည်း ကျွန်မလက်ပိုက်ကြည့်နေရုံပေါ့ မိုင်းနင်းမိတာလေ၊ ဘာလို့ နင်းမိတဲ့ ခြေထောက်က ကျွန်မ ခြေထောက် မဖြစ်တာလဲ မသိဘူး ကျွန်မလမ်းလျှောက်ရင်း အမြဲတမ်း စဉ်းစားမိတယ် ရှေ့မှာ မိုင်းဆိုရင် ကျွန်မ ပြေးပြီး နင်းလိုက်တော့မှာ ခုတော့ စာသွားသင်လိုက်ဦးမယ်၊ ကကြီး ခခွေးတွေ ဘာပဲဖြစ်ဖြစ် ကိုယ့်နာမည် ကိုယ်လက်မှတ် ထိုးတတ်ရင်လည်း ကလေးတွေကို မိဘမဲ့ဂေဟာကို လက်မှတ်ထိုး လွှဲခဲ့လို့ရသားပဲ၊ ကျွန်မ အမေလက်ထဲတော့ ကျွန်မ မအပ်ခဲ့နိုင်ဘူး၊ လောကမှာ ကျွန်မ မယုံဆုံးက ကျွန်မ အမေပဲ။ နေမျိုးဆက်လူ ၂၀၁၅၊ မတ်
Sun, 26 Apr 2020 - 02min - 10 - ပိုင်စိုးဝေ - လူဆိုတာ အနွေးဓာတ်လိုတယ်
လူဆိုတာ အနွေးဓာတ်လိုတယ် မြနှင်းဝေရေ မင်းမရှိရင် ငါ မဖြစ်ဘူးကွဲ့ လူဆိုတာ အနွေးဓာတ်လိုတယ်။ အနွေးဓာတ်ဟာ တောင်အရပ်က စပြီး အမြဲ လာတယ်။ မြနှင်းဝေရေ တို့၊ ပင်လယ်တွေဆီ သွားကြစို့ အနွေးဓာတ်ဟာ တောင်အရပ်က စပြီး အမြဲတမ်း လာတယ်။ ဂုဏ်သိက္ခာနဲ့ ဘဝကို လျှော်ကြေးအဖြစ် ပေးဆပ်ကာ ကော်ပီသီချင်းတွေနဲ့ ဝမ်းစာရှာပြီး ကဗျာဆရာအဖြစ် သေလိုတဲ့ ငါ့မိတ်ဆွေလည်း အနွေးဓာတ် လိုအပ်ခဲ့မယ်။ ကြယ်တွေနဲ့ တိုးတိုက်မိမတတ် မှောင်မှောင်မည်းမည်း ကံတရားလမ်းမကြီးပေါ်မှာ မအေးကြည်လေးလည်း အနွေးဓာတ် လိုအပ်နေပြီပေါ့။ လူတိုင်းလူတိုင်းဟာ ပွင့်လင်းရာသီကို စောင့်မျှော်ရင်း နွေးထွေးမှုကို ငံ့လင့်ရင်း အချင်းချင်း တီးတိုးပြောဆိုနေကြရဲ့။ ဒါပေမယ့် မြနှင်းဝေရေ သီချင်းတစ်ပုဒ်ကို သီဆိုဖို့တော့ ဘယ်သူမှ သတိမရကြဘူးပေါ့။ ဥပမာ ငါတို့ရဲ့အာဇာနည်တွေနဲ့ သူတို့စတေးခဲ့ရတဲ့ဘဝများအကြောင်းပေါ့။ ဟောဒီ ဆောင်းဟာလေ လူတစ်ယောက်အတွက် မောင်းချဓားတစ်ချောင်းကို သွားပြီး သတိရစေနိုင်ရဲ့။ သူမျှော်လင့်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့အချစ်အတွက် သူပေးဆပ်နိုင်တဲ့ အကောင်းဆုံးအရာဟာ ဒါပါပဲလားလို့ တွေးမိသူတစ်ယောက်အဖို့ပေါ့။ ဘဝကို သီချင်းလုပ်လုပ်ပြီး ဆိုချင်တဲ့ လူတစ်ယောက်ရဲ့အဖို့မှာလည်း ဒီလိုလွန်ကဲတဲ့ ဆောင်းညတွေရဲ့ အေးခဲမှုထဲမှာ အနွေးဓာတ်ဟာ လိုမှာပေါ့။ ဆော်လမွန်ဘုရင်ကြီးလည်း အနွေးဓာတ် လိုအပ်ခဲ့မယ်။ ဆိုကရေးတီးလည်း အနွေးဓာတ် လိုအပ်ခဲ့မယ်။ ပါစတာညက်လည်း အနွးဓာတ် လိုအပ်ခဲ့မယ်။ တခါတုန်းက ချမ်းပြီးတော့ တုန်ရှာလွန်းလို့ သြဂုတ်လတွေဆီ ထွက်ပြေးသွားတဲ့ လူတစ်ယောက်ရဲ့ပုံပြင်လိုပေါ့ကွယ်။ ဟေ့ ကလေးလေးတွေရေ မင်းတို့အဖို့မှာလည်း အနွေးဓာတ်ဟာ လိုမှာပဲပေါ့ကွယ်။ မြနှင်းဝေရေ အနာဂတ်ဆိုတာ မရောတဲ့ကံကြမ္မာတစ်ခုမို့ ပျော်ရွှင်မှုအသစ်တွေ ရှိကောင်းရှိနေမယ်။ သောကဗျာပါဒနဲ့ ဒုက္ခတရားတွေ ရှိကောင်းရှိနေမယ်။ ဘာပဲဖြစ်ဖြစ် သဘာဝတရားကို ထာဝရဘုရားလို ငါ ယုံကြည်ခဲ့ပေါ့။ ရိုးရိုးရှင်းရှင်း အသက်ရှင်နေထိုင်ခြင်းအပေါ်မှာ မြတ်နိုးတွယ်တာတတ်တဲ့ ငါ့ရဲ့ ဟောဒီအိမ်ကလေးထဲမှာ အနွေးဓာတ်ဟာ လိုအပ်တာပေါ့။ ချမ်းလိုက်တာ တုန်လို့ကွယ် မင်းရောက်လာတဲ့ ငါ့အဖို့မှာ ဝမ်းလည်း ဝမ်းသာ၊ ပီတိလည်းဖြစ် ကျေးဇူးလည်း တင်၊ ဂုဏ်လည်း ဂုဏ်ယူ အားတက်ပြီးတော့ ငိုကြွေးမိရဲ့။ မြနှင်းဝေရေ မင်းမရှိရင် မဖြစ်တော့ဘူးကွယ့် လူဆိုတာ အနွေးဓာတ်လိုတယ်။ စောင့်ကြိုနေမယ့် အနာဂတ်ရဲ့ နေ့တစ်နေ့မှာ တို့နှလုံးသားကို တုန်ခါစေတဲ့ တို့မျှော်လင့်ခြင်းတွေရဲ့ အဆုံးစွန်ဖြစ်တဲ့ တို့ဘဝရဲ့ အလင်းရောင်ဖြစ်တဲ့ တို့အိပ်မက်တွေထဲ အမြဲ ဝင်ရောက် ပုန်းခိုနေတဲ့ တို့အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ တို့ရဲ့ရင်သွေး သမီးကလေးဆိုပါတော့ကွယ်။ ဒါပေမယ့် မြနှင်းဝေရေ ငါ ကြေကွဲရပေါ့။ အအေးဓာတ်ကြောင့် တို့နှစ်ယောက် ချမ်းပြီးတုန်ဖျား တစိမ့်စိမ့် နာကျင်ကိုက်ခဲ သွေးကြောထဲ အဆိပ်တက်ခဲ့ရပြီ။ ဟို မြောက်ဘက်တောင်ကုန်းတွေဆီက ရက်စက်လှတဲ့ အအေးဓာတ်တွေကြောင့် တို့မျှော်လင့်ချက်တွေ ပျက်စီးရပြီ၊ တို့နှလုံးသားတွေ ကွဲကြေရပြီ။ တို့ရဲ့အလင်းရောင်တွေ အမှောင်ဖုံးရပြီ။ တို့အသွေးအသားတွေ အဖျားတက်ရပြီ။ ချမ်းလည်း ချမ်း ရက်လည်း ရက်စက် ကြင်နာခြင်းလည်း ကင်းပြီး ကောက်ကျစ်စဉ်းလဲတဲ့ ဟောဒီ အေးခဲမှုတွေဟာ မြောက်ဘက်တောင်ကုန်းတွေဆီကနေပြီး တရွေ့ရွေ့ တိုးဝှေ့လာခဲ့ပေါ့။ အာဏာရဲ့ ဗဟိုချက်ဟာ မြေထဲပင်လယ်တစ်ဝိုက်ကနေပြီး ဥရောပတိုက်ဆီ တရွေ့ရွေ့ တိုးဝှေ့လာသလိုမျိုးပေါ့။ အသက်အရွယ်လည်း ကြီး အတွေ့အကြုံလည်း များပြီ ဝေဖန်ပိုင်းခြားတတ်တဲ့ ရှေ့မီနောက်မီ အဖိုးကြီးတစ်ယောက်ကတော့ သူနဲ့ တွေ့တဲ့ လူတိုင်းကို ဟောသလို ရှင်းရှင်းပြနေသံကြားတတ်ရဲ့။ ခိုက်ခိုက်တုန်ချမ်းတဲ့ ဒီလိုဆောင်းညတွေဟာ လူတွေရဲ့ကိုယ်ကျင့်တရားကို လာလာပြီး ဖျက်စီးတတ်ကြသတဲ့။ ဝပ်ကျင်းထဲက ကြက်ဖတွေလို လူတွေကို အညောင်းမိစေပြီတော့ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းသွားအောင်လည်း တုတ်နှောင်ထားတတ်ကြသတဲ့။ ဘာသန်တရ မတူတဲ့ နိုင်ငံရပ်ခြားက ကဗျာကဝိကြီးတစ်ဆူကတော့ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းကြီးတွေရဲ့ အသံသာသာကိုတောင် နာကျင်အောင် ကိုက်ခဲတတ်ကြပါသတဲ့လေ။ မြနှင်းဝေရေ မင်းနဲ့ငါ ပင်လယ်တွေကို ဖြတ် ကမ္ဘာပတ်ပြီး အနွေးဓာတ် ရှာမယ် ငါ ချမ်းလွန်းလို့ တုန်ခါနေပေါ့ကွယ်။ ငါ့တစ်ဘဝလုံးဟာ ကြေကွဲချင်လည်း ကြေကွဲရပါစေ တို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့ တို့မျှော်လင့်ချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့ မင်းရင်ထဲက သမီးလေး တို့ရဲ့ ရင်သွေး သမီးလေးသာ။ မြနှင်းဝေရေ အခုတော့ ငါကြေကွဲရပြီ . . . . ကြေကွဲရပါပြီ မင်းရင်ထဲက သန္ဓေသား ချမ်းလွန်းလို့ တုန်ပြီးဖျားနေပေါ့။ လူဆိုတာ အနွေးဓာတ်လိုတယ်။ ။ - ပိုင်စိုးဝေ
Sun, 26 Apr 2020 - 04min - 9 - ဇော်ဇော်အောင် - ယုဇနမခင်ပျိုSat, 18 Apr 2020 - 30min
- 8 - ဇေယျာလင်း - မမလီဇာ လိုင်ဇာရောက်ဖူးလား
မမလီဆာဟာ “ဒိုင်းနမိုက်” ပဲ ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကိုစွဲခဲ့တာ ဂစ်တာသံတွေ တဒိုင်းဒိုင်းကြားရင်းနဲ့အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာ မိသွားတယ် “ဒိုင်းနမိုက်”၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ “ဒိုင်းနမိုက်” လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားက မတင်သွင်းဘူး စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ် မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး “ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ၊သေနတ်နဲ့ပစ်မယ် ချစ်သူရယ်” အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည်းပဲ တောင်းတခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေး ယင်လုံအိမ်သာလေး “ဒိုင်းနမိုက်”၊မမလီဆာဟာ ကျွန်တော်ရဲ့ sex symbol ပဲ တစ်ခါ၊ “ပြည်၀” မှာမမလီဆာက ကျွန်တော်ကိုပဲ လက်ညှိုးထိုးပြီး “မောင်” သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အငြိုးနဲ့ကြည့်ကြ မမလီဆာကို သူတို့အကြမ်းဖက်၊အချောဖက်၊ငွေဖက်၊အာဏာဖက် အချင်းချင်းလက်ဆောင်ပေးဖက်၊ ကျွန်တော်ပေါက်ကွဲပေါ့၊ဒိုင်းနမိုက် “သေနတ်နဲ့ပစ်မယ်ချစ်သူရယ်” လက်နက်ကြီးတွေ၊စစ်လေယာဉ်တွေ၊ရဟတ်ယာဉ်တွေ၊တပ်ကြောင်းတွေ လိုင်ဇာက လိုင်ချီးသီးတွေတစ်ဖက်နိုင်ငံထဲ ခိုလှုံသွားကြတယ် ဖားကန့်မှာ တစ်တွင်းနဲ့မကြည်ရင် ခေါက်လိုက်မယ် နောက်တစ်တွင်းလာလိမ့်မယ်။ဖောရင်းကလာတဲ့ ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး၊ ဒိုင်းနမိုက်။မာလာဆောင်ပြည်လမ်းရဲ့ရှေ့မှာ၊ဒိုင်းနမိုက် မမလီဆာ၊ကျွန်တော်လက်နက်ချလို့အလင်း၀င်ခဲ့ပါပြီ ခြေတု၊လက်တုကအစ အတုတွေတပ်ဆင်ထားတဲ့ ဘဝကြီးမှာ စင်ပေါ်လည်းတင်ဆက်ဖျော်ဖြေပေးရတယ်၊ချစ်ကြည်ရေး စင်အောက်လည်းတင်ဆက်ရပြန်တယ်၊ဒိုင်းနမိုက် လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ပင်လုံဆေးရုံမှာ ကျွန်တော်သန့်ရှင်းရေး၀န်ထမ်းပါ၊သေနတ်ကို တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ်၊ဒိုင်းနမိုက် မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ ဆွေးနွေးညှိနှိုင်းအိပ်ပေးရင်း ပြည်ထောင်စုအထွတ်အထိပ် ရောက်မလား၊ဒိုင်းနမိုက်၊အိပ်ရာထဲမှာ ဒိုင်းနမိုက် ဖောရင်းကလာတဲ့ ပစ္စည်းမဟုတ်တော့ တန်ဖိုးနည်း တိုင်းရင်းသားတွေလား တစ်နိုင်ငံလုံးချမ်းသာဖို့၊ဒိုင်းနမိုက်တွေ သတ်သေကြပါစို့ ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ်၊ ချစ်လို့ပါကွယ် မမလီဆာ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ် အဲဒါအပျော့စားဒိုင်းနမိုက်၊ တဒိုင်းဒိုင်းနဲ့မိုက်တဲ့ ဒိုင်းနမိုက်။ ။ ဇေယျာလင်း
Sat, 18 Apr 2020 - 02min - 7 - မောင်သိန်းဇော် - မီးဖွင့်လိုက်
နေမွန်းတည့် ငါ့အိမ်မှာ အမှောင်တွေ သိပ်သည်းလွန်းလှသမို့ မီးဖွင့်လိုက် ခန်းလုံးပြည့်မှောင်တဲ့ အမှောင်ထဲ တိမ်ရောင်စုံ မမြင်ရ၊ ပင်လယ်စင်ရော်နဲ့လှိုင်းလုံးများ မမြင်ရ၊ စိမ်းညို့တောင်တန်းတွေ မမြင်ရ၊ ငါ့ရဲ့ တစ်ခန်းလုံးမှောင်ရဲ့ မီးဖွင့်လိုက် ချစ်ခြင်းစကားဖွင့်ဟတဲ့ မျက်လုံးလေးကို မမြင်ရအောင် မှောင်မည်း၊ အလှတရားနဲ့ ၀င်းမှည့်တဲ့ သီချင်းသံကို မကြားရအောင် မှောင်မည်း ပုပ်အဲ့အဲ့အမှောင်တွေသာ ပြည့်နှက်၊ ပြီးတော့ မှောင်မည်း မီးဖွင့်လိုက် လူတစ်ယောက်ရဲ့ ဦးခေါင်း၊ အိပ်မက်တွေနဲ့ အက်ကြောင်းထနေတဲ့ ကဗျာပေါ့၊ ဟောဒီကမ္ဘာ လင်း ရမယ်၊ ဟေ့ ညီလေး သန်မာတဲ့ အတွေးထဲက သွေးတစ်စက်ကျလာ မီးတောက်ဟာ ကိုင်လို့မရဘူး... မီးဖွင့်လိုက် အာရုံတွေ ငါ့အတ္တနဲ့ ထွန်းညှိ ပျော်မှုအတိပြီးတဲ့ အသံခြေလက်တို့နဲ့ပေါ့၊ လောကဓံတရားကို ညမွှေးကိုင်းတစ်ကိုင်းလို ငါတို့ဘ၀ထဲ ညွတ်ကိုင်းလာအောင် မီးဖွင့်လိုက် နှလုံးသားတွေနဲ့ ထွန်းညှိ၊ မြို့ရွှာတွေနဲ့ ထွန်းညှိ တိုင်းပြည်နိုင်ငံနဲ့ ထွန်းညှိ၊ ကမ္ဘာလောကနဲ့ ထွန်းညှိ အဲဒီ အလျှံညီးညီးပျော်ရွှင်မှုတွေရဲ့ အရိပ်နဲ့အရောင်ဟာ ဒြပ်၀တ္ထု အကောင်အထည်မရှိတဲ့ မောင်သိန်းဇော် တစ်ယောက်ဖြစ်တယ်၊ တောက်ပတဲ့ ပွဲခင်းကြီးဟာ မောင်သိန်းဇော် ရဲ့ အခြား မောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်၊ မီးဖွင့်လိုက် မနက်ခင်းလေးရ တို့နှစ်ယောက်ရဲ့ အလင်းရောင်ဟာ ဘယ်တော ဘယ်တောင်မှာ ရေငတ်နေပြီလဲ မီးဖွင့်လိုက် စိမ်းလန်းခြင်းကို ဘယ်ခါမမေ့လျော့တဲ့ လယ်ကွင်းတွေ ပျော်ရွှင်ဖို့၊ မီးဖွင့်လိုက်၊ မီးဖွင့်လိုက် မိုးသားတိမ်တိုက် (သို့မဟုတ်) ပျံသန်းလာတဲ့ သမုဒ္ဒရာကြီး အတောင်မညောင်းဖို့ မီးဖွင့်လိုက်၊ မီးဖွင့်လိုက် ရပ်နားခြင်းမရှိတဲ့ မြစ်ရေအလျဉ်တွေ လန်းဆန်းဖို့ မီးဖွင့်လိုက်၊ မီးဖွင့်လိုက် ဒီမှာ မိတ်ဆွေ ငါတို့အားလုံး ရဲ့ အမေ့ရင်ခွင် ထိန်ညီးဖို့ ကမ္ဘာကြီးကို မီးဖွင့်လိုက် ။ ။ - မောင်သိန်းဇော်
Sat, 18 Apr 2020 - 02min - 6 - စိုင်းဝင်းမြင့် - မောင်ချောနွယ်နှင့် ကမ္ဘာလဆန်းတစ်ရက်
ဆရာမောင်ချောနွယ် မကြာခဏပြောတတ်တာရှိတယ် လူညံ့တွေ ဖြစ်ထွန်းတဲ့တိုင်းပြည်တဲ့ ဖြစ်ထွန်းတယ်ဆိုတာ အရင်က မိုးတိမ်ဖြစ်ထွန်းတာတို့ ဒီမြေမှာ စပါးဖြစ်ထွန်း ပဲပြောင်းနှမ်းဝါ ဖြစ်ထွန်းတာတို့ ကောင်းတဲ့ လှတဲ့ဘက် တစ်ခုခုထွန်းပေါက်တဲ့အခါ အများထဲကတစ်ခုတစ်ယောက် ပြီးတော့များစွာ အဲဒီလို ပေါ့စတစ်တွေနဲ့သွားတာကိုပြောတာ ဆရာမောင်ချောနွယ်က လူညံ့တွေပေါတဲ့တိုင်းပြည် ထွန်းကားတဲ့မြို့ကြီးတစ်မြို့ လူညံ့တွေဖြစ်ထွန်းနေတာပါကွာ ဗိုလ်ကာတွန်းတွေချည်းပဲ လူညံ့တွေသာ ဖြစ်ထွန်းလွန်းလှချည်ရဲ့လို့ ၊ သလိပ်ဖတ်လို့ လမင်းကြီးကိုလည်း မြင်မိသူဖြစ်ပြီး အနုပညာမရခင် လူလည်လုပ်နည်းအရင်ရနေတဲ့ကောင်စားတွေ မျိုးပွားနေလေရဲ့တဲ့ ။ ပေါများတဲ့ လူညံ့တွေနဲ့ လူလည်လုပ်နည်းတွေကို တွဲလိုက်တော့ ပြီးပြီပေါ့ ။ စားပွဲပေါ်မှာကလည်း အပိုဆာဒါး ဒီဟင်းချိုတစ်ခွက်ပဲ ပူပူနွေးနွေးရှိလေတာ ချစ်မေတ္တာကြောင့်မှ မိသားစုစိတ်မှ သူငယ်ချင်းမိတ်ဆွေရင်းကြောင့် ဘဝအရသာကြောင့် မှ မဟုတ်ရင် ဘယ်လိုလူတွေ လူကြိုက်များတာလည်း စဥ်းစားသာကြည့်လိုက်ပေတော့ ။ လူကြိုက်နည်းတဲ့ကောင်ဆိုတာကလည်း မစဥ်းစားခြင်း သေတ္တာ နပ်(လူနပ်)တို့ခိုးဝှက်ခြင်းခံရခြင်းမှာ နှုတ်ခဲ့ရတဲ့သွားတစ်ချောင်း ပြန်စိုက်ပေးရဦးမယ်လို့ နေ့စဥ် နေ့စဥ် ထိသိနေရတာ ။ မလည်လို့ပေါ့ လည်ရင် ဟုတ်ကဲ့ဟုတ်ကဲ့ လို ပြောပြောနေမှာပေါ့ လှသန်းရာ ငါလည်းမင်းလို မအဘူးထင်နေလား ၊ အ ရင် တွေ့သမျှမင်္ဂလာပါလို့ ပြောပြောနေမှာပေါ့ ၊ ဟုတ်ပြီလေ ကျွန်တော်လည်း လည်လို့ အ လို့ရှိရင် ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပြီး မီးဖိုချောင်ကိုလည်း မီးခိုးရောင်နံရံဆေးသုတ် အိမ်ရှေ့ကလမ်းကို ပန်းနုရောင် ကြွေပြား ခင်းထားလိုက်မှာပေါ့ ။ ။ စဝမ ၂၀၂၀
Sun, 12 Apr 2020 - 01min - 5 - မောင်သိန်းဇော် - ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့
စိတ် ကလေး မလွမ်းအောင် နေလို့ မရဘူး လွမ်း လွမ်းနေ ၊ သူ့ခမျာ မပျော်အောင်လည်း နေလို့ မရဘူး ၊ ပျော် ပျော်နေ ဟေး ဂျွန် အချစ်ကို မနိုင်မနင်းသယ်ဆောင်လာတဲ့ တစ်မျှော်တစ်ခေါ်အနမ်းရဲ့ ဟိုး အတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့ ၊ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့ လေယာဉ်ပျံကြီး နဲ့မှ မဟုတ်ပါဘူး ၊ ပျံလွှားငှက်လေး နဲ့လည်း လိုက်မယ် ။ ဒီ လောကီမှာ ဒီပါးပြင်လေးကို ဒီ နှစ်လုံးသားအရူးအမူးလေးက ဘယ့်နှယ့်လုပ်လို့မှ သူစိမ်းပြင်ပြင် သဘောမထားနိုင်ရှာတဲ့အတွက် ဂျွန်ရေ စိတ်ကို ဖမ်းကြပေရော့ ၊ အနမ်းဆိုတာ ခိုးယူလို့မရနိုင်ဘူးလား? သူကသိပ်လှတယ် မျက်လုံးတွေ ၊ အကြည့်တွေ မသိအောင် တစ်မျိုး သိအောင် တစ်မျိုး လှသူပေါ့ ။ အနှယ်အမှုံထနေတဲ့ ည အပြာက ကြယ်သား နုနုထွတ်ထွတ်တွေကိုမှ စွဲ မက်သတဲ့ ၊ သက်တန့်တွေ ၊ ကြယ်တွေ ပန်းပွင့်တွေ... သဘာဝလောကကြီးရဲ့ ကိုယ်နေခါးကျတွေ ဘယ်လိုပဲ လှ,လှနေပေမယ့် သူကလေးကမှ အိနြေ္ဒရတာပါ ၊ သူ့မှာ စကားလုံးတွေလည်း လှပတယ် ပြီးတော့ တသွင်သွင် စီးဆင်းလို့ ၊ ဂျွန့်ကို ပြောလိုက်ပါ ငါတို့ မြစ်ဆီ သွားဖို့ မလိုတော့ဘူး ။ ။ မောင်သိန်းဇော်( ၁၉၉၅ )
Sat, 11 Apr 2020 - 01min - 4 - ဇာတိ(အန္တိမ) - ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ
အသံနဲ့လဲ ရောက်ရပါစေ …. အလင်းနဲ့လဲ ရောက်ရပါစေ …. မကြည်ဖြူ …. ၊၊ ၊၊ အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊ အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊ ပြီးတော့ …. ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊ ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ ရူးသွားမိတယ် ထင်တယ် မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့ စာအုပ်တွေထဲမှာ အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊ အရောင်တွေကို အသံနဲ့ကြားရပြီး ၊ အသံတွေကို အရောင်နဲ့ မြင်ခဲ့ရ … မကြည်ဖြူ သည် ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် …. မကြည်ဖြူ သည် ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် …. မကြည်ဖြူ သည် အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် …. မကြည်ဖြူ သည် ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး … ဖြစ်သည် ၊၊ “မကြည်ဖြူ ကို သိပ်ချစ်တာပဲ” လို့ ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က ကိုယ့်ကိုကိုယ် စိတ်ဆိုးမိခဲ့သည် ၊ ဘာ သား နဲ့ လုပ် ထား တဲ့ လူ ကောင် လေး မို့ လို့ လဲ အ ချစ် ရေ . . . . . မ နာ လို ပါ ဘူး ကွယ် ၊၊ မကြည်ဖြူ က ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ “အလင်း နဲ့ အမှောင်ဟာလည်း ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း” ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊ ကျွန်တော်ဟာ မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော ကဗျာစောင့်နတ်သား ပါ မကြည်ဖြူ ရယ် ၊၊ မကြည်ဖြူ ကို နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး စိတ်နဲ့တောင် ဝေးတဲ့နေရာကို ခေါ်သွားကြတော့မယ် .. တဲ့ ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး ဆွံ့ – အ – ကြောင် – ကန်း ကျွန်တော်တို့ တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ် မ ကြည် ဖြူ ။ ၊၊ မကြည်ဖြူ ရှိနေတော့မယ့် ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ ပို လှ သွား တော့ မယ် ထင် တယ် …. . . . . . . . . . . . . . . . . . . “လေယာဉ်ပျံကြီးနဲ့မှ မဟုတ်ပါဘူး …. ပျံလွှားငှက်ကလေးနဲ့လည်း လိုက် ခဲ့ မယ် .. ၊၊ ၊၊” ……………………………….. ခုတော့ … လက်ထဲက စက္ကူလေယာဉ်ပျံလေး လွှတ်လိုက်ရတာတောင် နာ နာ ကျင် ကျင် နဲ့ ကျွန် တော် …. နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို မ သွား ရဲ ဘူး .. ၊၊ ၊၊ ဘာ ပဲ ဖြစ် ဖြစ် မကြည်ဖြူ ရယ် … မကြည်ဖြူ ဟာ ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့ ကျွန်တော်က မကြည်ဖြူကို နံရိုးတစ်ချောင်းပေးပြီး မကြည်ဖြူ က ကျွန်တော့်ကို နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ … ……. အဲ့ဒီ နှင်းဆီဖြူဖြူလေးအား ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည် ……. ပြီး … မကြည်ဖြူ ၏ လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည် “ စာသံပေသံတော့ မပါဘူးကွယ် ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့ ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ” ဤ မှန်သော သစ္စာ ကဗျာ ကြောင့် ချစ် ရ ပါ သော မကြည်ဖြူ ရေ …. အသံနဲ့လဲ ကြားပါစေ အလင်းနဲ့လဲ မြင်ပါစေ မကြည်ဖြူ ရယ် ..၊၊ ၊၊ - ဇာတိ (အန္တိမ)
Sat, 11 Apr 2020 - 02min - 3 - ဆပ်ရိပ် - ငါမင်းကိုသတိရတယ် ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်
အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။ နွေရက်တွေမှာ တစ်ယောက်တည်း လူးလိမ့်ရင်း၊ မိုးရက်တွေမှာ စိုထိုင်းအုံ့မှိုင်းရင်း ၊ ဒီဇင်ဘာရောက်ရင် အေးစိမ့်မှုကို မျှော်လင့်ရင်းပေါ့။ သီချင်းတပိုင်းတစနဲ့ပဲဖြစ်ဖြစ် ရေမွှေးနံ့လေးကြောင့်ပဲဖြစ်ဖြစ် အရာအားလုံးပြန်မြင်ရဖို့ အရာဝတ္ထုသေးသေးလေးတွေကိုပဲ တကယ်တမ်းလိုအပ်ပါတယ်။ နေ့စဉ်ဘဝမှာ မင်းလိုပဲ လူတွေဟာ ဝင်ထွက်သွားလာနေမှာပေါ့။ပြီးတော့ မင်းရယ်သံတွေမှာ ငါတစ်ယောက်တော့ ပါဝင်ခြင်းမရှိတော့ဘူးပေါ့။ ဆူညံနေတဲ့မြို့လယ်ခေါင်က ကားတွေလူတွေကို အကြောင်းပြချက်မရှိငေးရင်း မင်းအကြောင်း တွေးမိချင် တွေးမိနိုင်ပါတယ်။ မင်းအကြောင်းကို ရှောင်ချင်ရင် ရန်ကုန်မြို့ကိုပါ ငါရှောင်ပစ်မှရမယ်။လက်ဖက်ရည်ဆိုင် စားပွဲခုံတွေပေါ်မှာ ထားခဲ့တဲ့ တစ်ရှူးစတွေလိုမျိူး ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် လိုအပ်ရုံသာ လိုအပ်ခဲ့ပုံပဲ။ကော်ဖီတွေအေးသွားတာ ဘယ်လောက်ကြာပြီလဲဆိုတာကို ခဏခဏစဉ်းစားနေမိတယ်။ဘာ့ကြောင့်အေးသွားလဲဆိုတာကိုတော့ အလိုလိုနားလည်ရင်းနဲ့လေ။အာကာသထဲက အစိတ်အပိုင်းတွေ လွင့်မျောနေတာမှန်းသိနေပြီးပေမယ့်လည်း ကြယ်ကြွေနေတာတွေ့ရင် ဆုတောင်းချင်နေတဲ့ စိတ်လိုမျိုးပဲ။မင်းမပါပဲ နေရခြင်းဟာ အသားကျဖို့ လွယ်တယ်တော့မဟုတ်ဖူး။ မဖြစ်နိုင်တာတွေ ဖြစ်နိုင်တာတွေ ၊ ချစ်ခြင်း မုန်းခြင်းတွေ စတဲ့ လူ့လောကရဲ့ ရှုပ်ထွေးတဲ့ စကားလုံးတွေကြားမှာ ရိုးရိုးသားသား ငါမင်းကိုသာ လိုချင်ခဲ့တာ ဝန်ခံပါတယ်။ဒါပေမယ့် သံယောဇဉ်ဟာ ဆွဲဆန့်လို့ရတဲ့ အရာဝတ္ထမဟုတ်လို့ ငါမင်းကို နှုတ်ဆက်ဖို့ပဲ ရွေးခဲ့တာပေါ့။ လူတွေဘာလို့ ခွေးတွေကိုချစ်လဲဆိုတော့ ခွေးတွေက သူတို့စကားနားထောင်ပြီး ကျွန်လို နေထိုင်ပေးကြလို့တဲ့။နေ့စဉ်ဘဝရဲ့ ဟာနေတဲ့ကွက်လပ်တစ်ခုကို ချစ်ခြင်းတစ်ခုပေါင်းပြီး ဖြည့်စွက်ခြင်းပေါ့လေ။ ငါကတော့ ပွတ်သီးပွတ်သပ်မနေတတ်တဲ့ ကြောင်မလေးကိုပဲ သတိရနေမယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့လူတွေကြားထဲ အသံသေးသေးလေးနဲ့ ကြွတ်ဆတ်ဆတ် စကားပြောပုံ ၊ စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ပုံတွေဟာ မင်းရဲ့သင်္ကေတလေ။ အဲ့ဒီ ရိုးသားမှုနဲ့ပဲ မင်းအမြဲပျော်ရွှင်နေမယ့်အကြောင်း ငါစိတ်ချခဲ့တာ။ ဒါက ထွက်သွားတာတွေ နေခဲ့တာတွေမဟုတ်ဖူး။ တစ်ယောက်ဘဝထဲ တစ်ယောက် မရှိကြတော့ရုံပဲ။ ဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုလေးပဲမှတ်လား။ အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။မင်းရဲ့မျက်နှာကို ငါ့စိတ်အာရုံထဲမှာ ဖော်ကြည့်ဖို့တောင်ခက်ခဲလာမယ်။ မင်းဖုန်းနံပါတ်ကို ငါအလွတ်မရနိုင်တော့ဘူး။ မင်းအသံနဲ့တူတဲ့အသံကြားရရင် ငါလှည့်မကြည့်ဖြစ်တော့ဘူး။ ကောင်းကင်တစ်ခုတည်းအောက် အတူတူရှိနေတယ်ဆိုတာကလွဲလို့ ငါတို့ဆုံစရာအကြောင်းတွေ ငါရှာမနေတော့ဘူး။နောက်ဆုံးတော့ အေးနေတဲ့ကော်ဖီကို ကြိတ်မှိတ်မျိုချပြီး အိပ်ယာပေါ်လှဲချလိုက်မယ်။မာနတစ်ခုအတွက် ဆုံးရှုံးစရာတွေအများကြီးပေါ့။ငါမင်းကိုသတိရပါတယ်။ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်။
Sun, 05 Apr 2020 - 03min - 2 - ဝင်းမြင့် - ရည်းစားစာ
ကျွန်တော့်ရဲ့ မခင်သစ်ပင် ။ အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင် ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ ဘယ်သူ ကန့်လန့်ကာလဲ တောတောင် လျှိုမြောင် ပိတ်ကားရှေ့ ကျွန်တော်အော်ခေါ်နေတာ အနှစ်သုံးဆယ် ။ မခင်သစ်ပင် ဇာတ်လမ်းအရ ငိုချင်လည်း ငိုမယ် ပျော်ချင်လည်း ပျော်ရမယ် ကျွန်တော် တယော မထိုးတတ်ဘူး ရောမမြို့ကြီး မီးလောင်ရင်လည်း ကြည့်မနေနိုင်ဘူး ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး ကျွန်တော်ဟာ ချစ်တတ်လို့ ။ မခင်သစ်ပင် ကျွန်တော်တို့ နှစ်ယောက်ကြား ဘာကြောင့် ဘာသာပြန် တစ်ယောက် ခေါ်ထားသလဲ ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်း ချင်တယ် မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလည်း ခေတ်မရှိတော့ အင်ကြင်းပင်ကလည်း ရှာရခက်တယ် ။ ကျွန်တော့်ရဲ့ မခင်သစ်ပင် မခင်သစ်ပင် ပွင့်ပြမှာလား ကျွန်တော်ခုတ်ပစ်ရမလား ဒါမှ မဟုတ်ဘုရားမှာ လှူ မလား ကျွန်တော်နဲ့ ခင်ဗျားကြားမှာ ပန်းတစ်ပွင့် ခြားနေတယ် ။
Sun, 05 Apr 2020 - 01min - 1 - နေမျိုး - တစ်စုံတစ်ယောက်ကို သင် ချစ်တော့မည်ဆိုလျှင်
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် ပထမဦးဆုံးစဉ်းစားထားဖို့ လိုတာက သင့်ဝိညာဉ်ကို ဘယ်အတိုင်းအတာအထိ ခွဲဝေပေးနိုင်သလဲ ဆိုတာပါပဲ။ အဲဒီအချက်ကို သိရှိပြီးရင် နောက်ထပ် သင်နားလည်ထားရမှာက လက်တွေ့မှာ သင် ခွဲဝေပေးနိုင်တာထက် အနည်းဆုံး၂ဆပိုပြီး အသုံးပြုရမှာဖြစ်တယ် ဆိုတာပါပဲ။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သူဝမ်းနည်းတဲ့အခါ သင် မျက်ရည်ကျရလိမ့်မယ်၊ သူပျော်ရွှင်တဲ့အခါ သင် ရယ်မောရမှာ ဖြစ်တယ်။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သူ့ကိုမချစ်မိအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ကြည့်ပါ။ ယနေ့ခေတ်မှာ မချစ်မိအောင်ကြိုးစားရင်း သံယောဇဉ်ဖြစ်သွားကြသူတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်လာပြီ ဖြစ်ပါတယ်။ အချစ်ဆိုတာကတော့ နှစ်ယောက်တစ်ကမ္ဘာပါပဲ။ အဲဒီကမ္ဘာရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အချစ်ကို သိရှိနားလည်ကြတယ်။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သင်ဟာ တစ်သက်တာမှာ အထူးခြားဆုံး ဘာသာရပ်ကို သင်ကြားရတော့မယ်လို့ နားလည်လိုက်ပါ။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သင့်အိတ်ထဲက ပိုက်ဆံတွေ လျော့လျော့သွားလိမ့်မယ်။ သင်က ဒါကိုပဲ ပျော်ရွှင်နေဦးမှာဖြစ်တယ်လို့ ကြိုတင်အသိပေးလိုက်တယ်။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် နေမင်းကြီးထွက်ပေါ်လာပုံကို ပိုပြီးအဓိပ္ပာယ်ကြွယ်ဝစွာပင် နားလည်မိမှာ ဖြစ်တယ်။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာဟာ မီးလောင်နေပြီး အဲဒီနေရာကို မီးသတ်ကားတွေဟာ ဘယ်တော့မှ ရောက်အောင်မသွားနိုင်ကြဘူးကွဲ့။
Sun, 05 Apr 2020 - 01min
Podcast simili a <nome>
El Partidazo de COPE COPE
Herrera en COPE COPE
Panda Show - Sin Picante El Panda Zambrano
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Hondelatte Raconte Europe 1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Enquêtes criminelles RTL
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
Nadie Sabe Nada SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
