Filtrar por gênero
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

- 4047 - မြန်မာဟာ ရိုဟင်ဂျာလူမျိုးစုတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဆုံးဖြတ်
နိုဝင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- မြန်မာဟာ ရိုဟင်ဂျာလူမျိုးစုတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဆုံးဖြတ် - ICJ တရားရုံးကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းထောက်နဲ့ မေးမြန်းချက် - ICJ ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တုံ့ပြန်ချက်တွေ - ရှင်ကျန်းမှာ အမေရိကန် သမ္မတ၊ တရုတ် သမ္မတနဲ့ ရုရှား သမ္မတ တို့ ၃ ယောက် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး ပူးတွဲကြေညာချက် ကိုထုတ်ပြန် - ၂၀၃၅ ကျရင် ကမ္ဘာမှာ ခရစ်ယာန်ဘာသာဝင် အရေအတွက်ထက် မွတ်စလင် လူဦးရေက ပိုများလာမယ်လို့ PEW သုတေသန စင်တာက ထုတ်ပြန်
ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Thu, 19 Nov 2026 - 4046 - နေပြည်တော် သမ္မတက လွှတ်တော်မှာပေးတဲ့ မိန့်ခွန်းထဲ အာဆီယံနဲ့ ရှေ့ဆက်ဖို့ကို ပြန်စဥ်းစားမယ်လို့ ပြောပါတယ်၊ ဘာသဘောဆောင်ပါသလဲ။
နိုဝင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- နေပြည်တော် သမ္မတက လွှတ်တော်မှာပေးတဲ့ မိန့်ခွန်းထဲ အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်စဥ်းစားမယ်လို့ ပြောပါတယ်။ ဘာသဘောဆောင်ပါသလဲ။ - ရခိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး အရပ်သားပြည်သူ ဆယ်ချီပြီး သေဆုံး ဒဏ်ရာရနေ။ - မိုးအကုန် ရိတ်သိမ်းခါနီး သီးနှံတွေနဲ့ ဆောင်းရာသီ အစ စိုက်ပျိုးထားတဲ့ သီးနှံတွေ အခါမဲ့မိုးတွေကြောင့် ပျက်ဆီးမှုများနေ - ရှင်ကျန်းမှာ အမေရိကန် သမ္မတ၊ တရုတ် သမ္မတနဲ့ ရုရှား သမ္မတ တို့ ၃ ယောက် တွေ့ဆုံဆွေးနွေးမယ်။ - ယူကရိန်းကို နောက်ထပ် ဒေါ်လာ ဘီလျံ ၅၀ ချေးပေးဖို့ EU က သူ့အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်း - အမေရိကန်တလွှားက အမြန်လမ်းမကြီးတွေမှာ Waymo မောင်းသူမဲ့ မော်တော်ကားတွေ မောင်းနှင်သွားလာခွင့်ကို ယာယီပိတ်ပင်လိုက်
ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Wed, 18 Nov 2026 - 4045 - မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေပြီး အမေရိကန်က သူတို့ ဆုကြေးနဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း ထပ်မံထုတ်ပြန်
နိုဝင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေပြီး အမေရိကန်က သူတို့ ဆုကြေးနဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း ထပ်မံထုတ်ပြန်၊ ဘာကြောင့် အဲဒီမှာ မနှိမ်နင်းနိုင်တာလဲ။ - ထိုင်း-မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ နေပြည်တော် အစိုးရကြား ဆွေးနွေးဖို့ အရေး ထိုင်းက ကူညီမယ့်အပေါ် KNU နဲ့ KNPP တို့က ဘယ်လို သဘောထားကြပါလဲ။ - ရန်ကုန်က အဆောက်အအုံတွေကို စစ်ဆေးတဲ့ ငလျင်နဲ့ သဘာဝ အန္တရာယ် အကဲဖြတ် စီမံကိန်း ဆိုတာ ဘာတွေလုပ်ဆောင်နေတာပါလဲ။ - ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သိမ်းပိုက်ခံ ခရိုင်းမီးယားနဲ့ ရုရှားကို ဆက်ထားတဲ့ တံတားမှာ အကြီးအမား ပျက်ဆီးမှုတွေ ရှိသွား - ဘင်္ဂလားဒေ့ရှ်က မြို့များစွာမှာ အထည်ချုပ် လုပ်သားတွေရဲ့ လုပ်ခ လစာ တိုးမြှင့်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ - သမ္မတ ထရမ့် ဖိလစ်ပိုင်ကို ရောက်နေပြီး QUAD အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေး - ဟော်မုဇ်ရေလက်ကြားက ကန့်သတ်ဇုန် အတွင်းမှာ ရေနံတင် သင်္ဘောတစီး ရေမြှုပ်မိုင်း ထိမှန်ပြီး မီးလောင် ပျက်ဆီးခဲ့လို့ အီရန်က ပြော
ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Tue, 17 Nov 2026 - 4044 - အာဆီယံက မြန်မာ နေပြည်တော် အစိုးရ လုပ်ဆောင်ချက်တွေ အပေါ် အကဲဖြတ်ချက်တွေက ဘာတွေလဲ
နိုဝင်ဘာ ၁၆ ရက်၊ တနင်းလာနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ တလကို ဒေါ်လာ ၂၄၀ ပေးဖို့ တောင်းဆိုကြ - အာဆီယံက မြန်မာ နေပြည်တော် အစိုးရ လုပ်ဆောင်ချက်တွေ အပေါ် အကဲဖြတ်ချက်တွေက ဘာတွေလဲ - ကြက်သွန်နီ အသစ်ပေါ်ချိန်မှာ စျေးတွေ ထိုးတက်နေတာက ဘာကြောင့်လဲ - အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ပူးပေါင်း ဖွဲ့စည်းလိုက်တဲ့ မြေပြင်က ပွတ်တိုက်မှုတွေ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဆိုတာက ဘာပါလဲ - ဘတ်အယ်မန်းဒတ်ရေလက်ကြားကို ထိန်းချုပ်ရေးမှာ အချက်အချာကျတဲ့ အေဒင်မြို့ဘက်ကို ဟူသီတိုက်ခိုက်ရေးသမားတွေ ရှေ့တိုး ချီတက်လာ - ယူကရိန်းက ဒရုန်း ၁,၃၀၀ ကျော်ကို ကြားဖြတ်ပစ်ချလိုက်ရတယ်လို့ ရုရှားက ပြော၊ ဒီ ဒရုန်းတိုက်ခိုက်မှု အတိုင်းအတာဟာ စစ်ပွဲ ၅ နှစ်တာ ကာလအတွင်း အများဆုံးလို့ ဆိုနေကြ - ဆူဒန်မှာ စစ်တပ်နဲ့ အရန်တပ်ကြား ပြည်တွင်းစစ် ဖြစ်နေပြီး စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတခုက လူပေါင်း ၁၅ ယောက် သေဆုံးစေခဲ့ကာ အဲဒီထဲက ၄ ယောက်က ဘောလုံးကစားနေကြတဲ့ ကလေးတွေဖြစ်
ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Mon, 16 Nov 2026 - 4043 - ဦးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေကနေ ဆက်ပြီးဖယ်ထားဖို့ အာဆီယံဆုံးဖြတ်
ဦးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေကနေ ဆက်ပြီးဖယ်ထားဖို့ အာဆီယံဆုံးဖြတ် ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် (တနင်္ဂနွေည ၁၅၊၁၁၊၂၀၁၆) - တူညီဆန္ဒ ၅ ချက်ကို အဓိပ္ပာယ် ပြည့်ဝအောင် အကောင်အထည် မဖော်နိုင်သရွေ့တော့ မြန်မာကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး အရ ကိုယ်စားပြုခွင့် ပေးမှာ မဟုတ်သေးဘူးလို့ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ် - စကိုင်းဗီလာ မြေနေရာကို လေလံတင်ရောင်းပြီး၊ ကုမ္ပဏီနဲ့ အခန်းပိုင်ရှင်တွေ ခွဲဝေယူကြဖို့ မန္တလေးမှာ ဒီကနေ့ လက်မှတ်ထိုး - ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ လုပ်ခလစာ တိုးရနိုင်ရေး သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြနေလို့ စက်ရုံအများအပြား ပိတ်ထားရ - စစ်ရပ်ရေး သဘောတူမှု ထွက်မလာနိုင် ဖြစ်နေချိန်မှာပဲ၊ အီရန်က အမေရိကန် အမှတ် ၅ ရေတပ်အုပ်စု ပင်လယ်ကွေ့ဒေသထဲ အခြေစိုက်ရာ ဘာရိန်းကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ထပ်လုပ်ဆောင် .... လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Sun, 15 Nov 2026 - 4042 - ရခိုင်လက်ကျန် ၃ မြို့ကို သိမ်းမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး
ရခိုင်ထဲက လက်ကျန် ၃ မြို့ကိုပါ သိမ်းမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး (ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် - စနေည ၁၄၊၁၁၊၂၀၁၆) - ရခိုင်ထဲက လက်ကျန် ၃ မြို့ကိုပါ သိမ်း ပြီး ရခိုင်ပြည်သူတွေကို လက်ဆောင်ပေးမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး - နေပြည်တော် အသွင်ပြောင်း အစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို ချန်ထားမြဲ ဖြစ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မနက်ဖြန် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ မနက်ဖြန် စပြီ - အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လည်း လာတက်မယ် - သမ္မတထရမ့် မနီလာကနေ တရုတ်တောင်ပိုင်း ကွမ်းတုံရဲ့ အဓိက မြို့ကြီး ရှန်ကျန်းကို ခရီးဆက်ပြီး အေပက် ထိပ်သီး အစည်းအဝေးကို သွားတက်မယ် - အဲဒီမှာ အမေရိကန်-ရုရှား-တရုတ် ၃ နိုင်ငံ မကြုံစဖူး ထိပ်သီးတွေ့ဆုံမှု တပါတည်း ပြုလုပ်မယ်လို့ အိမ်ဖြူတော်ပြောပေမယ့်၊ တရုတ်နဲ့ ရုရှားတို့ဘက်ကတော့ နှုတ်ဆိတ်နေဆဲဖြစ် လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Sat, 14 Nov 2026 - 4041 - မိုက်ခရိုဆော့ဖ် အင်တာနက် ပြတ်တောက်သွားမှုတွေကြောင့် ကမ္ဘာတဝန်း ထိခိုက်မှုတွေ ဖြစ်ခဲ့
- ကမ္ဘာတဝန်း ထိခိုက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် အင်တာနက်ဝန်ဆောင်မှု နောက်ဆုံးအခြေအနေ - တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ပွင့် - ရန်ကုန်က အိမ်ခြံမြေ ဝယ်သူ၊ ရောင်းသူနဲ့ အကျိုးဆောင်တွေကို (စသုံးလုံး) က နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေ - ဆေးကုသခွင့် လိုင်စင်မရှိဘဲ တိုင်းရင်းဆေး ကုနေကြတဲ့ ရွှေလက် ဒေါ်ခင်စန်းရီနဲ့ သရုပ်ဆောင် ထူးခန့်ကျော်တို့ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက ဒေါက်တာဘွဲ့ ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေပေါ်ထွက် - ဘာရိန်းမှာရှိတဲ့ အမေရိကန် ကြိုတင်သတိပေး ရေဒါအချက်ပြ စနစ်တစ်ခုကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ အီရန်ပြော - အီရန်ရဲ့ ယူရေနီယမ် သန့်စင်ရေးစက်ရုံတစ်ခုနဲ့ ပတ်သက်လို့ IAEA က စိုးရိမ်မှုတွေ တိုးပွားလာနေ - မော်စကိုမှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားမှာ ခိုလှုံနေပြီး သမ္မတပူတင်ကို ထောက်ခံသူ ယူကရိန်းလူမျိုးတစ်ဦး ဒဏ်ရာရခဲ့
Fri, 13 Nov 2026 - 4040 - ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ်
- ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ် - ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ရှစ်ထောင်နီးပါး ခွင့်ပြုထားပေမဲ့ ဘီလျံ ၂၅၀၀ ကျော် ဖြည့်စွက်တောင်းခံခဲ့ - ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ CNG သဘာဝဓါတ်ငွေ့သုံး အငှားယာဉ်တွေ ရန်ကုန်တိုင်း စီတီးတက္ကစီအသင်း YCTA မှာ အသင်းဝင် မှတ်ပုံတင်ကြဖို့ ညွှန်ကြားချက်ထုတ် - အမေရိကန် အထူးကိုယ်စားလှယ် ဂျဲရက် ကုရှ်နာနဲ့ စတိဗ် ဝစ်ကော့ဖ် တို့ သမ္မတ ပူတင်နဲ့ တွေ့ဆုံနေ - N vidia ကုမ္ပဏီအကြီးအကဲရဲ့ အရှုပ်တော်ပုံဇာတ်လမ်း နောက်ဆက်တွဲ တရုတ်ရဲ့ တုန့်ပြန်မှု - စပိန်နိုင်ငံမှာ အိမ်ရာအကျပ်အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး စီမံချက် အတော်များများကို စပိန် ပါလီမန် အမြဲတမ်း ကော်မတီ အတည်ပြု
Thu, 12 Nov 2026 - 4039 - NLD သမ္မတဦးဝင်းမြင့် တကယ်မလွတ်မြောက်သေးဘူးဆိုပြီး ဗီဒီယိုလွှင့်ခဲ့တဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံကို မြန်မာအစိုးရ ဆင့်ခေါ် သတိပေး
- စပိန်မှာ ၁၄ နှစ်အတွင်း ပထမဆုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲ၊ နိုင်ငံတဝန်း လှုပ်ရှားလည်ပတ်မှုတွေ ထိခိုက်သွား - NLD သမ္မတ ဦးဝင်းမြင့် အမှန်တကယ် မလွတ်မြောက်သေးဘူး ဆိုပြီး ဗီဒီယို ထုတ်လွှင့်ခဲ့တဲ့ ဂျာမနီသံရုံး ယာယီတာဝန်ခံကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် သတိပေး - ရှမ်းပြည်တောင်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေ - မြန်မာနိုင်ငံမှာ ပလတ်စတစ် လျှော့ချနိုင်ရေး အခြေအနေ - မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆန်းစစ်လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ် - ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အကြား ၂ ရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံး
Wed, 11 Nov 2026 - 4038 - ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အဘူဒါဘီမြို့မှာ ဆွေးနွေးနေ
- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အဘူဒါဘီမြို့မှာ ဆွေးနွေးနေ - ရှမ်းမြောက်မှာ ကိုးကန့်တပ် MNDAA က နယ်မြေ ချဲ့ထွင်လာနေသလား - နိုင်ငံခြားငွေဘဏ်စာရင်းထဲမှာ ပို့ကုန်ရငွေ ထားရှိရမဲ့အချိန်ကို တစ်လအစား တစ်လခွဲအထိ ထားနိုင်တယ်ဆိုပြီး ဗဟိုဘဏ် ပြင်ဆင်သတ်မှတ် - ရန်ကုန် - မော်လမြိုင် ရထားပေါ်မှာ တားမြစ်ထားတဲ့ အာဖရိကငါးခူ ပိသာ ၄၀၀၀ နီးပါး ဖမ်းဆီးမိ - အီရန်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်တစ်ခု ရှိခဲ့အပြီး အမေရိကန် ဆီဖြည့်လေယာဉ် အနည်းဆုံး ဆယ်စင်း အင်္ဂလန် လေတပ်စခန်းကနေ ထွက်ခွာသွားတယ်လို့ အတည်မပြုရသေးတဲ့ သတင်းတွေအရ သိရ - သူရဲဘောကြောင်မှု၊ ပုန်ကန်မှုတွေ အပါအဝင် စွဲချက်တွေနဲ့ ကွန်ဂိုစစ်သား အနည်းဆုံး ၆၆ ဦးကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ စစ်တရားရုံးက သေဒဏ်ချမှတ် - အကျဉ်းကျခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်းကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ကျခံဖို့ မလေးရှားတရားရုံး ခွင့်ပြုလိုက်
Tue, 10 Nov 2026 - 4037 - NVIDIA အကြီးအကဲနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီးကို သူလျှိုလုပ်ခိုင်းခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ တရုတ်ငြင်းဆို
- NVIDIA အမေရိကန်နည်းပညာကုမ္ပဏီ အကြီးအကဲနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီးကို သူလျှိုလုပ်ခိုင်းခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ တရုတ်ငြင်းဆို - စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ တိုက်ပွဲ ပြင်းထန် - ထိုင်းရောက် အထောက်အထားမဲ့ မြန်မာတွေကို အထောက်အထား စီအိုင် လျှောက်ခွင့်ပြုထားပေမဲ့ နိုဝင်ဘာလဆန်း အထိ လျှောက်ထားသူ တစ်သောင်းခွဲကျော်သာ ရှိသေး - အမှုမှား ၃ ကြိမ်အထက် စီရင်တဲ့ တရားသူကြီးတွေကို အလုပ်ထုတ်မယ် - အိန္ဒိယကို ထွက်ပြေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းက သူ့ကို နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ပန်ကြား - ဒီပါဝလီပွဲတော်မှာ မီးပန်းမဖောက်ဖို့ ညွှန်ကြားထားချက်ကို ဖီဆန်ပြီး မီးပန်းတွေ ဖောက်ခဲ့တဲ့အတွက် ဒေလီမြို့တော်မှာ မီးခိုးမြူထုကြီး ဖုံးလွှမ်းသွား
Mon, 09 Nov 2026 - 4034 - ကြားဖြတ် ရွေးကောက်ပွဲ နောက်နှစ် ဧပြီ လုပ်မယ် ၊ အမေရိကန် အတည်ပြုတဲ့ HIV ကာကွယ်ဆေး ၂၀၂၇ မြန်မာပြည်မှာ ထိုးပေးနိုင်မယ်Fri, 06 Nov 2026
- 4033 - အမေရိကန် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲရလဒ် အမေရိကန်ရောက် မြန်မာတွေအပေါ် ဘယ်လိုသက်ရောက်မလဲ
- ဗုံးခြိမ်းခြောက်မှုတွေကြောင့် ဥရောပတဝန်း နောက်ထပ် လေယာဉ်ခရီးစဉ်တွေ ထိခိုက် - အမေရိကန် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲရလဒ် အမေရိကန်ရောက် မြန်မာတွေအပေါ် ဘယ်လိုသက်ရောက်မလဲ - နေပြည်တော်အစိုးရရဲ့ (NSPNC) ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ထပ်မံ တွေ့ဆုံ - ပြည်တွင်းထုတ်ကားတွေနဲ့ လျှပ်စစ်ကားတွေကို စျေးတင်ရောင်းသူတွေကို အရေးယူမယ် - ပြင်သစ်နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြနေကြ - ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ရော်နာလ်ဒို အနားယူတော့မယ်
Thu, 05 Nov 2026 - 4032 - ရခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း မွေးကင်းစတွေနဲ့ ကိုယ်ဝန်ဆောင်တွေ သေဆုံးနေ
- အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲ လွှတ်တော် ၂ ရပ်လုံး ဒီမိုကရက်တွေနိုင် - ဒီမိုကရက်တစ်ပါတီက အမျိုးသမီး အနည်းဆုံး အယောက် ၁၀၀ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဒါဟာ အရင်က မရှိဖူးတဲ့ အရေအတွက်ဖြစ် - ပြည်သူတွေ ဟာ အမုန်းတရား၊ ရာသီဥတုပြောင်းလဲမှုကို ငြင်းပယ်တာနဲ့ အခွင့်ထူးခံ အထက်တန်းလွှာတွေ ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြတာလို့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြော - ယူအေအီးမှာ အမေရိကန် သမ္မတကတော် မယ်လနီယာ ထရမ့်ကို အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်တဲ့ အိုလ်ဂါမင်းသမီး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် - အင်ဒိုနီးရှားမှာ သမ္မတရဲ့ ဖုန်းပြောဆိုမှုကို ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲအရာရှိနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်မှာ သမ္မတ ဆူဘီယန်တိုက သူ့ရုံးအဖွဲ့မှူးကို ရာထူးကနေ ထုတ်လိုက် - ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် အလုပ်သမား လုပ်ခလစာတိုးမြှင့်ရေး ညှိနှိုင်းဖို့ အစိုးရ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့က အနည်းဆုံးလုပ်ခလစာ တိုးပေးဖို့ သဘောတူညီလိုက် - စပိန်မှာ လူ ၆၉ ယောက် သေဆုံးခဲ့တဲ့ အမြန်ရထားတိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်းမှာ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူအန်တေး ရာထူးက နုတ်ထွက်သွားပါတယ်။ - ဥရောပတလွှား ခရီးသည်တင်လေယာဉ် အနည်းဆုံး ခုနစ်စင်း ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရရှိခဲ့တာကြောင့် အီတလီ၊ စပိန်၊ ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက လေဆိပ်တွေမှာ လုပ်ငန်းတွေ နှောက်နှေးခဲ့တဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Wed, 04 Nov 2026 - 4031 - အမေရိကန် မူဝါဒသစ်က တရုတ်ဩဇာ လွှမ်းမိုးမှုကို တန်ပြန်မယ့် အချက်တွေ ပါဝင်နေတယ်လို့ သုံးသပ်
- အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲရုံတွေ ဖွင့်လိုက် - ယူကရိန်းက နီပရိုမြို့ကို ရုရှားက ဒရုန်းနဲ့ တိုက်လို့ လူ ၂ ယောက်သေဆုံး - ယူအေအီးမှာ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲကျင်းပမယ်လို့ ရုရှားပြော - ရုရှားမှာ အလုပ်ရမယ်ဆိုပြီး စစ်မှုထမ်းခိုင်းတဲ့ လူကုန်ကူးဂိုဏ်းကို အင်ဒိုရဲ ဖော်ထုတ် - အစ္စရေးက ထွက်လာတဲ့ လေယာဉ်ပေါ် ဗုံးခွဲမယ် ခြိမ်းခြောက်လို့ အရေးပေါ် ဆင်းသက်ခဲ့ရ - ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခလစာထက် လူနေမှုစရိတ်မြင့်တက်လို့ ကန့်ကွက်ဆန္ဒပြမှုတွေ ၄ ရက် မြောက် ဆက်ဖြစ် - မက္ကဆီကိုမှာ ကျောင်းသားတွေ ဖုန်းသုံးခွင့် ပိတ်ပင် - နီပေါ် ဧဝရက်တောင်ခြေမှာ ရဟတ်ယာဉ် နှစ်စင်း တိုက်မိ - တောင်ကိုရီးယားမှာ ယူနီဖီကေးရှင်း ဘာသာရေးဂိုဏ်း ခေါင်းဆောင် အာမခံ ပယ်ခံရ - စပိန် က တန်းနားရိဖ် ဘောလုံးအသင်း တိုက်စစ်မှုး ဟေဆူး ဒေမီဂယ် ဘောလုံးကစားရင်း ဂိုးသမားနဲ့ တိုက်မိပြီး နှလုံးဖောက်သေဆုံး - အာရှ ဖလား ဘောလုံးပွဲ ကို အိမ်ရှင် ဆော်ဒီအာရေဗျ လုံခြုံရေးကြောင့် နောက်နှစ်ကုန် အထိ ရွေ့ထားရတဲ့ အကြောင်း
Tue, 03 Nov 2026 - 4030 - ရခိုင်မှာ စစ်တပ်ရဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက် သေဆုံး
- ဆိုက်ဘာ တိုက်ခိုက်မှု တခုနဲ့ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ - ယူကရိန်းပိုင် ခါဆင် ဒေသကို ရုရှားက တိုက်ခိုက်မှု ပြန်စခဲ့ - တရုတ်က မောင့်တိုင်း တောင်ပေါ်မှာ စက်ရုပ်တောင်တက်ပြိုင်ပွဲ ပထမဆုံးကျင်းပ - မြောက်ကိုရီးယား နယ်စပ်မှာ တပ်သားတယောက်သေဆုံးမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားမှာ စုံစမ်းစစ်ဆေးမှု စတင် - ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခလစာထက် လူနေမှုစရိတ်မြင့်တက်လို့ ကန့်ကွက်ဆန္ဒပြမှုတွေ ၃ရက်မြောက် ဆက်ဖြစ် - Beatles အဖွဲ့ အစပြုရာ Hamburg မြို့က ညကလပ်တည်ထူသူ Horst Fascher အသက် ၉၀ မှာ ကွယ်လွန်စတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Mon, 02 Nov 2026 - 4029 - ပြည်ပရောက်မြန်မာအလုပ်သမားတွေအပေါ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေ ဒီကနေ့ကစ အသက်ဝင်
- အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြ - ဒေလီမြို့မှာ မီးခိုးမြူတွေကြောင့် အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွှန်ကြားစာထုတ် -ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး အထည်ချုပ်အလုပ်သမားတွေရဲ့လစာကို ပြန်သုံးသပ်ဖို့ ဘုတ်အဖွဲ့ဖွဲ့လိုက် - ပြည်ပရောက်မြန်မာအလုပ်သမားတွေအပေါ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေ ဒီကနေ့ကစ အသက်ဝင် - တနင်္သာရီတိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက်က လမ်းပိုင်းတချို့မှာ တိုက်ပွဲတွေ ဖြစ်နေ - ပဋိပက္ခ တိုက်ပွဲ ဖြစ်ရာနေရာတွေက သောက်သုံးရေ အခက်အခဲ
Sun, 01 Nov 2026 - 4028 - ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု ထောက်ပံ့နေတဲ့ အန္တရာယ်ရှိ နိုင်ငံတွေစာရင်းမှာ မြန်မာ ဆက်လက် ထည့်သွင်းခံရ
- ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု ထောက်ပံ့နေတဲ့ အန္တရာယ်ရှိ နိုင်ငံတွေစာရင်းမှာ မြန်မာ ဆက်လက် ထည့်သွင်းခံရ - အိမ်ခြံမြေ အရောင်းအဝယ် အမည်ပေါက်ခွင့် တင်းကျပ်စစ်ဆေးမှုတွေ ပိုရှိလာ - မီးလောင်ခံခဲ့ရတဲ့ မင်္ဂလာဈေး ပြန်ဖွင့်ရာမှာ အဆင်မပြေမှုတွေရှိနေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေထံက ဝေဖန်သံတွေ ထွက်နေ - ကွန်ဂိုမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူပေါင်း ၅ ထောင် ကျော်သွားပြီ - ဂါဇာကမ်းမြောင် ခန်းယူနစ်စ်မြို့အနောက်ပိုင်းက စစ်ရှောင် ယာယီတဲတစ်ခု မီးစွဲလောင်ပြီး ကလေးမလေးနှစ်ဦး သေဆုံး - ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူတွေ အခုနှစ်အတွင်း အမြင့်ဆုံး ဖြစ်လာ - ထိုင်းမှာ ဆယ်နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရတဲ့ ဝိဂါ အမျိုးသားနှစ်ဦး တရုတ်နိုင်ငံကို ပြန်ပို့ခံရမယ့်အခြေအနေရှိနေ
Sat, 31 Oct 2026 - 4027 - မြန်မာ့လူ့အခွင့်အရေး ကပ်ဘေးလို ဆိုးနေ ၊ အယ်လ်နီညိုကြောင့် ရေခမ်းနိုင်လို့ ကြိုပြင်ဖို့ စစ်တပ်နဲ့ ဝန်ကြီးဌာနတွေ ညွှန်ကြားFri, 30 Oct 2026
- 4026 - အာဆီယံ ကိုယ်စားလှယ်ရဲ့ မြန်မာခရီး ဘာတွေ လုပ်ဆောင်နိုင်သလဲ ၊ ရှမ်းမြောက်နဲ့ ကချင် နယ်စပ်ဂိတ်တွေ နားလည်မှုနဲ့ ပြန်ဖွင့်Thu, 29 Oct 2026
- 4025 - ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း မိန့်ခွန်း ပြောရင်း မျက်ရည်ကျ၊ ရန်ကုန်-မန္တလေး အဝေးပြေးကားတွေမှာ ခရီးသည် ပစ္စည်းကလွဲပြီး မတင်ရWed, 28 Oct 2026
- 4024 - ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီး ဘာထူးနိုင်သလဲ၊ မလေးရှားက ပြန်ပို့တဲ့ ရခိုင် ၄၀၀ ကျော် နေရပ်မပြန်ရသေးTue, 27 Oct 2026
- 4023 - နောင်ချိုက မွတ်ဆလင် ၂ ဦးကို ထောင် ၁၁ နှစ် ချပြီး ဗလီသိမ်း ၊ ရန်ကုန် KTV မှာ စစ်အရာရှိတွေနဲ့ တရားသူကြီးတွေ ဖမ်းမိMon, 26 Oct 2026
- 4022 - ဆောက်လုပ်ရေးစီမံကိန်း ဘတ်ဂျတ်လျာထားချက်တွေ ကာလပေါက်စျေးထက်ပိုပြထားလို့ ရန်ကုန်တိုင်း လွှတ်တော် ကော်မတီက ဖြတ်တောက် လျှော့ချခဲ့ရ
- အောက်တိုဘာ ၂၄ တရက်တည်း မှာတင် ယာဉ်မတော်တဆမှုတွေကြောင့် လူ ၇ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရ - လာမယ့် ၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက မုန်တိုင်းငယ်ကြောင့် မြနမာ နိုင်ငံအနှံ့ မိုးရွာပြီး ဒေသတချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတိပေး - ပြင်သစ်မှာ မနေ့ စနေနေ့က နိုင်ငံတစ်ဝန်း ဖြစ်ခဲ့တဲ့ ၊ လူနေမှုစရိတ် မြင့်တက်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ထောင့်သုံးရာ ကျော် ဖမ်းဆီးခံခဲ့ရ - ယူကရိန်းဟာ သူ့ရဲ့ Starlink ဂြိုဟ်တုစနစ်ကို တိုက်ခိုက်ရေးဒရုန်း စစ်ဆင်ရေးတွေ အတွက် အသုံးပြုပြီး ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ နည်းပညာဆိုင်ရာ သူကြွယ်ကြီး အီလွန်မာ့စ်ခ် က စွပ်စွဲ - အမေရိကန်မှာ နိုဝင်ဘာ ၃ ရက်နေ့ လွှတ်တော်သက်တမ်းလယ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြင့်လုပ်ဆောင်နေပြီး သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ဟာ အိုဟိုင်းရိုး နဲ့ မီရှီဂန် ပြည်နယ်တွေမှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲတွေကို တက်ရောက်ခဲ့သလို သမ္မတ ထရမ့် ကတော့ ဖလော်ရီဒါမှာ ကြိုတင်မဲပေးပြီးနောက် ဂျော်ဂျီယာက ရီပတ်ဘလီကန်ပါတီ မဲဆွယ်ပွဲကို သွားရောက်ခဲ့ - ယီမင် နိုင်ငံမှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကို တိုက်ခိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ဆော်ဒီအာရေဗျ တောင်ပိုင်းကို ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်း ဒုံးကျည် ၁၀ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြော
- ဘရာဇီး သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ လက်ဝဲယိမ်းသမ္မတ လူလာ ဟာ ဒီလအစောပိုင်းက ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ လက်ယာယိမ်း အထက်လွှတ်တော်အမတ် Flávio Bolsonaro ဖလာဗီယို ဘိုဆွန်နာရူး နဲ့ ယှဉ်ပြိုင်နေ - အိန္ဒိယမှာ အငြင်းပွားဖွယ် ရေအားလျှပ်စစ်ဆည် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၂၅၀ ခန့်ကို နိုင်ငံအရှေ့မြောက်ပိုင်း အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ဆီ စေလွှတ်ထားရ - ဗြိတိသျှ ဝန်ကြီးချုပ် အန်ဒီဘာနမ် က ဥရောပသမဂ္ဂ ရဲ့ လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို ဗြိတိန်အနေနဲ့ ပြန်ကျင့်သုံးမယ့် အစီအစဉ်ကို ဆန့်ကျင်မှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားလိုက်တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Sun, 25 Oct 2026 - 4021 - ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးနောက် အဖွဲ့ကို ဖျက်သိမ်းလိုက်တာလို့ သတင်းတွေ ထွက်နေ
- ရခိုင်ပြည် ပေါက်တောနယ်ထဲက ငပြီကျွန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ထက်မနည်း လုပ်ခဲ့ - စစ်ကိုင်းတိုင်း ကန့်ဘလူမှာလဲ ထန်းတောရွာကို လေကြောင်းကနေ ဗုံးကြဲခံခဲ့ရလို့ မိသားစု ၅ ယောက် သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ပြော - အမေရိကန်နဲ့မြန်မာတို့ တွေ့ဆုံမှုရှိလာတာကို ထောက်ခံတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ပြော - ပြင်သစ်မှာ လူနေမှုစရိတ်မြင့်လာတာနဲ့ စာသင်ကျောင်း အခြေအနေတွေကို မကျေနပ်လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေရာမှာ လီယွန် မြို့မှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးသုံး လူစုခွဲ - ဆော်ဒီအာရေဗျ ဟာ အီရန်ထောက်ခံမှုရရှိထားတဲ့ ယီမင် ဟူသီသူပုန်အဖွဲ့ ထိန်းချုပ်ရာ ပင်လယ်နီ ကမ်းခြေ ဆိပ်ကမ်းမြို့ မိုခါကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ခန့်လုပ်ခဲ့ပြီး တေ့ဇ် မြို့နားက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဟူသီမီဒီယာတွေမှာဖော်ပြထား - အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသ ဟီဘရွန်း မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က အစ္စရေး စစ်သားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ပါလက်စတိုင်း နေအိမ်တွေ ဘူဒိုဇာတွေနဲ့ ဖြိုဖျက် ခံခဲ့ရသလို မိသားစု ၂၅၀ ခန့်ကို နေအိမ်တွေကနေ အတင်းအကျပ် ရွှေ့ပြောင်းခိုင်း - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တရုတ်နယ်စပ်မြို့တစ်မြို့ကို မမျှော်လင့်ဘဲ ရောက်လာခဲ့ပြီး ဒန်ဒေါင်း မြို့မှာ စစ်အထိမ်းအမှတ်နေရာတစ်ခုနဲ့ စက်ရုံတစ်ရုံကို သွားရောက်ကြည့်ရှုကာ တရုတ် အကြီးတန်း နိုင်ငံရေးအကြံပေး Wang Huning ဝမ်ဟူနင်း နဲ့တွေ့ဆုံ - ချမ်ပီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ် အရှေ့မြောက်ကမ်းရိုးတန်းကို ဝင်ရောက် ရိုက်ခတ်ခဲ့ပြီး သစ်ပင်တွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြိုလဲကာ လူတယောက် ပင်လယ်ထဲ မျော သေဆုံးခဲ့သလို လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်မှုတွေကြောင့် လူ အယောက် ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရ - FIFA ဥက္ကဋ္ဌ Gianni Infantino က သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်သင့် သလား ဆိုတဲ့ မေးခွန်းကို ရယ်မောပြီး ပယ်ချခဲ့ပြီး FIFA ကို ဦးဆောင်ဖို့ သူ့ဟာ သင့်တော်မှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး “လူအများ” သဘောထားကို လေးစားသင့်တယ်လို့ BBC နဲ့ မေးမြန်းခန်း မှာ Mr Infantino ပြောတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Sat, 24 Oct 2026 - 4020 - လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတွေကို စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြောင်းအလဲလုပ်
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ဟာ မိခင်နဲ့ ငါးနှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် ဖုန်းစကားပြောခွင့်ရခဲ့ - ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ “မူအားဖြင့် အဆင်သင့်ရှိတယ်” လို့ ရုရှားက ပြောပြီး သမ္မတ ထရမ့် ကလည်း စစ်ပွဲအဆုံးသတ်ဖို့ အရင်ကထက် ပိုနီးစပ်လာနိုင်တယ်လို့ ပြောခဲ့ပြီး နာရီပိုင်းအကြာမှာ ယူကရိန်းကို ရုရှားဒုံးကျည်တွေနဲ့ မနေ့ ညလုံးပေါက် ထပ်မံ တိုက်ခိုက် - အမေရိကန်နဲ့ အစ္စရေးစစ်တပ်တွေက အကြီးစားတိုက်ခိုက်မှုသစ်တွေ လုပ်ဖို့ အစီအစဉ်တွေ ရေးဆွဲထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အီရန်နဲ့ အမေရိကန်ကြား “မကြာခင် တစ်စုံတစ်ရာ ဖြစ်လာမယ်” လို့ သမ္မတ ထရမ့် က ပြော - အမေရိကန်မှာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် တောင်ကယ်ရိုလိုင်းနားက သမ္မတ ထရမ့် တက်ရောက်တဲ့ လူထုစုဝေးပွဲကို ဆန္ဒပြသူတွေ အကြိမ်ကြိမ် နှောင့်ယှက်ခံခဲ့ရ - ဆော်ဒီနိုင်ငံပိုင် ရေနံကုမ္ပဏီ Aramco က နိုင်ငံအရှေ့ပိုင်း Dhahran မြို့မှာရှိတဲ့ ဌာနချုပ် ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြ - အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်လုံး ထိုင်ဝမ်ဘက်ကို ဦးတည်လာနေလို့ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၅၀ ကျော် ဖျက်သိမ်းထားပြီး လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်ကာ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထား - ဗြိတိန်နိုင်ငံဟာ အာတိတ်ဒေသကို ကာကွယ်ဖို့ ကြိုးပမ်းရာမှာ သိသာထင်ရှားတဲ့ အားနည်းချက်တွေ ရှိနေတယ်လို့ ဗြိတိန်ပါလီမန်ကော်မတီတစ်ရပ်က သတိပေး - ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက် ချထားပေးခဲ့တဲ့ ပြန်လည်တည်ဆောက်ရေး ကန်ထရိုက်တွေကနေ မာဖီးယားပုံစံ ရာဇဝတ်ဂိုဏ်းတွေ ငွေထုတ်ယူနိုင်အောင် ကူညီ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရသူ ၈ ဦးကို အီတလီနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ အကြောင်း
Sat, 24 Oct 2026 - 4019 - စစ်တွေမြို့လယ်ခေါင် ဗုံးနှစ်လုံး ကျလို့ အရပ်သား ခုနစ်ဦး သေဆုံး ၊ ရှမ်းမြောက် ယဥ်ကျေးမှု ကိုးကန့် ခြိမ်းခြောက်တာကို ကန့်ကွက်Fri, 23 Oct 2026
- 4018 - တပ်မတော် နည်းပညာတက္ကသိုလ်နယ်မြေတိုးချဲ့ဖို့ဆိုပြီး နေအိမ် ၁၀၀၀ ကျော်ပါဝင်နေတဲ့ မြေဧကနှစ်ရာကျော်ကို သိမ်းယူမယ်လို့ စာကပ်သွား
- ရုရှား သမ္မတ ပူတင် အမေရိကန်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပြန်စဖို့ စိတ်ဝင်စား တယ်လို့ ပြောပြီး ဒေါ်နယ် ထရမ့် နဲ့ တွေ့ဆုံဖို့ အဆိုပြု - ဟန်ဂေရီဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဂျော်ဂျီ မာတော်ချီ ကို လိမ်လည်မှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထား - တောင်တရုတ်ပင်လယ်ထဲက ပရာတက်စ်ကျွန်းစု တစ်ဝိုက် အခြေအနေတည်ငြိမ်အောင် တရုတ်ကမ်းခြေစောင့်တပ်က ထိန်းသိမ်းနေတယ်လို့ တရုတ်အစိုးရက ပြော - ဗြိတိန်မှာ သဘာဝပတ်ဝန်းကျင်လှပမှု နာမည်ကြီးတဲ့ Lake District က ဝင်ဒါမီယာ အရပ်မှာ ကန်ထဲ မိလ္လာနဲ့ ရေဆိုးစီးဆင်းမှုကြောင့် ရေညှိစိမ်းလွှမ်းနေမှုကို အဖြေရှာ စီစဉ်နေပြီ - အိန္ဒိယက အန်ဘာနီသူကြွယ်ကြီး ရှယ်ယာတွေ စထုတ်ရောင်းနေ - တရုတ်က စတားဘက်ဂ် ဆိုင်တွေမှာ ထိုင်မယ်ဆိုရင် ပစ္စည်းတခုခု အရင်ဝယ်ရမယ့် မူကိုစတင်ကျင့်သုံး - တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့က Bukang-i ဘူကောင်းအိလို့ အမည်ပြောင်ပေးထားတဲ့ အရှည် သုံးမီတာခွဲရှိတဲ့ ငါးမန်းကြီး ရေမြောင်းထဲကနေ လွတ်မြောက်သွားပေမယ့် ဘယ်ရောက်နေမှန်းမသိတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Wed, 21 Oct 2026 - 1194 - Monday EveningMon, 31 Dec 2018
Podcasts semelhantes a ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Hondelatte Raconte Europe 1
Affaires sensibles France Inter
LEGEND Guillaume Pley
CHRONIQUES CRIMINELLES Jacques Pradel - TF1
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Entrez dans l'Histoire RTL
Le grand récit RTL
L'Heure Du Crime RTL
El Larguero SER Podcast
Nadie Sabe Nada SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
နံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ ဗွီအိုအေ
The News Agents Global
The Rest Is Politics: US Goalhanger
Ukraine: The Latest The Telegraph
Global News Podcast BBC World Service
The Rest Is Politics Goalhanger
James O'Brien - The Whole Show Global
The Rest Is Entertainment Goalhanger
The Andrew Neil Report Times Radio
Americast BBC News
C dans l'air France Télévisions
MOATS with George Galloway Molucca Media Ltd
Newscast BBC News
Les Grosses Têtes RTL
Spektrum RSG
Steve Allen - The Whole Show Global
La Zanzara Radio 24
Poranna rozmowa w RMF FM RMF FM
The News Agents - USA Global
Morning Joe Joe Scarborough, Mika Brzezinski, MS NOW, Willie Geist
Iran: The Latest The Telegraph