Filtra per genere

"Memories of a Poet" by Nyein Wai

"Memories of a Poet" by Nyein Wai

BurmaPodcastNetwork

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီးနှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို " ကဗျာဆရာ၏ မှတ်ဥာဏ်များ" သို့မဟုတ် " Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါအုံးခင်ဗျာ။

10 - Eps#010|ကမ္ဘာကြီးပျက်နေတာကြာပြီဆိုတဲ့ ဆရာကွန်စစ်ကောင်း
0:00 / 0:00
1x
  • 10 - Eps#010|ကမ္ဘာကြီးပျက်နေတာကြာပြီဆိုတဲ့ ဆရာကွန်စစ်ကောင်း

    ပျက်နေတဲ့ကမ္ဘာကြီးကို ဘယ်သူတွေဖန်တီးပြီး ဘယ်သူတွေကယ်တင်ကြမလဲဆိုတာ ငြိမ်းဝေရဲ့ စေ့စပ်လှတဲ့ ကဗျာသုတေသနတွေနဲ့ အတွေးအမြင်တွေ ဖလှယ်ထားတာ နားဆင်ကြရမှာ ဖြစ်ပါတယ်။


    Mon, 22 Jan 2024 - 06min
  • 9 - Eps#009|မလိုမပို ကဗျာတစ်ပုဒ်ဆိုတာ ဘာလဲ

    ရေးသူပြောသူ မျှဝေယူကြတဲ့ ကဗျာလောကသဘောကို ဇောချွေးဆိုတဲ့ကဗျာနဲ့ ရှာဖွေတင်ပြထားတာမို့ သောတရှင်များ နားဆင်မှတ်သားနိုင်ပါတယ်။


    Mon, 15 Jan 2024 - 05min
  • 8 - Eps#008|ကဗျာဆိုတာ ဘာလဲ

    ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေ(ကဗျာ့အိုးဝေ)ဟာလည်း သက်ရှိသက်သေ တစ်ဦးဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။

    Mon, 08 Jan 2024 - 04min
  • 7 - Eps #007 | "အဝယ်တော်"ကဗျာ

    အဖ မဲ့ သားသမီးများ သားသမီးမဲ့ အမိအဖများစွာ ကျုပ်တို့ တိုင်းပြည်မှာတစ်ရက်ချင်းပိုပိုများလာကြပါတယ်။ နှစ်သစ်ကူးသည့်တိုင် ဆက်လက်တိုက်ပွဲဝင်နေရဆဲဖြစ်တဲ့ အိမ်ဝေးသူရဲကောင်းများနဲ့ အနယ်နယ်အရပ်ရပ်က ချစ်မိတ်ဆွေများအတွက် ကဗျာဆရာလှိုင်းထက် ရဲ့ အဝယ်တော် ဆိုတဲ့ကဗျာလေးကို ကျနော်ငြိမ်းဝေ ခံစားတင်ဆက်လိုက်ရပါတယ်။

    Thu, 04 Jan 2024 - 05min
  • 6 - Episode # 6 - ဗိုလ်နေဝင်းကို ကလိတဲ့ မျက်လှည့်ဆရာကြီးရဲ့ မယားကဗျာ

    ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဖက်က ရပ်နေကြသလဲ။ အာဏာရှင်ရဲ့ စိစစ်ရေးအမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ်နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လည်း ဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို တင်ဆက်ထားပါတယ်။

    Tue, 14 Nov 2023 - 06min
Mostra altri episodi