Filtrar por gênero
- 26 - Shifting Gear EP 2Fri, 25 Feb 2022 - 2h 01min
- 25 - Inside The Company EP 1Thu, 17 Feb 2022 - 2h 25min
- 24 - How To Close DealThu, 03 Feb 2022 - 1h 47min
- 23 - အကျင့်ဆိုးတွေဘယ်လိုပြင်မလဲThu, 27 Jan 2022 - 1h 44min
- 22 - ခေါင်းဆောင်မှုရဲ့အရေးပါပုံThu, 20 Jan 2022 - 1h 41min
- 21 - အချိန်စွဲတဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ?Thu, 13 Jan 2022 - 1h 17min
- 20 - New Year Resolution 2022Thu, 30 Dec 2021 - 1h 37min
- 19 - အလုပ်လုပ်ဖို့ ဘွဲလိုသလား?Thu, 06 Jan 2022 - 1h 28min
- 17 - အဆိုးထဲကအကောင်းThu, 15 Feb 2024 - 1h 25min
- 16 - Hack To Double Your ProductivityThu, 09 Dec 2021 - 1h 12min
- 14 - Current Read
Current read isn’t book review ❌ Current read ဆိုတဲ့ လစဉ်roomလေးက စာအုပ်တွေကို review လုပ်ပေးတာမဟုတ်ပဲနဲ့ စာအုပ်ဖတ်ပြီးတဲ့အခါ သိလာတဲ့အမြင်တွေကို ဘဝအတွေ့အကြုံတွေနဲ့ပါ တွဲပြီးပြောပြပေးထားတဲ့အတွက် အလွန်နားထောင်သင့်တဲ့roomလေးပါ။ ဒီလအတွက် ကိုဝဏ္ဏဖတ်ခဲ့တဲ့စာအုပ်လေးက Seth Godin ရေးသားထားတဲ့ The practice ဆိုတဲ့ စာအုပ်လေးဖြစ်ပြီးတော့ဒီစာအုပ်ထဲက အဓိကဖြစ်တဲ့ “4 types of Human” “Talent is skill” “Love the progress” စတဲ့ အကြောင်းအရာတွေ့ကိုအကျယ်တဝင့်ပြောပြထားပါတယ်။ ကိုလပြည်ကတော့ Jordan Peterson ရဲ့ 12 rules of Life စာအုပ်အထူကြီးထဲက6ချက်ကိုထုတ်နူတ်ကာ အတွေ့အကြုံတွေနဲ့အတူ သေသေချာချာပြန်ရှင်းပြထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မအားတဲ့အခါ ဒီroomလေးကို နားထောင်ရုံနဲ့ international စာအုပ်ကောင်းနှစ်အုပ်နဲ့ရင်းနှီးသွားမဲ့အပြင် စာဖတ်တာထပ်ပိုတဲ့အမြင်တွေကိုပါရရှိစေမဲ့ roomလေးဆိုလဲ မမှားပါဖူး။ မှတ်သားစရာလဲများသလို ပေါ့ပေါ့ပါးပါးနဲ့နားထောင်လို့ကောင်းတဲ့ roomလေးဖြစ်လို့ ယခုပဲနားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျ။🙏
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန်
-> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန်
-> https://www.blancafurniture.com
Sun, 11 Dec 2022 - 1h 32min - 12 - Public Speaking
လူအများစုအနေနဲ့ လူရှေ့ စင်မြင့်ပေါ်မှာ စကားပြောဖို့ကို ကြောက်တတ်ကြပါတယ်။ ဒီနေ့စကားဝိုင်းမှာတော့ စင်ကြောက်တတ်တဲ့သူတွေ အခုကနေစပြီး Public Speaking လုပ်ဖို့ စဉ်းစားနေတဲ့သူတွေအနေနဲ့ နားထောင်သင့်တယ်လို့ မြင်ပါတယ်။ ပထမဆုံးအနေနဲ့ လူတွေကကိုယ့်စကားကို ဘာအတွက် နားထောင်ဖို့ လာတာလဲ? စကားပြောတဲ့နေရာမှာ ဘယ်အရာတွေကို Focus လုပ်သင့်လဲ? Audience တွေနဲ့ ဘယ်လို အချိတ်အဆက်ယူမလဲ? ဆိုတာတွေကို ဥပမာတွေနှင့်တကွ ရှင်းပြထားပါတယ်။ ဒါတွေအပြင် Stage Fright ဖြစ်တတ်တဲ့ Introvert တွေအတွက်လည်း အတွေ့အကြုံရှိတဲ့ ကိုမင်းဇော်က Tips and Tricks တွေ အများကြီးကို ပါဝင်ပြောပြထားပါသေးတယ်။ နောက်ဆုံးအနေနဲ့ ကိုဝဏ္ဏက Public Speaking လုပ်ရာမှာ အရေးကြီးလှတဲ့ Storytelling မှာ ပါသင့်တဲ့အချက် ၃ ချက်နဲ့ ကိုလပြည့်ရဲ့ KISS က ဘာဖြစ်မလဲဆိုတာ သိရဖို့ အခုပဲ နားထောင်ကြည့်လိုက်ရအောင်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန်
-> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန်
-> https://www.blancafurniture.com
Wed, 30 Nov 2022 - 1h 45min - 11 - Role of Leadership
Are you born to be leader or learn to be leader? မွေးရာပါ ခေါင်းဆောင်တစ်ယောက် မဟုတ်လို့ စိတ်ညစ်နေလား? အဲ့ဒါဆိုရင်တော့ ကိုဝဏ္ဏနဲ့ ကိုလပြည့်တို့ရဲ့ ဒီစကားဝိုင်းလေးကို နားထောင်လိုက်ပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အရမ်းကို အကျိုးရှိစေမဲ့ နည်းလမ်းတွေကို ပြောပြထားပါတယ်။ အချိန် တစ်နာရီ နှစ်နာရီလေး ပေးလိုက်ရုံနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ အရည်အချင်းတွေကို သိရမှာပဲ ဖြစ်ပါတယ်။ ဘယ်လို Mindset တွေနဲ့ ကိုယ့်ရဲ့ Team တစ်ခုကို ဦးဆောင်ရမလဲ? တာဝန်ယူမှု တာဝန်ခံမှုက ခေါင်းဆောင်တစ်ယောက်မှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာတွေကိုနားဆင်ကြရမှာပါ။ Audience တွေနဲ့အတူ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေကို ဆွေးနွေးထားတာကိုလည်းမြိုင်မြိုင်ဆိုင်ဆိုင်ကြီး နားထောင်ရဦးမှာပါ။ ကိုလပြည့်ရဲ့ 7 Effective Ways နဲ့ ကိုဝဏ္ဏရဲ့ 4 Things for Leaderships ဆိုတဲ့ အချက်လေးတွေကို ဒီနေ့ရဲ့ Take away message နဲ့ ရအောင် ယူသွားဖို့ အကြံပေးလိုက်ပါရစေ။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.comFri, 18 Nov 2022 - 1h 41min - 10 - Do Hard Think Like Minimalist
ဒီroomလေးကတော့ လတိုင်းကိုလပြည့်နှင့်ကိုဝဏ္ဏတို့နှစ်ယောက် သူတို့ဖတ်ခဲ့တဲ့ စာအုပ်တွေ့ကို summary and review လုပ်ပြီး ပြန်လည်မျှဝေပေးတဲ့ လစဉ် roomလေးဖြစ်ပါတယ်။ ဒီလအတွက် ကိုဝဏ္ဏဖတ်ခဲ့တဲ့ စာအုပ်က mental strength အားကောင်းချင်တဲ့သူတွေ့၊ practice လုပ်ချင်တဲ့သူတွေ့အလွန်ဖတ်သင်တဲ့ Steve Magness ရေးတဲ့ “DO HARD THINGS” စာအုပ် ဖြစ်ပြီးတော့ ကိုလပြည့် ဖတ်ခဲ့တဲ့စာအုပ်ကတော့ minimalist တစ်ယောက်ရဲ့ lifestyle နှင့် mindset တွေ့အကြောင်း သေချာရှင်းပြထားတဲ့ Fumio Sasaki ရဲ့“Goodbye, things on minimalist living” စာအုပ်တွေ့ပဲဖြစ်ပါတယ်။ဒီလို့ တကယ်ကောင်းတဲ့စာအုပ်နှစ်အုပ်ရဲ့summary တွေ့ကိုနားထောင်ရမှာပဲဖြစ်တယ်။ဒါအပြင် အကိုနှစ်ယောက်ရဲ့ ဒီစာအုပ်တွေ့ကိုဖတ်ပြီး သိရှိလာတဲ့ သူတို့အမြင်တွေ့ကိုလဲ နားထောင်ရမဲ့ room လေးလဲဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် စာအုပ်တွေ့ကို ဖတ်စရာမလိုပဲKnowledge တွေ့ တသိကြီးရသွားစေမဲ့ roomလေးဖြစ်တဲ့အတွက် လုံးဝနားထောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။
Thu, 20 Oct 2022 - 1h 45min - 9 - Find your ‘Why’🔎
Find your ‘Why’🔎 Room လေးထဲမှာ ပြောသွားတဲ့ အကြောင်းအရာလေးတွေ့က အရမ်းကောင်းပြီးအသုံးဝင်တဲ့အတွက် အများကြီး spoilတာမျိုးမလုပ်ပဲနဲ့ ဘာတွေ့ပြောသွားလဲဆိုတာကိုပဲအကျဉ်းချုပ်လေးပြောပြချင်ပါတယ်။ ဒီ room လေးမှာ ကိုလပြည့် နှင့် ကိုဝဏ္ဏ တို့က ကျွန်တော်တို့ဘဝ အတွက် အရေးကြီးတဲ့ “Why” ကို ဝိုင်းကူရှာပေးတဲ့အဖိုးတန် roomလေးဖြစ်ပါတယ်။အရင်ဦးဆုံး ကိုလပြည့် နှင့် ကိုဝဏ္ဏတို့က သူတို့ဘဝရဲ့ “Why” တွေ့ကိုဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာပြောပြခဲ့ပြီး ကျွန်တော်တို့ဘဝအတွက် “Why” ကိုရှာဖွေတဲ့အခါ အသုံးပြုသင်တဲ့ tips and frameworks တွေ့ကိုလဲပြောပြထားတယ်။ဒါအပြင် topic နဲ့ပတ်သက်ပြီး ဖတ်ကြည့်သင့်တဲ့စာအုပ်အချို့ကိုလဲ share ပေးထားပါသေးတယ်။ အကိုတို့ share ပေးထားတဲ့ tips and frameworks တွေ့က အရမ်းကောင်းပြီး နားထောင်ကြည့် အရူံးမရှိ roomလေး ဖြစ်တဲ့အတွက် အခုစာကိုဖတ်ပြီးတာနဲ့ နားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.com
Thu, 16 Dec 2021 - 1h 11min - 8 - Growth Mindset 🧠
Who needs a growth mindset? ဒီစကားဝိုင်းလေးကတော့ Growth ဖြစ်ချင်တဲ့ လူတွေ လက်မလွှတ်သင့်တဲ့ စကားဝိုင်းလေးလို့ ထင်ပါတယ်။ ကိုလပြည့်နှင့် ကိုဝဏ္ဏတို့က သူတို့ရဲ့ တိုးတက်ပြောင်းလဲလာပုံတွေကို Student life experience တွေနဲ့တကွ ရှင်းလင်းပြထားပြီး ကိုဝဏ္ဏရဲ့ “ The power of YET” ကိုပါ နားဆင်ကြရမှာပါ။ ကိုလပြည့်ကလည်း Goal Setting တွေချဖို့ ဘာ Skill တွေ လိုမလဲ? ဘယ်လို Plan တွေချရမလဲဆိုတဲ့ Tips and Tricks တွေကိုပါ ပြောပြထားပါသေးတယ်။ ဒါ့အပြင် ဒီနှစ်ယောက်ရဲ့ စကားဝိုင်းတွေဆိုရင် Mind blowing ဖြစ်သွားစေမဲ့ အကြောင်းအရာတွေတင်မကဘူး။ နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေကိုပါ သေချာပေါက် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ စကားဝိုင်းလေးထဲမှာဆိုရင်လည်း သတင်းနဲ့ ပတ်သက်တဲ့ email services တွေအကြောင်းလည်း ထည့်သွင်းပြောထားပါသေးတယ်။ နောက်ဆုံးအနေနဲ့ Growth Mindset ဖြစ်အောင် ကြိုးစားနေကြတဲ့ Process လေးကို enjoy ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.com
Thu, 24 Mar 2022 - 1h 26min - 7 - Science Behind Mediation 🧘🏻♂️
ယနေ့ခေတ်မှာ Spiritual နဲ့ ပတ်သက်တာတွေ ခေတ်စားလာတာနဲ့အမျှ တရားထိုင်ခြင်းဆိုတာကပါ အတူတွဲပါလာပါတယ်။
လူအချို့က တရားထိုင်တယ်ဆိုတာ ဘာသာရေးနဲ့ ဆိုင်တာလား?
တရားထိုင်ခြင်းက ဘာအကျိုးကျေးဇူးတွေ ရတာလဲ? ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာကြပါတယ်။
ဒီမေးခွန်းတွေကို ကိုလပြည့်နဲ့ ကိုDavid တို့ကသိပ္ပံနည်းကျ အချက်အလက်တွေအပြင် ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ ပါ ရှင်းပြထားပါတယ်။
Consciousness (သိစိတ်) နှင့် unconsciousness (မသိစိတ်) အကြောင်းတွေကို ဥပမာကောင်းတွေနဲ့ မြင်သာအောင် ရှင်းပြပြောဆိုထားပါတယ်။
ဒါ့အပြင် တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာနဲ့ပါ ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာကို နားထောင်ကြရမှာ ဖြစ်ပါတယ်။
အရမ်းကို လက်တွေ့ကျပြီး Results မြင်ရမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ရော အခုမှ စထိုင်မှာမို့လို့ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့သူတွေအတွက်ပါ အကြံညဏ်ကောင်း နည်းလမ်းကောင်းလေးတွေ ဝေမျှထားတာတဲ့ ဒီစကားဝိုင်းလေးက အားလုံးအတွက်အထောက်အကူဖြစ်စေမဲ့ စကားဝိုင်းလေးဖြစ်တာကြောင့် နားထောင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
Sun, 23 Oct 2022 - 1h 43min - 6 - ပြီးအောင်လုပ်ဖို့လိုတယ်
ပြီးအောင်လုပ်ဖို့လိုတယ်
ဒီ topic လေးကတော့ အလုပ်တစ်ခု၊ကိစ္စတစ်ခုကို လုပ်တဲ့အချိန်မှာ ရှိကိုရှိထားသင့်တဲ့ mindset တစ်ခုနဲ့ပတ်သက်ပြီးတော့ ကိုလပြည့် နှင့် ကိုဝဏ္ဍ တို့က ဆွေးနွေးပြောပြသွားတဲ့roomလေးဖြစ်ပါတယ်။ဆွေးနွေးသွားတဲ့ mindset ကတော့ အလုပ်/ကိစ္စ တစ်ခုကိုပြီးမြောက်အောင်လုပ်တက်ခြင်းဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။အလုပ်တစ်ခုကိုစခဲ့ပြီး အဆုံးသတ်ရခက်နေတယ် (ဝါ) အကြောင်းပြချက်အမျိုးမျိုးနဲ့ အဆုံးမသတ်နိုင်ဘူး ဖြစ်နေတယ်ဆိုရင် ဒီ roomထဲက ကိုလပြည့်ပြောသွားတဲ့ tipsတွေ့ နှင့် ကိုဝဏ္ဏကိုယ်တိုင် အသုံးပြုခဲ့တဲ့ techniques တွေ့ကို ဝင်နားထောင်ကြည့်လိိုက်ရင် အကြံကောင်းတစ်ခုကိုတွေ့ရှိသွားမှာကျိန်းသေပါတယ်။နောက်ပြီးတော့ mindset အကြောင်း အပြင် (digital) business idea ကောင်းကြီးတစ်ခုကိုလဲ ကိုလပြည့်နဲ့ကိုဝဏ္ဏတို့ share ထားတာလဲရှိပါသေးတယ်။ အဲတော့ ဒီ topicလေးကို နားထောင်လိုက်ရုံနဲ့ အကျိုးအမြတ်အများကြီးရရှိသွားမဲ့ room လေးပဲဖြစ်ပါတယ်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.com
Thu, 10 Nov 2022 - 1h 38min - 5 - Let’s get startup
Let’s get startup
ကိုယ်ပိုင် websites နဲ့ app တွေ့ကို စမ်း / လုပ်ချင်တဲ့သူတွေ့၊ contact creators တွေ့၊ digital entrepreneurs တွေ့အတွက် အလွန်နားထောင်သင်တဲ့ room လေးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီroomလေးကို နားထောင်လိုက်ပြီး အသုံးပြုကြည့်မယ်ဆိုရင် ရွှေတောင်ကြီးကိုတွေ့ရတာနဲ့တူပြီးတော့ နားမထောင်မီတဲ့သူတွေ့အတွက်ကတော့ digital businesses မှာ သူများထက် ခြေတစ်လှမ်းနောက်ကျကျန်ခဲ့မှာ သေချာလို့ပါ။ ရွှေတောင်ဆိုတာက ကိုဝဏ္ဍ နှင့် ကိုလပြည့်တို့ share ထားတဲ့ websites နှင့် links တွေ့ကိုဆိုလိုတာဖြစ်ပါတယ်။ အဲ့ websites နှင့် links အများစုက free အသုံးပြုလို့ရတာတွေ့ဖြစ်ပါတယ်။ free ပဲဆိုပြီးအထင်မသေးလိုက်ပါနဲ့ အပြင်မှာ တကယ်ကောင်းလို့ တကယ်အသုံးပြုနေတဲ့ websites နဲ့ links တွေ့ကို share ထားတာဖြစ်ပါတယ်။ ဥပမာ- ကိုယ်ပိုင် app ကိုအလကားလုပ်လို့ရတဲ့ website မျိုး၊ အချိန်ကြာမဲ့ video meeting တွေ့ကို ဘာမှပေးစရာမလိုပဲ meeting လုပ်လို့ရမဲ့ website မျိုးတွေ့ အပြင်အခြား digital business မှာ အသုံးပြုလို့ကောင်းမဲ့ website အများကြီးနှင့် startup အကြောင်းတွေ့ကိုလဲ share ထားပါသေးတယ်။ အဲတော့ topicလေးကိုနားထောင်ပြီး siteတွေ့ကို အသုံးပြုကြည့်မယ်ဆိုရင် အကျိုးအမြတ်များကြီး ရစေမှာသေချာတဲ့ room လေးပဲဖြစ်ပါတယ်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.com
Thu, 27 Oct 2022 - 1h 41min - 4 - ဂျင်းတူးကြမယ်
ဂျင်းတူးကြမယ်
မနေ့ညပြောဖြစ်ခဲ့တဲ့ topic လေးကတော့ ကိုလပြည့် နဲ့ ကိုဝဏ္ဍ တိူ့ နှစ်ယောက် ဂျင်းများ ရှာဖွေ / ဆန်းစစ် /အဖြေရှာခဲ့တဲ့ topic လေးဖြစ်ပါတယ် ။ ဒီနေရာမှာ ဂျင်း ဆိုတာကတော့ ကျနော်တို့ ငယ်ငယ်ထဲက ခုချိန်ထိ လူကြီးတွေ့ပြောခဲ့တဲ့ အဆိုအမိန့်တွေ့၊ ရှေးအယူအဆတွေ့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီဂျင်းတွေ့က တကယ် ဟုတ်လား တကယ်အသုံးဝင်လား ဒါမှမဟုတ် ဂျင်းပုပ်တွေ့များဖြစ်နေမလားဆိုတာကို နှစ်ယောက်သား သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေ့အပေါ် အခြေခံပြီး ပေါ့ပေ့ါပါးပါး အဖြေရှာဆွေးနွေးခဲ့တဲ့ topic လေးဖြစ်ပါတယ်။ ဒီ topic ထဲ အနဲငယ် highlight လုပ်ရမယ်ဆိုရင် ကိုဝဏ္ဍက သူရဲ့ကိုယ်တွေ့ “ချစ်သူရွေးတဲ့အခါ နေ့နံနဲ့ရွေးချယ်ခံခဲ့ရတဲ့ သူငယ်ချင်းရဲ့ အဖြစ်အပျက်လေး”ကို share ထားပြီး ကိုလပြည့်ကတော့ သူငယ်ငယ်က အစေ့မြိုချရင် တကယ်အပင်ပေါက်မယ်ဆိုတာ ယုံခဲ့ပြီး ရေမသောက်ခဲ့တဲ့ အဖြစ်အပျက်လေး တွေ့ပါပါတယ်။ ဒါအပြင် အခြားယုံကြည်မူဆိုင်ရာ အကြောင်းလေးတွေ့လဲပြောခဲ့ကြပါသေးတယ်။ audience တွေ့ကြောင့် ဂျင်းများစွာတွေ့ရှိခဲ့သလို ဂျင်းသွားတူးမယ် (၂) ပြောဖို့အထိပါ ဖြစ်သွားခဲ့ စိတ်ဝင်စားစရာtopicလေးဖြစ်ပါတယ်။
Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်
ကိုလပြည့် -> https://www.clubhouse.com/@thelapyae
ကိုဝဏ္ဏဇော် -> https://www.clubhouse.com/@wunnazaw
ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန် -> https://www.instagram.com/thelapyae/
ကိုဝဏ္ဏဇော်၏ Blanca Furniture ကိုလေ့လာရန် -> https://www.blancafurniture.com
Thu, 03 Nov 2022 - 1h 57min - 3 - Profit from passion
ကိုယ် passionate ဖြစ်တဲ့ အလုပ်ကနေဝင်ငွေ ရစေမယ့် နည်းလမ်းများ ကို ဆွေးနွေးထားတဲ့ Event လေးဖြစ်ပါတယ်ခင်ဗျ
Thu, 25 Nov 2021 - 1h 41min - 1 - သင်ဘယ်လောက်တန်သလဲ
ဒီ Event လေးမှာ တော့ ကိုလပြည့် နဲ့ ကို ဇာဏီသန့်လွင် တို့က Creative အလုပ်တွေလက်ခံတဲ့ အခါ ကိုယ့်ရဲလုပ်အားခကို ဘယ်လိုတွေတွက် ယူရမလဲ? ဘာတွေတွက်ဖို့လိုလဲ စသည်ဖြင့် စိတ်ဝင်စားစရာ များကို ပြောပြ သွားမှာ မို့ လိုက်ပြီး တွက် ကြည့်မယ်ဆိုရင် စာရွက်နဲ့ ခဲတံတော့ လိုမယ်နော် Myanmar Clubhouse အကြောင်းပိုမို သိရှိလိုပါက https://myanmarclub.info/ မှာ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျ
Tue, 09 Nov 2021 - 1h 37min
Podcasts semelhantes a Myanmar Clubhouse Events
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Es la Mañana de Federico esRadio
La noche de Cuesta esRadio
Hondelatte Raconte Europe 1
Au Coeur du Crime Europe1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Enquêtes criminelles RTL
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
Les histoires incroyables de Pierre Bellemare RTL
L'Heure Du Crime RTL
El Larguero SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
HISTORIAS DE LA HISTORIA VIVA RADIO
